Starbucks က ၂၀၃၀ တွင် ဆိုင်ခွဲပေါင်း ၅၅,၀၀၀ အထိ တိုးချဲ့သွားမည်

Share

ကမ္ဘာကျော် ကော်ဖီ chain ကြီး တခုဖြစ်သည့် Starbucks သည် ကမ္ဘာ့နေရာအသီးသီးရှိ ဖွင့်လှစ်ထားသော ကော်ဖီဆိုင်များကို ၂၀၃၀ တွင် အရေအတွက် ၅၅,၀၀၀ အထိ တိုးမြှင့်သွားရန် စီစဉ်နေသည်ဟု အမှုဆောင်ချုပ်ဖြစ်သူ လက်ဆ်မန်း နာရာဆီမန် (Laxman Narasimhan) က ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။

ထို့အပြင် ကုမ္ပဏီသည် လာမည့် ၃ နှစ်အတွင်း ကုန်ကျစရိတ် သက်သာမှုကို ဒေါ်လာ ၃ ဘီလျံ ကျော်အထိ ရရှိရန် ရည်မှန်းထားကြောင်း ကုမ္ပဏီ၏ Reinvention Update and Holiday Launch တွင် ထည့်သွင်းပြောကြားခဲ့သည်။

Starbucks သည် လက်ရှိ နိုင်ငံပေါင်း ၈၄ နိုင်ငံခန့်တွင် ကော်ဖီဆိုင်ပေါင်း ၃၅,၇၀၀ ကျော်ကို ဖွင့်လှစ် လည်ပတ်လျက်ရှိပြီး ဆိုင်အများစုမှာ အမေရိကန်ပြည်ထောင်စုတွင် ဖြစ်သည်။
ဗြိတိန်တွင် ၂၀၂၂ ခုနှစ် အချက်အလက်များအရ ဆိုင်ခွဲပေါင်း ၁၁၅၆ ဆိုင်ရှိပြီး ယင်းတို့ထဲမှ ၈၃၈ ဆိုင်မှာ မိခင်ကုမ္ပဏီထံမှ ခွင့်ပြုချက်ယူ တဆင့်ပြန်လည်ရောင်းချသော franchise လုပ်ငန်း အမျိုးအစားများ ဖြစ်သည်ဟု သိရသည်။

ဆိုင်ခွဲသစ်ဖွင့်လှစ်မှုများနှင့် အတူ စရိတ်သက်သာရေး အစီအစဉ်များကြောင့် အလုပ်အကိုင်နေရာနှင့် ၁ နာရီလုပ်ခနှုန်းထား အပြောင်းအလဲများလည်း ရှိလာနိုင်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Statista, Britannica
Image: taste of home

%d bloggers like this: