0

အမေရိကန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ဝက်သားထွက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ Smithfield ဟာ သူတို့ရဲ့ အကြီးဆုံးစက်ရုံကို ပိတ်ထားတော့မည်

Share

         တောင်ပိုင်း ဒါကိုတာ ပြည်နယ်မှာ ရှိတဲ့ သူတို့ရဲ့ စက်ရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၃၈ ယောက်ရှိလာပြီးတဲ့နောက်မှာ ပြည်နယ် အုပ်ချုပ်ရေးမှူးက စက်ရုံကိုပိတ်ထားဖို့ ဖိအားပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်အရတော့ ဒီစက်ရုံက ကူးစက်ခံရတဲ့ အလုပ်သမားအရေအတွက်ဟာ သူတို့တပြည်နယ်လုံး ကူးစက်ခံရသူအရေအတွက်ရဲ့ ၅၅ ရာခိုင်နှုန်းတောင်ရှိနေတာကြောင့် မလိုလားအပ်တဲ့ ထပ်မံပြန့်ပွားမှုတွေ မဖြစ်ရအောင် စက်ရုံကို ၂ပတ်လောက်ပိတ်ထားဖို့ ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ခုပိတ်လိုက်ရတဲ့ စက်ရုံဟာ Smithfield ကုမ္ပဏီအောက်မှာ လည်ပတ်နေတဲ့ အကြီးဆုံးစက်ရုံဖြစ်သလို နိုင်ငံထဲမှာလည်း အကြီးဆုံးဖြစ်ပြီး အမေရိကန် ဝက်သားဈေးကွက် တစ်ခုလုံးရဲ့ ၅ရာခိုင်နှုန်းဟာ ဒီစက်ရုံတစ်ခုထဲက လာတာဖြစ်ပါတယ်။
          Smithfield ကုမ္ပဏီဘက်ကတော့ ခုလို စက်ရုံကိုပိတ်လိုက်ရတဲ့အတွက် သူတို့အနေနဲ့ ဆုံးရှုံးမှုကြီးကြီးမားမား မဖြစ်ပေမဲ့ စားသုံးသူဈေးကွက်မှာတော့ ဝက်သားနဲ့ ဝက်သားထွက်ပစ္စည်း ပြတ်လပ်မှုတွေ ဖြစ်သွားမှာကို စိုးရိမ်နေပါတယ်။ သူတို့အနေနဲ့ ကပ်ရောဂါ စပြန့်လာကတည်းက သူတို့ရဲ့ စက်ရုံတွေကို ဆက်လည်ပတ်မလား၊ နားထားမလား ရွေးချယ်ရချိန်မှာ ပြည်သူတွေကို စားနပ်ရိက္ခာ ပြတ်လပ်မှုပါ မကြုံစေချင်တဲ့အတွက် ဆက်လက်လည်ပတ်နေဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါပေမဲ့ ခုတော့ ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမှာဖြစ်ပြီး စက်ရုံမှာရှိတဲ့ အလုပ်သမား ၃၇၀၀ ကိုလည်း ဒီ၂ပတ်အတွက် လစာအပြည့်ပေးချေမှာ ဖြစ်တယ်လို့သိရပါတယ်။ အမေရိကန်နိုင်ငံမှာ ခုဆို Smithfield အပါအဝင် တခြား အသားထုတ်လပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Tyson Foods Inc, Cargrill Inc စတာတွေလည်း သူတို့ရဲ့စက်ရုံတွေကို ပိတ်လိုက်ပြီဖြစ်တဲ့အတွက် ဈေးကွက်အတွင်း စားနပ်ရိက္ခာပြတ်လပ်မှုကို ကြီးကြီးမားမားကြုံရဖို့ရှိနေပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Bloomberg

%d bloggers like this: