0

၇နှစ်အတွင်း အမြင့်ဆုံးရောက်လာခဲ့သည့် ဆန်ဈေးနှုန်း

Share

ကမ္ဘာ့ဆန်ဈေးနှုန်းသည် ၇ နှစ်အတွင်း အမြင့်ဆုံးရောက်ခဲ့ပြီး ကိုရိုးနားဗိုင်းရပ်စ်ရောဂါကြောင့် export တင်ပို့မှုရပ်နားထား၍ သွင်းကုန်သမားများမှာ ကျန်ရှိနေသော ဆန်များကို အလောတကြီး သိုလှောင်နေကြသောကြောင့်ဖြစ်သည်။ နိုင်ငံများတွင် ဆန်စပါးလုံလောက်မှုရှိသော်လည်း အလုပ်သမားအင်အား လျော့နည်းနေခြင်းနှင့် စပါးသိုလှောင်ထားခြင်းတို့ကြောင့် ဆန်ဈေးနှင့် ဂျုံဈေးများ မြင့်တက်လာခဲ့သည်။

ထိုင်းဆန်စပါးတင်ပို့သူများအသင်း (Thai Rice Exporters Association) ၏ပြောကြားချက်အရ မတ်လ ၂၅ ရက်နေ့မှ ဧပြီ ၁ရက်နေ့ထိ ဆန်ဈေးသည် မူလသတ်မှတ်ထားသည့် ဈေးနှုန်းထက် ၁၂%မြင့်တက်ခဲ့သည်။ Reuters ၏ data အရ ဆန်ဈေးသည် ၂၀၁၃ခုနှစ် ဧပြီလနောက်ပိုင်းတွင် အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း သိရသည်။

ဆန်ဈေးမြင့်တက်ခြင်းသည် ထိုင်းဆန်ဝယ်လိုအား မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး ဆန်အဓိက တင်ပို့နေသော အိန္ဒိယ နှင့် ဗီယက်နမ်တို့သည်လည်း တကမ္ဘာလုံးတွင် ပျံ့နှံနေသော ကိုရိုးနား ဗိုင်းရပ်စ်ကြောင့် ပို့ကုန်လုပ်ငန်းများ ရပ်နားထားသဖြင့် ဆန်တင်ပို့မှု ပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။ အာရှသည် တမ္ဘာလုံး၏ ဆန်ထုတ်လုပ်မှု နှင့် စားသုံးမှု ၉၀%ရှိသည်။
အိန္ဒိယနိုင်ငံရှိ ဆန်ကုန်သည်များသည် အလုပ်သမားရှားပါးမှုနှင့် တင်ပို့သည့်လုပ်ငန်းစဉ်များ ရပ်နားထားမှုကြောင့် ဆန်တင်ပို့ရန် စာချုပ်အသစ်ချုပ်ဆိုမှုများအား ရပ်တန့်ထားကြောင်း Reuters မှဆိုသည်။ ဗီယက်နမ်အစိုးရသည်လည်း ပို့ကုန်များကို ရပ်နားခိုင်းထားသည်။

ထိုင်းဆန်စပါးတင်ပို့သူများအသင်းက ဆန်စပါး လုံလောက်မှုရှိသော်လည်း ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများသည် ဗိုင်းရပ်စ်ရောဂါကြောင့် နေရပ်ပြန်သွားသည့်အတွက် အလုပ်သမားလုံလောက်မှုမရှိသည့် ပြဿနာကြုံတွေ့နေရကြောင်း ဆိုသည်။
ဆန်စပါးထုတ်လုပ်ရေးသည် အခြားစားသောက်ကုန်လုပ်ငန်းများနှင့်မတူပဲ ပျိုးချိန်ရိတ်သိမ်းချိန် ရာသီအတိုင်းသာ စိုက်ပျိုးရသည့်အတွက် တနိုင်ငံလုံး Lockdown ပြုလုပ်ခြင်းနှင့်တိုက်ဆိုင်နေသောကြောင့် ဆန်စပါးထုတ်လုပ်ရေးလုပ်ငန်းအား ရိုက်ခတ်မှုကြီးမားနေသည်။ ပျိုးချသည့်ရာသီကျော်လွန်သွားပါက ရိတ်သိမ်းရာသီလည်းရှိတော့မည်မဟုတ်သလို တနှစ်ပတ်လုံးအတွက် ဆန်ထွက်ရှိမှာ မဟုတ်တော့ပါဘူး ဟု Mohanty ကဆိုသည်။

မြောက်အမေရိက၊ ဥရောပနှင့် တရုတ် တို့တွင် နွေဦးရာသီ စိုက်ပျိုးရေးလုပ်ငန်းစဉ်များအတွက် အလုပ်သမားအင်အားပြတ်တောက်ခြင်း၊ supply chain များရပ်တန့်နေခြင်းတို့ကြုံတွေ့နေရသည်။ ယခုချိန်ခါသည် ကမ္ဘာတဖက်ခြမ်းရှိ အိန္ဒိယနှင့် တောင်အာရှနိုင်ငံများတွင် ဆောင်းတွင်းတွင်စိုက်ပျိုးခဲ့သည့် ဂျုံ၊ အာလူး၊ ဝါဂွမ်းနှင့် အခြားသီးနှံများအား ရိတ်သိမ်းရမည့် အချိန်ဖြစ်သည်။ လယ်သမားများမှာ ကောက်ရိတ်သိမ်းသည့် အလုပ်များအတွက် ပြောင်းရွှေ့လုပ်သားများ လိုအပ်လျက်ရှိသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ စားသောက်ကုန် တင်သွင်းမှုသည် မြင့်တက်လာခဲ့သော်လည်း quarantine တိုင်းတာ လုပ်ဆောင်ချက်များကြောင့် ပို့ဆောင်ရေး အခက်အခဲများစွာလည်းရှိနေသည်ဟု International Grain Council ကပြောကြားခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC news

%d bloggers like this: