ဖိလစ်ပိုင် ငှက်ပျောသီးများ ဈေးတက်တော့မည်ဖြစ်ကြောင်း ဂျပန်ဈေးကွက်သို့ အသိပေး

ဂျပန်သည် ဖိလစ်ပိုင်ငှက်ပျောသီးများ၏ အဓိက ဈေးကွက်ကြီးဖြစ်ပြီး ယခုအခါ ဖိလစ်ပိုင်သည် ၎င်းတို့၏ အဓိက စားသုံးသူများထံ အရေးကြီးသော ခြေလှမ်းသစ်အဖြစ် ဈေးနှုန်း တိုးမြှင့်မှုကို လက်ခံပေးရန် တောင်းဆို အသိပေးလိုက်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ထုတ်လုပ်မှု ကုန်ကျစရိတ်များနှင့် သယ်ယူပို့ဆောင်ခနှုန်းထားများ မြင့်တက်လျက်ရှိရာ ယခင်အတိုင်း ငှက်ပျောသီးများကို တင်ပို့နိုင်ရန်အတွက် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ရခြင်းသည် မျှတသည်ဟု ယူဆကြောင်း ဂျပန်ရှိ ဖိလစ်ပိုင်သံရုံး တာဝန်ရှိသူတစ်ဦးက အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

ဂျပန်ရှိ ဆူပါမားကတ်များနှင့် သစ်သီးတင်သွင်းသူများ ပါဝင်သော ဂျပန်လက်လီဈေးကွက် လုပ်ငန်းရှင်များအသင်းသို့ ဖိလစ်ပိုင် သံရုံးက ယခုကဲ့သို့ တောာင်းဆိုမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်ပြည်သူများအနေဖြင့် ယန်းတန်ဖိုးကျဆင်းခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို ခံစားနေရချိန်တွင် ထွက်ပေါ်လာသော သတင်းတစ်ပုဒ်လည်း ဖြစ်သည်။

ဂျပန်တွင် ဖိလစ်ပိုင် ငှက်ပျောသီးများသည် ရေပန်းစားသော သစ်သီးတစ်မျိုးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စ၍ တစ်လုံးလျှင် ယန်း ၂၅၀ဖြင့် တသတ်မတ်တည်း တည်ရှိလာခဲ့သော် ဈေးနှုန်းကို ယခုအခါ ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှု၊ ရုရှား-ယူကရိန်း ပဋိပက္ခ၏ ရိုက်ခတ်မှုများကြောင့် မဖြစ်မနေ မြင့်တက်ရခြင်းအတွက် နားလည်ပေးသင့်ကြောင်း ဖိလစ်ပိုင်အစိုးရက ယူဆသည်။

၂၀၂၁ခုနှစ်၏ ကုန်သွယ်မှု အချက်အလက်များအရ ဖိလစ်ပိုင်သည် ဂျပန်၏ အဓိက ငှက်ပျောတင်သွင်းသူဖြစ်ပြီး ဈေးကွက်၏ ၇၆ ရာခိုင်နှုန်းခန့်ကို တင်ပို့ခဲ့ကာ တန်ချိန်အားဖြင့် ၈၄၄ သန်းအထိရှိခဲ့သည်။

၎င်း၏နောက်တွင် အီကွေဒေါ နိုင်ငံက ၁၁ ရာခိုင်နှုန်းနှင့် မက္ကဆီကိုက ၆.၆ ရာခိုင်နှုန်းဖြင့် အသီးသီး ရပ်တည်နေကြောင်း သိရသည်။

ဂျပန်အစိုးရ၏ အချက်အလက်များအရ ဂျပန်ပြည်သူများ၏ ငှက်ပျောသီးစားသုံးမှုနှုန်းမှာ အိမ်ထောင်တစ်စုအနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ၁၉ ကီလိုခန့်ရှိပြီး ငှက်ပျောသီးသည် စုစုပေါင်း သစ်သီးဝလံ စားသုံးမှု၏ လေးပုံတစ်ပုံခန့်ကို နေရာယူထားသည်ဟု ဖော်ပြထားသည်။

ဂျပန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံး၏ စိုက်ပျိုးရေးကဏ္ဍ တာဝန်ခံ ဟိုဆေး လာကွီရန်က ဖိလစ်ပိုင် ငှက်ပျောစိုက်တောင်သူများအနေဖြင့် အထွေထွေ စရိတ်မြင့်တက်မှုကို တာဝန်ယူ၍ သန့်ရှင်းလတ်ဆတ်သော ငှက်ပျောသီးများကို ဂျပန်သို့ တင်ပို့ပေးလျက်ရှိရာ စားသုံးသူများက ငွေအနည်းငယ် ပိုပေးခြင်းသည် မျှတသည့် ဈေးကွက်သဘောဖြစ်ကြောင်း သူက ဆိုသည်။

သည့်အပြင် ယခုကဲ့သို့ ဖိလစ်ပိုင်က ငှက်ပျောများ ဈေးနှုန်းမြင့်တက်သွားသဖြင့် ပြိုင်ဘက် လက်တင်အမေရိကန် နိုင်ငံများက ဈေးကွက်ဝေစု ဝင်ယူသွားဖွယ် ရှိသည့် အခြေအနေကို သူ့တို့အနေဖြင့် တွက်ဆမိကြောင်း လာကွီရန်က ဆိုခဲ့ပြီး သယ်ယူပို့ဆောင်မှု နီးကပ်ခြင်းကြောင့် ဖိလစ်ပိုင် ငှက်ပျောသီးများသည် ပိုလတ်ဆတ်သည့်အတွက် ပြိုင်ဘက်များကို မှုနေမည် မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Jakarta Post
Photo: Taiwan News

Leave a Reply

Your email address will not be published.