0

အိန္ဒိယ၏ သကြားအထွက်နှုန်း ယခုနှစ်တွင် ကျဆင်းဖွယ်ရှိပြီး ထိုင်းသကြားများ ဈေးကောင်းရနိုင်

Share

ယခုနှစ်တွင် အိန္ဒိယ၌ ရာသီဥတု ဖောက်ပြန်မှုများကြောင့် ကြံများ အရင့်မြန်ပြီး အလေးချိန်လျှော့ကျကုန်သဖြင့် ယခုနှစ်ကြံ အထွက်နှုန်းသည် အိန္ဒိယ အစိုးရနှင့် ကြံစိုက်တောင်သူများ မျှော်မှန်းထားသလို အထွက်နှုန်း ရရှိရန် မလွယ်ကူတော့ကြောင်း သိရသည်။

ကမ္ဘာ့သကြားထုတ်လုပ်မှု အများဆုံး ဒုတိယနေရာတွင် ရှိနေရာ အိန္ဒိယ၏ လျှော့ကျသွားသော သကြားထုတ်ကုန်များအတွက် ဘရာဇီးနှင့် ထိုင်းတို့က ကမ္ဘာ့သကြားဈေးကွက်သို့ ပိုမိုတင်ပို့ရဖွယ်ရှိပြီး ဈေးကောင်းရနိုင်ကြောင်း ဈေကွက်သုတေသီများက သုံးသပ်ကြသည်။

အိန္ဒိယသည် ယမန်နှစ်က သကြားတန်ချိန် ၃၅.၈သန်း ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် သကြားတန်ချိန် ၃၄သန်းမှ ၃၄.၃ သန်းအထိသာ ထွက်ရှိနိုင်တော့မည်ဟု သကြားထုတ်လုပ်သူများနှင့် သကြားတင်ပို့သူများ အသိုင်းအဝိုင်းက တွက်ချက်ထားသည်။

သို့သော် အိန္ဒိယ၏ ကြံထွက်ရှိမှု အများဆုံး ပြည်နယ်ဖြစ်သည့် မဟာရှ်ရတ္တရာ ပြည်နယ်နှင့် တတိယအများဆုံး ဖြစ်သည့် ကာနတ်တာကာ ပြည်နယ်တို့တွင် ကြံထွက်နှုန်းမှာ အလွန်ကျဆင်းနေသသည့်အတွက် တွက်ချက်ထားသည်ထက်ပင် သကြားအထွက်နှုန်း ပိုမိုကျဆင်းနိုင်ကြောင်း အချို့လုပ်ငန်းရှင်များက ယူဆထားသည်။

ရိုက်တာသတင်းဌာန၏ စုံစမ်းချက်အရ ကြံများအချိန်မတိုင်မီ ရင့်လာသည်ကို ပြည်နယ်များရှိ ကြံစိုက် တောင်သူ ဒါဇင်နှင့်ချီ၍ ကြုံနေရပြီး ကြံပင်များသည် ဆယ်လသားမှာပင် အချိန်မတိုင်မီ ရင့်သည့် လက္ခဏာများဖြစ်သော ပန်းပွင့်များ ပွင့်လာသည်ကို ကြုံရသည်ဟု ဆိုသည်။

စိုက်ပျိုးရေး ပညာရှင်များကတော့ ကြံများ ဖွံ့ဖြိုးရမည့်အချိန်တွင် ပုံမှန်မဟုတ်သည့် တိမ်ထူထပ်မှုများကြောင့် နေရောင်ခြည်ကောင်းစွာမရခြင်းက အပင်အားနည်းမှုကို ဖြစ်ပွားစေပြီး ထိုကဲ့သို့ အချိန်မတိုင်ခင် ရင့်၍ အလေးချိန်လျှော့ကျမှုကို ဖြစ်စေခြင်းဖြစ်သည်ဟု ကောက်ချက်ချသည်။

လက်ရှိတွင် အိန္ဒိယရှိ သကြားစက်တော်တော်များများသည် ကြံရရှိမှု နည်းပါးလျက်ရှိပြီဖြစ်ပြီး နိုင်ငံတဝှမ်းလုံးနှင့် ဆိုပါက ကြံရာသီမသိမ်းခင်မှာပင် လုပ်ငန်းရပ်သွားသည့် သကြားစက်ပေါင်း ၁၇ ခုထိရှိပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် အစိုးရ အရာရှိတစ်ဦးက ပြောသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Bangkok Post, Reuters
Photo: WUR

%d bloggers like this: