0

တရုတ်နိုင်ငံက ကပ်ရောဂါပြီးလို့ ပြန်ဖွင့်တဲ့ စားသောက်ဆိုင်တွေမှာ အသားတုအစားအသောက်များ ခေတ်စားနေ

Share

     ဒီအသားတုတွေက ပုံမှန်အသားတုတွေတော့ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံ Beyond Meat ဆိုတဲ့ အစားအသောက်ထုတ်လုပ်ရေးကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ပရုတင်းတွေပြည့်ဝပြီး တကယ့်အသားလိုအရသာရှိတဲ့ အသားတုတွေဖြစ်ပါတယ်။ မနေ့က ဗုဒ္ဓဟူးနေ့မှာ Beyond Meat ကုမ္ပဏီက သူတို့ဆီကထုတ်တဲ့ အသားတုတွေကို တရုတ်နိုင်ငံမှာရှိတဲ့ Starbucks ကော်ဖီဆိုင်တွေမှာ စတင်ဖြန့်ချိနေပြီ ဖြစ်တဲ့အတွက် ဝယ်ယူစားသုံးနိုင်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကပ်ရောဂါကနေ နာလန်ပြန်ထပြီးတဲ့နောက် ပြည်သူတွေကြားမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို အလေးပေးစားသုံးမှု မြင့်တက်နေတဲ့အတွက် ဒီအချိန်ဟာ သူတို့အတွက် အချိန်ကိုက်ပါပဲလို့ Beyond Meat ကပြောကြားခဲ့ပါတယ်။ ခုဆိုရင် သူတို့ဟာ တရုတ်နိုင်ငံတစ်ဝှမ်းရှိ Starbucks ကော်ဖီဆိုင်ပေါင်း ၃၃၀၀ မှာ သူတို့ရဲ အသားတုပုံစံ (၃)မျိုးကို ရောင်းချပေးမှာဖြစ်ပြီး အသားတုတွေအကုန်လုံးဟာ အသီးအရွက်တွေကို အခြေခံထားတဲ့အတွက် ရာနှုန်းပြည့်စိတ်ချရပါတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
     KFC ကြက်ကြော်ဆိုင်ကလည်း အားကျမခံ သူတို့ရဲ့ ပထမဆုံး အသီးအရွက်အခြေခံ အသားတုကြက်ကြော်ကို ဒီတစ်ပတ်တည်းမှာ စဖြန့်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်စမ်းသပ်တဲ့အနေနဲ့ ရောင်းချမှာဖြစ်တာကြောင့် ရှန်ဟိုင်း၊ ကွမ်ကျိုးနဲ့ ရှန်ကျန်းတို့လို မြို့ကြီးတွေမှာသာ ရနိုင်ပါဦးမယ်လို့ ပြောပါတယ်။ ဒီလို့ အနောက်တိုင်းအစားအစာ ရောင်းတဲ့ဆိုင်တွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသားတုတွေ ဈေးကွက်ထဲ အားသွန်ပြီးရောင်းချဖို့ကြိုးစားလာတာ အကြောင်းတော့ရှိပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၈ မှာ အာဖရိကဝက်တုပ်ကွေးရောဂါကြောင့် ဝက်မွေးမြူရေးလုပ်ငန်းတွေ တစ်ဝက်လောက်ပျက်စီးခဲ့ရပြီး အဲဒီကဖြစ်ပေါ်လာတဲ့ အသားရိက္ခာမလုံလောက်မှုကို ပြင်ပက ဝက်တွေတင်သွင်းပြီး ပြန်ကာဖို့ကြိုးစားခဲ့ပေမဲ့ ကိုရိုနာကပ်ရောဂါဖြစ်ပွားလာလို့ ဝက်တင်သွင်းမှုတွေလည်း ရပ်နားလိုက်ရပါတယ်။ ဒါကြောင့် အဲဒီကဖြစ်ပေါ်လာတဲ့ အသားဈေးကွက်လိုအပ်ချက်ကို အချိန်ကိုက်အသုံးချပြီး ဈေးကွက်ထိုးဖောက်ဖို့ Beyond Meat လို ကုမ္ပဏီတွေက ကြိုးစားကြတာပဲဖြစ်ပါတယ်။
     ဒါပေမဲ့ တရုတ်နိုင်ငံက ဈေးကွက်သုတေသနအဖွဲ့ တစ်ခုကတော့ ဒီလိုမျိုး စားသောက်ကုန်လုပ်ငန်းတွေအနေနဲ့ အသားတုတွေ ဈေးကွက်ကိုထိုးဖောက်ဖို့ကြိုးစားရာမှာ တော်တော်လေးတော့ ကြိုးစားရမယ်လို့ ခန့်မှန်းထားပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်လူမျိုးတွေဟာ ထမင်းစားရင် အသားမပါဘဲမစားကြသလို အသီးအရွက်တွေကိုလည်း အလျှံအပါယ်စားတဲ့အတွက် ဒီနိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် သက်သတ်လွတ်သမားလို့ ပြောပြီး အသားတုသီးသန့်စားကြတာ ရှားပါတယ်တဲ့။ ဒါကြောင့် တရုတ်လူမျိုးတွေအတွက်က တခြားဥရောပနိုင်ငံတွေလိုမျိုး အသားမဟုတ်တဲ့ ပရိုတင်းအစားအစားတွေ အရမ်းအဝယ်လိုက်ဖို့ဆိုတာတော့ ခက်မယ်လို့ သုံးသပ်ထားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC
Photo: KrAsia

%d bloggers like this: