0

Corona Beer ထုတ်လုပ်မှုရပ်ဆိုင်း။

Share

Mexico တွင် ကိုရိုးနားဗိုင်းရပ်စ်ပျံပွားနေမှုကြောင့် ကမ္ဘာတဝှမ်းတွင် ရောင်းအားအကောင်းဆုံး မက်စီကို ဘီယာတခုဖြစ်သည့် Corona ဘီယာထုတ်လုပ်မှုအား ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။ ဘီယာထုတ်လုပ်သော ကုမ္ပဏီဖြစ်သည့် Grupo Modelo မှဘီယာထုတ်လုပ်ရေးလုပ်ငန်းစဉ်နှင့် မားကတ်တင်းလုပ်ငန်းစဉ်များအား ရပ်နားထားမည့်အကြောင်းကို Twitter မှတဆင့် ကြေငြာခဲ့သည်။ ၎င်းထုတ်လုပ်ရေးကုမ္ပဏီအား Anheuser-Busch Inbev မှပိုင်ဆိုင်ပြီး Modelo နှင့် Pacifico ဘီယာများအား ထုတ်လုပ်လျက်ရှိသည်။

ဗိုင်းရပ်စ်ပျံ့ပွားမှုကို ကာကွယ်ရန်အတွက် ဧပြီလ ၃၀ ရက်နေ့အထိ အရေးကြီးကိစ္စများနှင့် မဖြစ်မနေလုပ်ဆောင်ရမည့် ကိစ္စများမှ အပ အိမ်ပြင်သို့မထွက်ကြရန် မက်စီကို အစိုးရမှ ယခုအပတ်အတွင်းကြေငြာခဲ့သည်။ Johns Hopkins ၏ထုတ်ပြန်ချက်အရ ယခုလက်ရှိအချိန်ထိ မက်စီကို နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅၀၀ ဦးနှင့် သေဆုံးသူ ၅၀ဦးထိ ရှိနေသည်။

Grupo Modelo အနေနှင့် အကယ်၍ အစိုးရ၏ ထုတ်ပြန်ချက်တွင် အရက်နှင့်အဖျော်ယမကာများအားလိုအပ်သည်ဟု ဖော်ပြထားလျှင် ဘီယာထုတ်လုပ်မှု မပြတ်တောက်ရေးအတွက် စီမံချက်များရေးဆွဲရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ Gropo Modelo ၏ဘီယာများကို အမေရိကန်နိုင်ငံတွင် Constellation Brands မှတာဝန်ယူ ဖြန့်ချိပေးလျက်ရှိပြီး ထုတ်လုပ်မှုရပ်ဆိုင်းမည့်အကြောင်းအား သောကြာနေ့မနက်တွင် ဆွေးနွေးရန်ရှိသည်ဟု သိရသည်။

တိုက်တိုက်ဆိုင်ဆိုင် ယခုဖြစ်ပွားနေသော ဗိုင်းရပ်စ်အမည်နှင့် ဆင်တူနေသော်လည်း ဘီယာရောင်းချမှုအပေါ်ထိခိုက်မှုမရှိဟု Constellation မှပြောကြားခဲ့သည်။ ယခုနှစ် ပထမ သုံးလပတ်အတွင်း ဘီယာရောင်းအား ၈.၉% မြင့်တက်လာခဲ့ပြီး Modelo နှင့် Corona တို့သည် ရောင်းအားအကောင်းဆုံး ဖြစ်သည်ဟု သိရသည်။ မတ်လဆန်းတွင် စတင်ဖြန့်ချိခဲ့သည့် Corona Hard Seltzer သည် တာထွက်ကောင်းနေကြောင်း ကုမ္ပဏီ၏ အမြတ်စာရင်းကဖော်ပြနေသည်။

ပြည်သူများအား အိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြီးသည့်နောက်ပိုင်းတွင် ဘီယာနှင့်အတူ အခြားအရက် brand များလည်း ယခုရက်ပိုင်းအတွင်း ရောင်းအားမြင့်တက်လာခဲ့သည်။ Nielsen ၏စာရင်းအရ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ဘီယာရောင်းအား ၃၄% ထိမြင့်တက်လာခဲ့ကြောင်း သိရသည်။

Source: CNN Business
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: