Photo: Burger King
ဒီမှိုတက်နေတဲ့ ဘာဂါပုံကို ဒီနေ့ (၁၉-၀၂-၂၀၂) နေ့လည်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး ဒီစတန့်ရဲ့ ရည်ရွယ်ချက်ကတော့ ဟမ်ဘာဂါ အပါအဝင် တခြား Fast Food တွေမှာ ပါဝင်နေတဲ့ ဓါတုပစ္စည်းတွေရဲ့ အန္တရာယ်ကို စားသုံးသူတွေ ပိုမို သတိပြုစေရန်ဖြစ်တယ်လို့ Burger King ကထုတ်ပြန်ထားပါတယ်။ သူတို့ ကုမ္ပဏီဟာ ဥရောပ ဈေးကွက်က သူတို့ဆိုင်တွေမှာ လူလုပ်ဓါတုပစ္စည်း ထည့်သွင်းရောင်းချနေမှုကို ရပ်တန့်လိုက်ပြီးနောက် ခုအခါ အမေရိကန်ဈေးကွက်ကိုပါ ထပ်မံအကောင်အထည် ဖော်ဖို့ ကြိူးစားနေတာပါ။
Burger King ရဲ့ နိုင်ငံတကာဈေးကွက်ထိုးဖောက်ရေး တာဝန်ခံ Fernando Machado ကတော့ ဒီလိုဆိုထားပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ရော စားသုံးသူတစ်ယောက် အနေနဲ့ပါ အစားအသောက်တွေရဲ့ သဘာဝအရသာနဲ့ လတ်ဆတ်မှုကို ခံစားစေချင်ပါတယ်။ ဒါကြောင့်လဲ ကျွန်တော်တို့ရဲ့ စားစရာတွေမှာ အရောင်၊ အနံ့၊ အရသာရှိအောင် ထည့်သွင်းကြတဲ့ ဓါတုပစ္စည်းတွေ အသုံးပြုမှုကို ရပ်တန့်ပြီး စားသုံးသူတွေကို သဘာဝအတိုင်း အန္တရာယ်ကင်းကင်းနဲ့ စားသုံးနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းနေကြတာပါလို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၉ က ရောင်းခဲ့တဲ့ ဘာဂါဟာ ၁၀နှစ်နီးပါးကြာတဲ့အထိ မှိုမတက်ဘဲ ရှိနေတဲ့ သတင်းဟာ အတော်လေး ဂယက်ရိုက်သွားခဲ့ဘူးပါတယ်။
ခုလို Burger King ကအစပြုလို့ တခြား စားသောက်ကုန်လုပ်ငန်းကြီးတွေကလည်း ပိုမို သဘာဝဆန်တဲ့ နည်းလမ်းတွေကို အပြိုင်အဆိုင် အသုံးပြုလာကြပါတယ်။ MacDonald’s ဘာဂါ ဆိုရင်လည်း သူ့ဆိုင်မှာ အရင်တုန်းက အမြဲအသုံးပြုခဲ့တဲ့ ကြာရှည်အေးခဲ အသားတွေအစား ပိုမိုလတ်ဆတ်တဲ့ အသားတွေပြောင်းလဲ အသုံးပြုတော့မယ်လို့ ကြေငြာထားပါတယ်။
တကယ်တော့ ဒီလို Fast Food လုပ်ငန်းတွေမှာ ဓါတုပစ္စည်းသုံးစွဲမှုကို ဝေဖန်နေကြတာ တော်တော်ကြာခဲ့ပါပြီ။ အိုက်စလန်နိုင်ငံမှာဆိုရင် လွန်ခဲ့တဲ့ ၂၀၀၉ က ရောင်းခဲ့တဲ့ ဘာဂါဟာ ၁၀နှစ်နီးပါးကြာတဲ့အထိ မှိုမတက်ဘဲ ရှိနေတဲ့ သတင်းဟာ အတော်လေး ဂယက်ရိုက်သွားခဲ့ဘူးပါတယ်။ ဒါကြောင့်လဲ Burger King ကသူ့ရဲ့ မှိုတက်နေတဲ့ ဘာဂါပုံကို “The Beauty of No Artificial Preservatives” လို့ နာမည်ပေးခဲ့တာပါ။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source : Business Insider