အခြား သောက်စရာများနှင့် ယှဉ်လျှင် Bubble Tea နဲ့ပေါင်းခံ၍နှပ်ထားသည့် ကော်ဖီက နေ့လည်စာနှင့် ညစာ အချိန်ကြားကာလတွင် အွန်လိုင်းမှ အလွန်အမှာများလာခဲ့သည်ဟု GradFood ရဲ့interview တခုမှာ ပြောဆိုခဲ့ပါတယ်။ app ကနေ တဆင့် မနက်စာနဲ့ညလယ်စာ အော်ဒါတို့ဟာ အလွန်များပြားလာတာကြောင့် Grab Food အနေနဲ့၂၄ နာရီ ဝန်ဆောင်မှု ပေးနိုင်အောင် ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။
Grab ဟာ အစားအသောက်ပို့ပေးတဲ့ ဝန်ဆောင်မှုကို ၂၀၁၆ စင်ကာပူမှာ စတင်ခဲ့ပေမဲ့ အခြားအာရှနိုင်ငံများတွင် ဈေးကွက်ရရှိထားပြီးသော UberEats ကိုဝယ်ယူခဲ့ကာ လျှင်မြန်စွာ ခြေဖြန့်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အရှေ့တောင်အာရှရှိ မြို့ကြီး ၂၀၀ ကျော်နှင့် နိုင်ငံ ၆ နိုင်ငံအနက် ၅ နိုင်ငံမှာ Market Leader အဖြစ်ဦးဆောင်နေပါတယ်။ အရှေ့တောင်အာရှရဲ့ဒုတိယ အစည်ကားဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ ဒေသတွင်း ပြိုင်ဘက်တဦးဖြစ်သူ GoJek နဲ့အကြိတ်အနယ် ယှဉ်ပြိုင်နေရပါတယ်။
Grab, GoJek နဲ့အခြား အင်တာနက်အခြေခံထားတဲ့ ကုမ္ပဏီများဟာ သူတို့ရပ်တည်ရှင်သန်ဖို့အတွက် အရေးအကြီးဆုံး အရာတခုကတော့ လူတွေက အင်တာနက် အသုံးပြုပြီး သူတို့ service ကို အသုံးပြုရတာဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများရဲ့အင်တာနက်မြန်နှုံးဟာ တရုတ် နှင့် အမေရိကန် တို့နှင့် ယှဉ်လျှင် အတော်ကို နှေးကွေးနေပါသေးတယ်။ ဒါပေမဲ့ ဒီအခက်အခဲဟာ နှစ်အနည်းငယ်အတွင်းမှာ ဈေးနှုံးချင်းယှဉ်ပြိုင်နေကြတဲ့ internet service ကုမ္ပဏီများနဲ့ပိုကောင်းလာတဲ့ စမတ်ဖုန်းများကြောင့် တဖြေးဖြေး တိုးတက်လာပါတယ်။
ဒါကြောင့်လဲ Supper App ၂ ခုဖြစ်တဲ့ Gran နဲ့Uber တို့ဟာ အချင်းချင်း ပြိုင်ဆိုင်မှုတွေကြောင့် ပိုမို သက်သာသော ဈေးနှုံးနှင့် ဆန်းသစ်သော ဝန်ဆောင်မှုတွေကို customer တွေဆီ ယူဆောင်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ပြိုင်ဆိုင်မှုတွေထက် local တွေကို နားလည်ဖို့က ပိုအရေးကြီးကြောင်း Grab နဲ့Uber က သက်သေပြခဲ့ပါတယ်။ Grab နှင့် Uber တို့ဟာ global players တွေဖြစ်တဲ့ Foodpand နှင့် Deliveroo တို့ကို ပုခုံးချင်းယှဉ်ရုံလောက်ပဲ မဟုတ်ပဲ သူတို့ကိုယ် သူတို့ဒေသတွင်းမှာ “hyperlocal” များအဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ ၂၀၁၂ အာရှမှာတုန်းက Uber က ရေခဲမုန့်သရည်စာများကို App ကတဆင့် နွေရာသီ တလျှောက်လုံးမှာ တစ်ရက်သာ မှာယူနိုင်တဲ့ “Ice Cream Day” အဖြစ် ကျင်းပခဲ့ပါတယ်။ ၂၀၁၅ မှာတော့ Grab က ဒူးရင်းသီး campaign တခုပြုလုပ်ခဲ့ပါတယ်။ ဒူရင်းသီးဆိုတာ တကမ္ဘာလုံးက အနံ့ပြင်းထန်ပြီး မကြိုက်ကြပေမဲ့ အာရှနိုင်ငံများမှာတော့ အလွန်ရေပန်းစားတဲ့ အသီးဖြစ်ပါတယ်။ ဒါကြောင့် Grab ရဲ့campaigh က ပိုမိုအောင်မြင်ခဲ့ပါတယ်။
Uber ကိုထိုးနှက်နိုင်လိုက်တာ လူတွေရဲ့culture ကို ပိုနားလည်လို့ပါ။ ဒါမျိုးကို ဘယ်အနောက် နိုင်ငံခြားသားက စဉ်းစားနိုင်မှာလဲ
လို့ Grab ရဲ့founder Tan က ပြောကြားခဲ့ပါတယ်။
Source: Entreprenure.com