သဘာဝအားဖြင့် ကဖိန်းဓါတ်လျော့ချထားသည့် အာရေဗီးကား ကော်ဖီမျိုးကို ထုတ်လုပ်နိုင်ရန်အတွက် စမ်းသပ်မှုအဆင့်များ စတင်နေပြီဖြစ်ကြောင်း ဘရာဇီး ကော်ဖီသုတေသန အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
Instituto Agronomico de Campinas (IAC) ဟု အမည်ရသည့် အဆိုပါ သုတေသနစင်တာသည် ဘရာဇီးရှိ.ထိပ်တန်းကော်ဖီသုတေသန အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘရာဇီးကို ထိပ်တန်းကော်ဖီတင်ပို့မှုနိုင်ငံဖြစ်လာစေရန် ၎င်းတို့စမ်းသပ်ထုတ်လုပ်ပေးခဲ့သည့် အထွက်တိုးကော်ဖီမျိုးများဖြင့် ယခင်ကလည်းအကျိုးပြုခဲ့ဖူးသည်။
အဆိုပါစင်တာရှိ သုတေသနပညာရှင်များ၏ အဆိုအရ ၎င်းတို့စုဆောင်းထားသည့် မျိုးစေ့ဘဏ်ထဲမှ သဘာဝအားဖြင့်.ကဖိန်းဓါတ်လျော့နည်းသည့် ကော်ဖီမျိုးများကို မျိုးစပ်ကာ ရရှိလာသည့် စမ်းသပ်ပျိုးပင်ကို ပျိုးခြံများတွင်.စတင်စမ်းသပ်စိုက်ပျိုးထားပြီဖြစ်ပြီး.အောင်မြင်ခဲ့ပါက စီးပွားရေးအရ.များစွာ.အကျိုးအမြတ်ရှိမည်ဟု ၎င်းတို့က ယုံကြည် ထားသည်။
လက်ရှိတွင်.ဥရောပနှင့် အမေရိကန်စျေးကွက်များရှိ ကဖိန်းလျော့ထားသည့် ကော်ဖီများသည် ဓါတုဗေဒနည်းများ၊ ကဖိန်းလျော့ချမှု နည်းလမ်းများဖြင့် ပြုပြင်ထားခြင်းဖြစ်ပြီး စားသုံးသူများအနေဖြင့်လည်း သဘာဝအားဖြင့် ကဖိန်းလျော့ချထားသည့် ကော်ဖီကို.ပိုမိုလိုလားလိမ့်မည်ဟု ပညာရှင်များကတွက်ဆကာ ယခုပရော့ဂျက်ကိုစတင်ခြင်းဖြစ်သည်။
ကော်ဖီသည် စတင်စိုက်ပျိုးပြီးချိန်မှစတင်.သုံးနှစ်ခန့်အကြာမှ ပထမဆုံးအသီးကို ဆွတ်ခူးနိုင်မည်ဖြစ်ရာ ယခုစမ်းသပ်ပျိုးပင်များက အသီးများကို ဆွတ်ခူးစမ်းသပ်သည့်.အဆင့်ရောက်လာရန် နှစ်အတန်ကြာစောင့်ရဦးမည် ဖြစ်သည်။
ကမ္ဘာပေါ်တွင်.ကော်ဖီသောက်သုံးသူ.အများစုသည် ကော်ဖီထဲရှိ ကဖိန်းဓါတ်ကပေးစွမ်းသော လန်းဆန်းမှုအာနိသင်ကို နှစ်ခြိုက်သောက်သုံးခြင်းဖြစ်သော်လည်း အချို့သူများမှာ ရင်တုန်ခြင်းနှင့် အိပ်မပျော်ခြင်းများကြောင့် ကဖိန်းနည်းသည့် ကော်ဖီကိုရွေးချယ်သောက်သုံးလေ့ရှိကြသည်။
အမေရိကန်တွင် စစ်တမ်းအရ ကဖိန်းလျော့ ကော်ဖီသောက်သုံးသူအရေအတွက်သည် ကော်ဖီသောက်သုံးသူ စုစုပေါင်း၏ 10ရာခိုင်နှုန်းအထိရှိပြီး ယခုကော်ဖီမျိုးသာ အောင်မြင်ပါက ကော်ဖီဆိုင်များအနေဖြင့်လည်း ယခင် ကဖိန်းလျော့ထားသော ကော်ဖီများကဲ့သို့ စျေးကြီးပေးဝယ်ရန်မလိုတော့ဘဲ သဘာဝအလျောက်.ထွက်ရှိခြင်းကြောင့် ပိုမိုစျေးနှုန်းချိုသာသွားမည်.ဖြစ်သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo : I Heart Brazil