ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အာလူး ထွက်ရှိမှု စံချိန်တင်ရရှိနေပြီး တန်ချိန် ၁၀.၄ သန်း ရရှိနေသည်။
သို့သော်လည်း ငွေကြေးဖေါင်းပွမှုနှင့် အတူ အာလူးဈေးများ ဆက်လက်မြင့်တက်နေပြီး ပုံသေဝင်ငွေ ရှိသူများနှင့် ဝင်ငွေနည်းပါးသူများအတွက် အာလူးဝယ်ယူနိုင်နှုန်းမှာ လျော့ကျလျက်ရှိသည်။
ဒါကာ ဈေးကွက်အတွင်း အာလူး ဈေးတန်းမှာ ၁ ကီလိုဂရမ်လျှင် ဘင်္ဂလားဒေ့ရှ်ငွေကြေး ၅ တာကာ (0.045 USD) မှ အမြင့်ဆုံးဈေး ၁ ကီလိုလျှင် ၄၅ တာကာ (0.41 USD) အထိ ရှိနေကြောင်း သိရသည်။
အဆိုပါဈေးနှုန်းများမှ ယမန်နှစ်ကထက် ၅၇% ပိုမို များပြားနေသည်ဟု ဒါကာ အခြေစိုက် မီဒီယာ ဒေးလီးစတားက ဖေါ်ပြခဲ့သည်။
ရက် ၉၀ ကျော် စိုက်ပျိုးရသော အာလူး အတွက် စိုက်ခင်းအမြောက်အများကို ပိုင်ဆိုင်သော လုပ်ငန်းရှင်များနှင့် လယ်သမားများသည် အာလူးမထွက်ရှိသည့် ကာလအတွက် ရည်ရွယ်ကာ ခူးဆွတ်ပြီး အာလူးများကို အအေးခန်း သိုလှောင်ရုံများတွင် သိမ်းဆည်းပြီး အမြင့်ဈေးရရန် ဖြည်းဖြည်းချင်း ထုတ်ရောင်းသည့် နည်းကိုသာ သုံးလျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်သည် အာရှတွင် အာလူး ထုတ်လုပ်မှု အများဆုံး အဆင့် ၄ အတွင်း ဝင်သော နိုင်ငံဖြစ်ပြီး ပျမ်းမျှအားဖြင့် ၁ နှစ်လျှင် အာလူး တန်ချိန် ၁ ကုဋေ (၁၀ သန်း) မှ ၁၁ သန်း အထိ ထွက်ရှိသော်လည်း ပြည်တွင်း စားသုံးမှု များ၍ ပြည်တွင်း အာလူး စားနှုန်းကပင် နှစ်စဉ် တန်ချိန် ၁၀ သန်း ဝန်းကျင်ရှိနေသည်။
ပြည်ပသို့ အာလူး တင်ပို့မှုမှာ ယမန်နှစ်က တန်ချိန် ၈ သိန်း (၁ သန်း မပြည့်) ရှိခဲ့သည်။
ကမ္ဘာပေါ်တွင် အာလူးကို တရုတ် နှင့် အိန္ဒိယ တို့က အများဆုံး ထုတ်လုပ်ကြပြီး နှစ်စဉ် တန်ချိန် ၉၄ သန်းဝန်းကျင် နှင့် ၅၄ သန်းကျော် အသီးသီးရှိကြသည်။
ပြီးခဲ့သည့် သီတင်းပတ်က စိုက်ပျိုးထုတ်ကုန်ကဏ္ဍတွင် အိန္ဒိယက လာမည့်နှစ်အတွက် သကြားတင်ပို့မှုကို ရပ်တန့်မည်ဟု ကြေညာထားသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: The Daily Star (Dhaka), Potato News Today, Asian News, Global Product Prices
Image: Potato Pro