0

Covid-19 ကြောင့်လေယာဉ်ပေါ်တွင် အရက်ယမကာများမရောင်းချတော့

Share

Lockdown ကာလတွင် အရက်ဘီယာရောင်းအားမြင့်တက်ခဲ့လိမ့်မည်ဖြစ်သော်လည်း လေကြောင်းခရီးစဉ်များပေါ်တွင် အရက်ယမကာ သောက်သုံးခွင့်မရှိတော့ပေ။

ဥရောပတွင် Easy Jet နှင့် KLM၊ အမေရိကားတွင် Delta Air Lines နှင့် American Airlines အပါအဝင် Asia’s Virgin Australia လေကြောင်းလိုင်းတို့သည် Covid-19 ကြောင့် အရက်ယမကာ ရောင်းချခြင်းတို့ကို ဆိုင်းငံ့ထားသည်။

လေယာဉ်အမှုထမ်းများနှင့် ခရီးသည်အကြား ထိတွေ့မှုဆက်ဆံရေးလျှော့ချရန်နှင့် အန္တရာယ်ကင်းသော ခရီးစဉ်များဖြစ်စေရန်အတွက် လေကြောင်းလိုင်း၏ ဝန်ဆောင်မှုတခုဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာ ဧည့်ခန်းခြင်းကဏ္ကအား ပြန်လည်ဆန်းစစ်လာခဲ့ခြင်းဖြစ်သည်။

လေကြောင်းလိုင်းအားလုံးလိုလိုတွင် Face Mask မဖြစ်မနေတပ်ဆင်ထားရန်လိုအပ်ပြီး ၂၀၂၀ ဇန်နဝါရီလမှစတင်၍ လူအချင်းချင်းထိတွေ့မှုလျှော့ချသည့် စည်းမျဉ်းစည်းကမ်း အသစ်များသည် လေကြောင်းလိုင်းအတွက် စိန်ခေါ်မှုများစွာရှိနေသည်။

လေကြောင်းလိုင်းအများစုသည် သောက်စရာရွေးချယ်မှုစာရင်းတွင် ရေတခုသာ ခွင့်ပြုထားသည်။ ခရီးသည်များ အစားအသောက် သုံးဆောင်နေစဉ်အချိန်ကလွဲ၍ အချိန်ပြည့် Face Mask တပ်ဆင်ထားရမည်ဖြစ်ပြီး မလိုအပ်ပဲ အစာပြေသုံးဆောင်ခြင်းကို တားမြစ်ထားသည်။

Virgin Atlantic လေကြောင်းလိုင်းက ခရီးသည်များကို face mask, ကြမ်းပြင်သုတ်ရန် တစ်ရှူး နှင့် hand-gel များပါဝင်သည့် “Health Packs” များထောက်ပံ့ပေးမည်ဖြစ်သည်။

နယ်သာလန်လေကြောင်းလိုင်း KLM ကအရက် နှင့် ကော်ဖီ လဖ္ဘရည်စသည့် သောက်စရာ အပူဖျော်ရည် ရောင်းချမှုကို တားမြစ်ထားပြီး ၉ နာရီထက် ကြာမြင့်သော ခရီးစဉ်များတွင်သာ ပူနွေးသည့် စားစရာများကိုကျွေးမွေးမည်ဖြစ်သည်။

အာရှတွင် ဟောင်ကောင်လေကြောင်း Cathay Pacific က သောက်စရာအားလုံးရရှိသော်လည်း အစာပြေသုံးဆောင်နိုင်သည့် အစားအသောက်ဘားကို ယာယီပိတ်ထားမည်ဖြစ်သည်။

Virgin Australia က ရေနှင့်မုန့်များ ကျွေးမွေးမည်ဖြစ်ပြီး ထပ်မံအစေားအသောက် ဝယ်ယူခြင်းကို ခွင့်မပြုထားပေ။

ထို့ကြောင့် အဆိုပါလေကြောင်းလိုင်းများနှင့် သင်ခရီးထွက်မည်ဆိုလျှင် ပြည့်စုံလုံလောက်သော အစားအသောက်နှင့်ဖျော်ရည်များယူသွားပါ။ Face Mask တပ်ဆင်ပါ။ သက်ဆိုင်ရာလေကြောင်းလိုင်း၏ စည်းကမ်းများကို ခရီးမထွက်မီ လေ့လာထားပါ။ ခန္ဓာကိုယ်ကို အမြဲရေဓါတ်မပြတ်အောင်နေထိုင်ပါ။ အခြားသူများနှင့် နီးကပ်စွာနေထိုင်ခြင်းကို ရှောင်ကြဉ်ပြီး အန္တရာယ်ကင်းသော ခရီးစဉ်များပိုင်ဆိုင်ကြပါစေ။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNN

%d bloggers like this: