Coronavirus outbreak ကြောင့် ကမ္ဘာတဝန်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ လူတွေနေ့တဒူဝ ထိတွေ့နေရတဲ့ အရာတွေကို ပြန်လည် ပြင်ဆင်ဖို့ တွန်းအားပေးနေပါတယ်။ အဓိက ကတော့ ပိုက်ဆံ တွေပါပဲ။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တောင်ကိုရီးယား ဗဟိုဘဏ်က သီတင်းပတ် ၂ ပတ်အတွင်း လည်ပတ်ခဲ့တဲ့ ပိုက်ဆံတွေကို ပြန်လည် သိမ်းယူနေပြီး အချို့ကို မီးရှို့ဖျက်ဆီးတဲ့အထိ ပြုလုပ်နေပါတယ်။ တရုတ်ပြည်တွင်းမှာလဲ ငွေစက္ကူတွေကို အပူချိန်မြင့်မားသော ultraviolet ဓါတ်ရောင်ခြည်နဲ့ အသေအချာ သန့်စင်ဆေးကြောမှုတွေ ပြုလုပ်နေပြီး အန္တရာယ် အများဆုံးနေရာဖြစ်တဲ့ ဆေးရုံတွေဆီကလာတဲ့ ငွေစက္ကူများကိုတော့ ဖျက်ဆီးပစ်လိုက်ပါတယ်။ ပါရီမြို့က the Louvre ပြတိုက်သို့ လာရောလည်ပတ်သူတွေဆီက ဝင်ကြေးငွေကို ယခုအပတ်မှ စတင်ပြီး ငွေသားနဲ့ လက်မခံတော့ပဲ credit card များဖြင့်သာ လက်ခံတော့မယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့တရုတ်ပြည်တွင်းမှာ mobile payment တွေဟာ ယခင်ကထက် ပိုမိုခေတ်စားလာပြီး နယ်ပယ်အသီးသီးမှာ လူအချင်းချင်းထိတွေ့မှုကို တတ်နိုင်သမျှ နည်းပါးစေဖို့ စနစ်အသစ်တွေကို အကောင်အထည် ဖော်လျက်ရှိပါတယ်။
တရုတ်ပြည်သူတွေဟာ အပြင်မထွက်တော့ဘဲ အစားအစာ delivery မှာယူမှု မြင့်တက်လာတာကြောင့် delivery company တွေအနေနဲ့ သူတို့ရဲ့ customers တွေနဲ့ဝန်ထမ်းတွေရဲ့လုံခြုံရေးအတွက် နည်းစနစ်အသစ်တွေကို ကျင့်သုံးလာကြပါတယ်။ အစားအစာမပို့မီ delivery အတွက် အသုံးပြုတဲ့ အစားအသောက် သယ်ဆောင်တဲ့ ပုံး၊ ကျောပိုးအိပ် စတာတွေကို ပိုးသတ်ဆေးရည်တွေနဲ့ဖြန်းထားပါတယ်။ ပို့ဆောင်တဲ့အခါ လူအချင်းချင်း ထိတွေ့မှုမရှိအောင် ပို့ဆောင်သူက စားစရာတွေကို တနေရာမှာထားရစ်ခဲ့ပြီး မှာထားသူက လာယူရပါတယ်။ စားစရာပါဆယ်အထုပ်ကို သေချာ ထုပ်ပိုးထားပြီး အစားအသောက်ကို နွေးပေးသူ၏ နံမည်အပြည့်အစုံ၊ လာရောက်ပို့ဆောင်တဲ့သူ၏ နံမည်အပြည့်အစုံကိုလဲ စာရွက်တခုပေါ်မှာ ဖော်ပြထားပါတယ်။ ငွေပေးချေမှုကိုတော့ online payment တွေကို အသုံးပြုကြပါတယ်။
Apple Pay, Google Pay, Samsung Pay, NFC စတဲ့နည်းပညာများမှ တဆင့် ငွေပေးချေနိုင်တဲ့ payment methods တွေဟာ ဗိုင်းရပ်စ်ပျံပွားမှုကို ကာကွယ်ရာမှာ အထောက်အကူ များစွာပြုနေပါတယ်။ တကယ်တော့ တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ် မဖြစ်ပွားခင်ကတည်းက (ငွေသားကင်းမဲ့သော အဖွဲ့အစည်း) Cashless Society ကြီးတခု ဖြစ်နေပါပြီ။ eMarketer ရဲ့အဆိုအရ တရုတ်လူဦးရေ ၅၀%ဟာ မိုဘိုင်းဖုန်းက တဆင့်ငွေပေးချေမှုတွေ ပြုလုပ်နေကြပြီး QR code ဖြင့် scan ဖတ်ပြီး ငွေပေးချေနိုင်တဲ့ WeChat နှင့် AliPay တို့ဖြင့်သာ အဓိက ငွေပေးချေကြတာပါ။ မိုဘိုင်းဖုန်းများနဲ့ ငွေပေးချေတာကြောင့် လူလူချင်းထိတွေ့စရာ မလိုအပ်တော့ပေမဲ့ လက်ကိုင်ဖုန်းများကို သန့်ရှင်းအောင် ထားဖို့လဲ လိုအပ်ပါသေးတယ်။ အကောင်းဆုံး ကာကွယ်နည်းကတော့ ပိုက်ဆံတွေ၊ လူအများစုထိတွေ့ရတဲ့ အရာတွေကို တတ်နိုင်သမျှ မကိုင်ဖို့နဲ့ ကိုင်ပြီးပါက လက်ကိုသေချာဆေးကြောဖို့၊ မိမိ၏ ဖုန်း၊ credit card၊ ဘောပင် စတဲ့ အရာတွေကို သန့်စင်ဆေးရည်ပါဝင်တဲ့ တစ်ရူးအစို စတာတွေနဲ့ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။
Source: CNN News
ကူးယူဖော်ပြခွင်းမပြုပါ။