ယနေ့ ကျရောက်တဲ့ ဇွန်လ ၂၃ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စု ရဲ့ National Hydration Day ကို ကျင်းပတဲ့ နေ့ရက်ဖြစ်ပါတယ်။
ကိုယ်ခန္တာတွင်း ရေဓာတ်ကို ထိန်းသိမ်းခြင်းဟာ ကျန်းမာကြံ့ခိုင်တဲ့ဘ၀ အဖို့ရာ လွန်စွာမှ အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။
ဒါပေမည့်လည်း ကျွန်တော်တို့တော်တေ်ာများများက ဒီအချက်ကို အမြဲလိုလို သတိမမူမိတဲ့အရာလည်း ဖြစ်လို့နေပါတယ်။
အပူချိန်များတဲ့ နေ့ရက်တွေမှာ အပြင်သို့ မဖြစ်မနေ သွားရောက်နေရပေမဲ့ ရေဘူး လေး တစ်လုံးကို သယ်ဆောင်ဖို့ရာ လွယ်လွယ်ကူကူဘဲ ကျွန်တော်တို့ မေ့နေတတ်တာဟာ ကျန်းမာရေးအဖို့ဆိုးရွားတဲ့ အမူအကျင့်တစ်ခုဖြစ်လို့နေပြန်ပါတယ်။
National Hydration Day ကိုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘောလုံးနည်းပြကြီး ဗစ်တာဟော့ကင်းစ်အား ဂုဏ်ပြုကာ ယခုလို အမှတ်တရနေ့ထူးနေ့မြတ်အဖြစ် ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။
ဒီနေ့ကြောင့် အမေရိကန်ပြည်သူအများစု ဟာ ကျန်းမာရေးလိုက်စားတဲ့ ပတ်ဝန်းကျင်ကောင်းတွေကို ဖန်တီးလျှက်ရှိပြီး အတူရှိနေတဲ့ မိတ်ဆွေတွေကိုလည်း ရေဓာတ်မခန်းခြောက်အောင် အမြဲသတိပေးတတ်တဲ့ အလေ့ကျင့်ကောင်းတွေ ရရှိလာကြတယ်လို့လည်း ဝမ်းမြောက်စွာ ပြောဆိုကြပါတယ်။
ဒါ့ကြောင့်လည်း အမြဲလိုလို National Hydration နေ့တွင် အားကစားနှင့် ကျန်းမာရေး လိုက်စားတဲ့ Activities တွေကို ပြုလုပ်လျက်ရှိပြီး ကျန်းမာပျော်ရွှင်တဲ့ မိသားစုများ ၊ မိတ်ဆွေ များ ၊ လုပ်ဖောက်ကိုင်ဖက်များကြား ပတ်ဝန်းကျင်ကောင်းတွေကို ဖန်တီးရင်း နောက်နှစ်တွေမှာလည်း National Hydration Day ဟာ ဘယ်လိုနေ့တွေမှာ ကျရောက်မယ်ဆိုတာလေး အသိပေးလိုက်ရပါတယ်။
Photo & Source from NationalTodays