photo: pexels
Underground Market ဆိုတာ Black Market လို့ လူသိများတဲ့ မှောင်ခိုဈေးကွက်၊ မှောင်ခိုစီးပွားရေး Shadow Economy ကို ဆိုလိုခြင်းဖြစ်ပါတယ်။
Tejvan Pettinger ပေးထားတဲ့ အလွယ်ဆုံးဥပမာလေးနဲ့ ပြောပြပါရစေ။
သင်က တခါတရံမှာ တေးဂီတရှိုးပွဲတစ်ခုရဲ့ အဆမတန် ဈေးထိုးတက်သွားတဲ့ လက်မှတ်တစ်စောင် အကြောင်းကြားဖူးမိပါလိမ့်မယ်။ ၂၀၁၆ တုန်းက ဗြိတိန် အဆိုတော် အဒဲလ်ရဲ့ လန်ဒန်မှာ ကျင်းပတဲ့ ရှိုးပွဲတစ်ခုကလည်း ဒီလိုဖြစ်ပျက်ခဲ့ပါတယ်။ သူမရဲ့ တေးဂီတပွဲလက်မှတ်က မူရင်းဈေး ၈၃ ပေါင် ကနေ အဆ ၂၉၉ ဆအထိ မှောင်ခိုဈေးကွက်မှာ ပေါက်သွားခဲ့တာပါ။ အဲ့ဒီ့လက်မှတ်က ပေါင် ၂၄၈၄၀ တန် လက်မှတ်ဖြစ်လာပါတယ်။ မြန်မာငွေနဲ့ ဆိုရင်လည်း သိန်း လေးရာလောက်ရှိသလို သူတို့ ဗြိတိန်မှာဆိုရင်လည်း သင်က စီးပွားရေးဆိုင်ရာ မဟာဘွဲ့ MBA တစ်ဘွဲ့ကျောင်းလခပေးလို့ရပါပြီ။
ဒါတွေက ဘာလို့ဖြစ်သွားရတာလဲ။ တကယ်တော့ ရှိုးပွဲကြည့်ချင်တဲ့ ပရိသတ်တွေဟာ သူတို့ ဝယ်ထားတဲ့ လက်မှတ်ကို အမြတ်တင်ပြီး ပြန်ရောင်းဖို့ ရည်ရွယ်ထားတာမဟုတ်ပါဘူး။ သူတို့ချစ်ခင်တဲ့ အနုပညာရှင်ကို အားပေးဖို့၊ ကိုယ်တိုင်ခံစားဖို့ စတာတွေကြောင့်သာ ဝယ်ယူအားပေးတာဖြစ်ပြီး ဒီအကြောင်းရင်းကလည်း လက်မှတ်ပြတ်လတ်တဲ့အချိန်ရောက်ပြီဆိုရင် ဒုတိယဈေးကွက် မှောင်ခို Underground Market မှာ တစ်စောင်လောက်များ ဝယ်လို့ ရခဲ့မယ်ဆိုရင် ဈေးတွေ ထိုးတက်ဖို့ ဖြစ်လာပါတယ်။ ဒီလို ကံကောင်းလို့ ဝယ်လို့ရမယ့် လက်မှတ်ကို ဝယ်ချင်တဲ့သူတွေက အများကြီးပါပဲ။ အကြောင်းကြောင်းကြောင့် ဝယ်ချင်သူတွေ ထောင်နဲ့ချီနေပြီဆိုရင် ဒီလို မိုးထိုးနေတဲ့ လက်မှတ်တစ်စောင်ကို အရမ်းချမ်းသာတဲ့သူတွေကသာ ငွေနိုင်လို့ ပိုင်ဆိုင်သွားနိုင်ကြတာပါပဲ။
နောက်တစ်ချက်ရှိပါသေးတယ်။ ဒီလိုမျိုး မှောင်ခိုဈေးကွက်မှာ ဈေးနှိုက်ဖို့လုပ်တာ၊ ဈေးတင်တာတွေက လုံးဝ တရားမဝင်ပါဘူး။ ဥပဒေအရ တားမြစ်ထားတာမို့ ဒီကိစ္စအတွက် စွန့်စားသူတွေဟာ လက်မှတ်ရောင်းရတဲ့ အချိန်မှာ မြိုးမြိုးမြက်မြက်ရနိုင်တဲ့ အကြောင်းရင်းလည်း ဖြစ်လာပါတယ်။
မူးယစ်ဆေးဝါးစစ်ပွဲကြီးတွေကြားက ဝိရောဓိ
တရားမဝင် မူးယစ်ဆေးဝါး ကိစ္စတွေမှာလည်း အဖြစ်အပျက်က ဆင်တူပါတယ်။ မူးယစ်ဆေးတွေကို ဖမ်းဆီး၊ နှိမ်နင်း အရေးယူလေလေ၊ ဝယ်ရောင်း၊ ထုတ်လုပ်သူတွေကြားထဲမှာ စွန့်စားရတာများလာပြီး ဈေးတွေ အဆမတန် တက်လာကာ မူးယစ်ဆေးထုတ်လုပ်သူတွေအကြိုက် အမြတ်အစွန်းများကို ဖန်တီးနိုင်လေလေဖြစ်ပါတယ်။ နိုင်ငံတွေရဲ့ အစိုးရတွေက မူးယစ်ဆေးကိစ္စကို ကြိုးကြိုးစားစားနှိမ်နင်းလာလေလေ၊ လွတ်နေတဲ့ ယိုပေါက်တွေက ရလာတဲ့ အမြတ်ငွေတွေက မိုးထိုးလာလေလေဖြစ်လာပါတယ်။ ဒါကြောင့်မို့ အချို့ယူဆချက်များကို ဝေဖန်အကြံပြုနိုင်ဖို့ ကြည့်ကြည့်ပါဦး။ စီးပွားရေးပညာရှင်တွေ တခါတလေ စဉ်းစားလေ့ရှိတာက ဒီလို ကုန်ပစ္စည်းရှားပါးမှုတွေနဲ့ ဈေးမြောက်တာတွေက ဈေးကွက်သဘာဝမို့ပါ။ မူးယစ်ဆေးတွေကို တရားဝင် (အခွန်၊ လိုင်စင်) ပေးလုပ်လိုက်မယ်ဆိုရင် အဓိကက အမြတ်တွေ ထင်သလိုမရတော့ပါဘူး။ အမြတ်အစွန်းနည်းလာတာနဲ့အမျှ မူးယစ်ဆေးဝါးကို ထုတ်လုပ်လာတာလည်း နည်းလာလိမ့်မယ်ဆိုတဲ့ အယူအဆတစ်ခုပါ။ ဒီအယူအဆက အကောင်အထည် ဖေါ်လို့ မဖြစ်မှန်းသိကြပါတယ်။ အယူအဆသပ်သပ် သူတို့ရဲ့ ဆွေးနွေးတာတွေကို တင်ပြခြင်းသာဖြစ်ပါတယ်။ တရားဝင်လုပ်ပိုင်ခွင့်ပေးလိုက်ခြင်းရဲ့ နောက်ဆက်တွဲတွေကို မဖြစ်မနေစဉ်းစားရမှာမို့ Underground Market ကို ဘယ်လို ထိန်းသိမ်းသင့်သလဲ အဖြေရှာနေကြဆဲပါပဲ။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
source: cracking economics,