0

Trading Blocs ကုန်သွယ်ရေး အုပ်စုများ ဆိုတာ ဘာလဲ? ဘောဂဗေဒ စာစဉ်

Share

photo: economichelp

Trading Bloc သို့မဟုတ် Trade Blocs ဆိုသည်မှာ သက်ဆိုင်ရာ နိုင်ငံများ အချင်းချင်း အရောင်းအဝယ်များ၊ စီးပွားရေးများ တိုးတက်စေရန် ကုန်သွယ်ရေးသဘောတူညီချက်ဘောင်များချမှတ်ပြီး စုဖွဲ့ထားသော နိုင်ငံအုပ်စုကို ဆိုလိုခြင်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံအချင်းချင်း စီးပွားရေးတိုးတက်စေရန် ပူးပေါင်းလုပ်ဆောင်စရာရှိသည်တို့ကို အတူတကွ စုပေါင်းအားယူကာ လုပ်ဆောင်ကြခြင်းဖြစ်သည်။ Trading Blocs များကို အောက်ပါအတိုင်း ခွဲခြား သိရှိနိုင်သည်။

(၁) Preferential Trading Areas (PTA) ပီတီအေ ကုန်သွယ်မှု ပုံစံသည် သတ်မှတ်ထားသော နိုင်ငံအချို့ နှင့် သတ်မှတ်ထားသော ကုန်ပစ္စည်းအချို့ကိုသာ စိစစ် ကုန်သွယ်ခွင့်ပြုခြင်းရှိသည့် အမျိုးအစားဖြစ်သည်။ လိုလားသော ဒေသတွင်းနိုင်ငံကိုသာ ကုန်သွယ်လိုရင်းဖြစ်သည်။
ဥပမာအနေဖြင့် PTA တစ်ခု ကိုဖေါ်ပြရသော် ဥရောပသမဂ္ဂ EU နှင့် အာဖရိက၊ ကာရစ်ဘီယန် နှင့် ပစိဖိတ် ကုန်သွယ်ဇုန် (Pacific Group of States – ACP) တို့ဖြစ်သည်။ အဆိုပါ သဘောတူညီချက်တွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ နှင့် ACP (African, Caribbean, Pacific) အဖွဲ့ဝင် ၇၈ နိုင်ငံတို့အကြားသာ အကျုံးဝင်သော ကုန်သွယ်မှု သဘောတူစာချုပ်ဖြစ်သည်။ ထိုနှစ်ဖွဲ့ကြား ကုန်သွယ်လျှင် ကုန်ပစ္စည်း (က) Product A ကိုသာ ခွင့်ပြုမည်၊ ကုန်ပစ္စည်း (ခ) ကို ရောင်းချချင်လျှင် အခြား Trade Blocs များ ဖြစ်ကြသည့် BRICS (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ China တရုတ်ပြည်၊ South Africa တောင်အာဖရိက) နိုင်ငံကုန်သွယ်ဇုန်များနှင့် ရောင်းချရမည် စသည်ဖြင့် သဘောတူညီထားကြခြင်းဖြစ်သည်။ ကုန်သွယ်မှု စာချုပ်တို့တွင် ကုန်ပစ္စည်း၊ နိုင်ငံကန့်သတ်ချက်၊ ဈေးနှုန်း၊ အသုံးပြုရမည့် ပို့ဆောင်ရေး လမ်းကြောင်းများ စသည်အားဖြင့် ပါဝင်လေ့ရှိကြသည်။

(၂) Free Trade Areas (FTA) လွတ်လပ်ကုန်သွယ်ခွင့် ၁၀၀ ရာခိုင်နှုန်း ရှိသည်ဟု မဆိုနိုင်ကြောင်း အငြင်းပွားနိုင်သော်လည်း အချို့နေရာဒေသများတွင် လွတ်လပ်ကုန်သွယ်ဇုန်များကို အကောင်အထည်ဖေါ်နိုင်ရန် ကြိုးစားနေကြသည်။ ဥပမာ မြန်မာနိုင်ငံပါဝင်သည့် AFTA ခေါ် Asean Free Trade Area ဖြစ်သည်။ လွတ်လပ်ကုန်သွယ်ဇုန်ဖြစ်ပေါ်အောင် ကြိုးစားနေသည့် ဒေသတွင်းနေရာများတွင် အစိုးရမှ ပါဝင်ပတ်သက်မှု၊ စွက်ဖက်မှု လုံးဝမရှိစေရေး သို့မဟုတ် အတတ်နိုင်ဆုံး ပါဝင်ပတ်သက်မှု လျှော့ချရေးသည် မူလရည်ရွယ်ချက်ဖြစ်သည်။
လွတ်လပ်ကုန်သွယ်ဇုန်များရှိသည့်အနက် NAFTA ခေါ် North American Free Trade Area သည်လည်း နာမည်ကြီး အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ မက္ကစီကို နိုင်ငံများဖြင့်စတင်ဖွဲ့စည်းထားသည်။
နောက်ပိုင်းတွင် Free Trade Area အတွင်း မပါလိုက်ရသော အင်အားကြီးနိုင်ငံများက လွတ်လပ်ကုန်သွယ်ခွင့်အတွက် ကြိုးစားနေကြသော နိုင်ငံငယ်များအတွင်း ဝင်ရောက်ရန် ကြိုးပမ်းလာကြသည်။
ဥပမာ AFTA (Asean Free Trade Area) + China

(၃) Customs Unions နှင့် (၄) Common Markets များကို နောင်စာစဉ်တွင် အကျယ်ရှင်းပြသွားပါမည်။

(၅) Economic and Monetary Union : နိုင်ငံများသည် ငွေကြေးမူဝါဒများကို အဖွဲ့ဝင်အချင်းချင်းဖြစ်သည့် ဒေသတွင်းတွင် တူညီစွာ အသုံးချနိုင်ရန် ကြိုးပမ်းလာကြကြောင်းကို ECB ခေါ် European Central Bank ဥရောပသမဂ္ဂဗဟိုဘဏ်ကို ကြည့်၍ သိနိုင်သည်။ ဥရောပဇုန်သည် ဘုံငွေကြေးမူဝါဒကို အကောင်အထည်ဖေါ်နေသည့် သာဓကဖြစ်သည်။ သို့သော် နေရာတိုင်းတွင် ကောင်းကျိုးဆိုးကျိုးများရှိသကဲ့သို့ ယခု နောက်ပိုင်း အကွဲအပြဲ ဇာတ်လမ်းများလည်း ရှိသည်ဖြစ်ရာ ဘုံငွေကြေးမူဝါဒ အကောင်အထည်ဖေါ်ရေးအကြား ယူဆချက် မျိုးကွဲများ ပိုမိုဖြစ်ပေါ်လာသည်ကို တွေ့ရသည်။

(၆) Complete Economic Integration : ဤအဆင့်သည် စီးပွားရေးဆိုင်ရာ ကိစ္စများ တသားတည်းဖြစ်ရေးအတွက် နောက်ဆုံးပန်းတိုင်ဟု ပြော၍ ရနိုင်ပါသည်။ ဥရောပသမဂ္ဂ သွားနေသည်မှာ ဤပန်းတိုင်ဖြစ်သည်။ စီးပွားရေးမူဝါဒများ၊ ဆောင်ရွက်ချက်များ အလုံးစုံ တသားတည်းဖြစ်သွားလျှင် (အဖွဲ့ဝင်နိုင်ငံတိုင်း ဆင်းရဲချမ်းသာ သာတူညီမျှမှုရှိရေးဟု မဆိုလိုပါ) အဖွဲ့ဝင်နိုင်ငံတိုင်း စီးပွားရေးမူဝါများအပေါ် ထိန်းချုပ်မှုမရှိခြင်း၊ ငွေကြေးအဖွဲ့အစည်း တစ်ခုတည်းဖြစ် ပုံဖေါ်ခြင်း (လက်ရှိ ကိုယ်ပိုင်ငွေကြေးပါ ၂ ခု ပူးတွဲသုံးနေသည့် နိုင်ငံများ၏ စနစ်ကို ဘုံတစ်ခုတည်းဖြစ်စေရေး)၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း Fiscal Policy ခေါ် ငွေကြေးမူဝါဒ (ကိုယ်တိုင်ကျင့်သုံးခြင်းနှင့် ကမ္ဘာသို့ပါ မူဝါဒ တစ်ခုတည်းဖြစ်ရေး) အဆင်ပြေချောမွေ့မှု ဖြစ်စေရေး စသည့် ရည်ရွယ်ချက်ကြီးများ ပါဝင်ပါသည်။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။
Orio Economics

%d bloggers like this: