0

Subsidy ဆိုတာ ဘာလဲ? ဘောဂဗေဒ စာစဉ်

Share

photo: foodprocessing-technology

Subsidy ဆိုတာ စီးပွားရေး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကို အစိုးရက ထောက်ပံ့တဲ့ ငွေကြေးကို ပြောတာပါ။ အဲ့တော့ Subsidy ဆိုတာ “ထောက်ပံ့ငွေ” သို့မဟုတ် ကျွန်တော်တို့ဆီမှာတော့ ခေတ်အဆက်ဆက် ခေါ်ဝေါ်ခဲ့ကြတဲ့ “အမတော်ငွေ” စတဲ့ အစိုးရက လုပ်ငန်းတွေ လည်ပတ်ဖို့ တနည်းနည်းနဲ့ ထုတ်ပေးတဲ့ ထောက်ပံ့ငွေတွေကို ပြောတာပါ။ ဒါဆိုရင် ဘယ်လိုပုံစံတွေ ရှိလည်း ကြည့်ကြည့်ရအောင်။
Subsidy ထောက်ပံ့ကြေးကို ပုံမှန်အားဖြင့်တော့ ပုံစံ ၂ မျိုးတွေ့ရပါတယ်။ အဲ့တာကတော့ ငွေကြေးအနေနဲ့ တိုက်ရိုက်ဖြစ်စေ၊ အခွန်အခ လျှော့ချခြင်းဖြင့် ဖြစ်စေ အစိုးရက ကူညီပေးတာပါ။ ဒီလို အစိုးရက ထောက်ပံ့ပေးခြင်းအားဖြင့် လုပ်ငန်းတွေပေါ်မှာ ကျရောက်နေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို သက်သာစေပါတယ်။
ဈေးကွက်ပျက်စီးခြင်းကို အကာအကွယ်ဖြစ်စေပါတယ်။
Subsidies ထောက်ပံ့ကြေးတွေ ထုတ်ပေးတဲ့ ဖြစ်စဉ်နဲ့ပက်သက်လို့ ဝေဖန်မှုတွေ၊ စဉ်းစားစရာတွေလည်း ရှိပါတယ်။ အစိုးရက ဒီလို ထောက်ပံ့ပေးနိုင်တာတွေက အခွန်အခ၊ ဘဏ္ဏရေးဆိုင်ရာတွေ တွက်ချက်ပြီးထုတ်ပေးရတာဖြစ်လို့ လုပ်ငန်းတစ်ခုစီကို ငွေထောက်ပံ့မှု အကန့်အသတ် ဘယ်လောက်ရှိရမယ်၊ မမြင်နိုင်တဲ့ ကုန်ကျစရိတ်တွေ ရှိလာမှု၊ အစိုးရဖြစ်တာမိုလို့ ထောက်ပံ့ကြေးတွေ အလွန်အကျွံသုံးပြီး နိုင်ငံရေးအမြတ်ထုတ်မှု မရှိစေဖို့၊ အကောင်းဆုံးတွက်ချက်မှုမရှိထားပါက ထောက်ပံ့ကြေးတွေဟာ လုပ်ငန်းတွေပေါ် အကျိုးရှိစေတာထက် ဝန်ထုတ်ဝန်ပိုး ပိုဖြစ်သွားနိုင်မှု၊ စီးပွားရေး တခုလုံးအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုရှိ မရှိ စတာတွေ ဖြစ်ပါတယ်။

လွယ်ကူတဲ့ သိစရာတွေ၊ လက်တွေ့အသုံးချစရာတွေကနေ အခြားနိုင်ငံတွေမှာ အသုံးပြုမြဲ၊ ပြုဆဲ၊ စီးပွားရေးအသိပညာ၊ နည်းပညာတွေ သိရှိဖို့ Orio Economics Website & Facebook Page ကို Like & Share လုပ်ပေးဖို့ တောင်းဆိုပါရစေ။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Orio Economics

source: investopedia, economicscourse, ibdiploma

%d bloggers like this: