ယခုနှစ် ၂၀၂၃ တွင် ထိုင်းနိုင်ငံစီးပွား၏ အသက်သွေးကြောဖြစ်သော ခရီးသွားလာရေးကဏ္ဍ ပြန်လည်တိုးတက်လာမှုကြောင့် နိုင်ငံ့စီးပွားရေး ၃.၈% တိုးတက်မည်ဟု ခန့်မှန်းထားကြောင့် ဘဏ္ဍာရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။
ပြည်တွင်းငွေသုံးစွဲနိုင်မှု တိုးတက်လာသည့်အပြင် အစိုးရက ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများကို အရှိန်မြှင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဖြစ်သူ အာခွန် တာမ်ပိတရပိုင်ဆစ် (Arkhom Termpittayapaisith) က ဆိုသည်။
လူဦးရေ သန်း ၇၀ ရှိသော ထိုင်းနိုင်ငံသည် ၎င်းတို့နိုင်ငံသို့ နိုင်ငံခြားသားခရီးသည် အရေအတွက် ၂၇.၅ သန်း အထိ လာရောက်ကြမည်ဟု ခန့်မှန်းတွက်ချက်ထားသည်။
ကပ်ဘေးမတိုင်မီအချိန် ၂၀၁၉ ကဲ့သို့ ပုံမှန်ကာလများတွင် ထိုင်းနိုင်ငံသို့ နိုင်ငံခြားသား အလည်အပတ်ခရီးသည် သန်း ၄၀ နီးပါး အထိ လာရောက်ကြပြီး ထိုင်းစီးပွားရေးမှာ “Tourism is our Hope” ခရီးသွားလာရေးကဏ္ဍသည်သာ မျှော်လင့်ချက်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ ငွေကြေးဖေါင်းပွနှုန်းမှာ ဗဟိုဘဏ်၏ ရည်မှန်းချက်ဖြစ်သော ၁% မှ ၃% အတွင်းသို့သာ ပြန်လည် ရောက်ရှိသင့်သည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် နှစ်တွင် အစားအသောက်ဈေးများမြင့်တက်မှု၊ ကပ်ဘေးနောက်ဆက်တွဲ သယ်ယူပို့ဆောင်ရေးကဏ္ဍ ခက်ခဲမှု၊ စွမ်းအင်ကဏ္ဍ စရိတ်တက်လာမှု စသည့် ကိစ္စအရပ်ရပ်ကြောင့် ထိုင်းနိုင်ငံသည် ၂၄ နှစ်အတွင်း အမြင့်ဆုံး ငွေဖေါင်းပွမှုကို ခံစားခဲ့ရပြီး ငွေဖေါင်းပွနှုန်း – Inflation မှာ ၆.၀၈% အထိ ရှိခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Money US News, Reuters Business, Bangkok Post, Worldometers
Image: Bloomberg News