တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည် နာလန်ထူလာမှုမှာ ယခုအချိန်အထိ အပြည့်အဝစိတ်ချရသေးသော အခြေအနေမဟုတ်ဘဲ မမျှော်လင့်သော အကြောင်းအရာများ အချိန်မရွေးပေါ်ပေါက်လာနိုင်နေသေးသည်ဟု တရုတ်အစိုးရပိုင်သတင်းစာက ယနေ့ အင်္ဂါနေ့တွင် ဖေါ်ပြခဲ့သည်။
တရုတ်ပြည်၏ တိုးတက်မှုသည် ဖိအား ၃ ခုဖြစ်သော ဝယ်လိုအား ကျုံ့နေခြင်း၊ ကုန်စည်စီးဆင်းမှုတလျှောက် အခက်အခဲများရှိနေခြင်းနှင့် အားလျော့နေသော မျှော်မှန်းချက်များ ရှိနေခြင်း စသည်တို့ကို ရင်ဆိုင်နေရကြောင်း တရုတ်ကွန်မြူနစ်ပါတီ – CCP က အစည်းအဝေးတွင် ထုတ်ပြန်ခဲ့ပြီး ယင်းကို ပါတီ၏အာဘော်သတင်းဌာနဖြစ်သော ဆင်ဟွာသတင်းအေဂျင်စီက ဖေါ်ပြခဲ့သည်။
အများပြည်သူသို့ ပေးသိသော အဆိုပါ မီဒီယာထုတ်ပြန်ချက်ကို တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးကျင်းပရာ ဖေဖေါ်ဝါရီ ၂၆ – ၂၈ အတွင်း ပြောကြားခဲ့ပြီး ပြုပြင်ပြောင်းလဲရေးဆိုင်ရာအချက်အလက်မူကြမ်းများနှင့် လာမည့် ၁၄ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ညီလာခံအတွက် အကြောင်းအရာများကို အဖွဲ့ဝင် ၂၀၀ ကျော်က ဆွေးနွေးခဲ့ကြသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Business Times, Xinhua Net, Reuters Business
Image: CNBC Business