ဒုတိယ ၃ လပတ် GDP တရုတ်ထုတ်ပြန်၊ လူငယ်အလုပ်လက်မဲ့နှုန်း စံချိန်တင်

Share

တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းအချက်အလက်ရုံး National Bureau of Statistics က ယခုနှစ် ဒုတိယ ၃ လပတ် အတွက် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုတန်ဖိုး GDP ကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။
စီးပွားရေးတိုးတက်မှုနှုန်းမှာ ၆.၃% ရှိခဲ့ပြီး ကျွမ်းကျင်သူများက ခန့်မှန်းထားသော ၇.၃% အောက် လျော့နည်းခဲ့သည်။

အသက် ၁၆ နှစ်မှ ၂၄ နှစ် အတွင်းရှိ လူငယ်များ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၁.၃% ရှိခဲ့ပြီး ထိုပမာဏမှာ လူငယ်ထုအတွက် စံချိန်တင် အလုပ်အကိုင်မဲ့မှု အညွန်းကိန်းဖြစ်လာသည်ဟု သိရသည်။

တရုတ်အမျိုးသားစာရင်းအင်းအချက်အလက်ရုံးမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် Fu Linghui က တရုတ်အနေဖြင့် ရှုတ်ထွေးသော ပထဝီနိုင်ငံရေးအခြေအနေနှင့် နိုင်ငံတကာစီးပွားရေးရပ်ဝန်းကို ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း တရုတ်အနေဖြင့် နှစ်ကုန်လျှင် ရည်မှန်းထားသော (စီးပွားရေး) တိုးတက်မှုအခြေအနေရရှိရန် ဆောင်ရွက်နိုင်ချေရှိနေသည်ဟု ဆိုသည်။
ဘေဂျင်းအစိုးရသည် ၂၀၂၃ ခုနှစ် ၁ နှစ်လုံးစာအတွက် စီးပွားရေးတိုးတက်မှုအညွန်းကိန်း ၅% ရနိုင်ရန် မတ်လအတွင်းက သတ်မှတ်ရည်မှန်းထားခဲ့သည်ဟု သိရသည်။

တရုတ်စီးပွားရေးတိုးတက်မှု အနည်းငယ်နှေးကွေးနေသော်လည်း စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍတွင် ခန့်မှန်းထားသော ၂.၇% ကို ကျော်လွန်ကာ ၄.၄% အထိ တိုးတက်ခဲ့သည်။

တရုတ်မြို့ကြီးများရှိ လူအားလုံးအတွက် အလုပ်လက်မဲ့နှုန်းမှာ ဇွန်လတွင် ၅.၂% ရှိခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, Bloomberg, Xinhua, CNN News
Image: Costfoto

%d bloggers like this: