0

ဘောဂဗေဒ၊ စီးပွားရေး နှင့် ပက်သက်၍ သင်မသိသော အချက်များ

Share

 

(၁) Economics was originally called ‘political economy’
နိုင်ငံရေးဆိုင်ရာစီးပွားဗေဒ Political Economy မှ ဘောဂဗေဒ (စီးပွားရေး) Economics ဟူသော အသုံးသို့ ၂၀ ရာစုနှစ်တွင်မှ စတင်ပြောင်းလဲခဲ့သည်။ Neoclassical School များ လွှမ်းမိုးချိန်တွင် ကိုယ်ရေးကိုယ်တာခံယူချက်များပါသော နိုင်ငံရေး အတွေးအခေါ်များမှ ကင်းလွတ်စေရန်ဟူသော အကြောင်းဖြင့် စီးပွားရေး၊ ဘောဂဗေဒ သပ်သပ်သို့ ပြောင်းလဲခဲ့သည်။

(၂) ဘောဂဗေဒနှင့် ပက်သက်၍ပေးသော နိုဘယ်ဆုသည် တကယ့် နိုဘယ်ဆု မဟုတ်ပါ။ ၁၉၆၈ တွင် ဆွီဒင် ဗဟိုဘဏ်က ဘောဂဗေဒအတွက် ဆုကို စတင်ဖန်တီးခဲ့ပြီး တရားဝင်နာမည်မှာ Sveriges Riksbank Prize ဖြစ်သော်လည်း ယင်းတို့နိုင်ငံဂုဏ်ဆောင် အဲဖရက်နိုဘယ် (နိုဘယ်ဆုအစစ်ဖြစ်လာစေသည့်ပုဂ္ဂိုလ်) ကို အမှတ်တရရည်ရွယ်ခဲ့ပြန်သောကြောင့် စီးပွားရေး ဘောဂဗေဒဆိုင်ရာ နိုဘယ်ဆု ဖြစ်လာသည်။ အဲဖရက်နိုဘယ်၏ မိသားစုဝင်များက မည်သည့်အချိန်ကမျှ သဘောမတူခဲ့သော Free Market ဟု ခေါ်သည့် (နိုင်ငံအစိုးရများမှ ဝင်မစွက်ဖက်ရသော) လွတ်လပ်ဈေးကွက်နှင့်ပက်သက်သည့် စီးပွားရေးပညာရှင်များကို နိုဘယ်ဆုတပ်ပြီး ပေးခဲ့သောကြောင့် အပြင်းအထန် ဝေဖန်ခဲ့ကြသည်။

(၃) စင်ကာပူနိုင်ငံ၏ စီးပွားရေးကို စီးပွားရေးသီအိုရီ တစ်ခုတည်းဖြင့် ရှင်းပြခြင်းမှာ မဖြစ်နိုင်ပါ။ အကြောင်းရင်းများစွာရှိသော်လည်း သိသာသောအချက်များမှာ ၈၅% ရှိသည့် အစိုးရပိုင် ကော်ပိုးရေးရှင်းမှ ဆောက်လုပ်ထားသော (တနိုင်ငံလုံးနီးပါး) အိမ်ရာများ၊ ၂၂% သော နိုင်ငံ၏ ဂျီဒီပီမှာလည်း အစိုးရပိုင်လုပ်ငန်းလေကြောင်းလိုင်းတစ်ခုတည်းမှ ရရှိခြင်း စသည့်အချက်တို့ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိပျမ်းမျှ အစိုးရပိုင်လုပ်ငန်းတို့မှ ရရှိသော ဂျီဒီပီသည် ၉% သာ အများဆုံးဖြစ်ခြင်း စသည်တို့ဖြစ်သည်။ စင်္ကာပူသည် Capitalism နှင့် Socialism တို့ ၂ ခု အလွန့်အကျွံပေါင်းစပ်တည်ဆောက်ထားသည့် လက္ခဏာဖြစ်ပြီး အခြား သီအိုရီများလည်း အနည်းငယ်ပါဝင်သေးသည်။

(၄) ဗြိတိန် နှင့် အမေရိကတို့ ဖန်တီးခဲ့သည်မှာ (မိမိနိုင်ငံ၏) အကျိုးစီးပွားကာကွယ်ရေး မူဝါဒ Protectionism သာဖြစ်ပြီး၊ အများထင်သလို “Free Trade” လွတ်လပ်စွာကုန်သွယ်ခွင့် မဟုတ်ပါ။

(၅) လွတ်လပ်ကုန်သွယ်ခွင့် အယူအဆသည် ၁၉ ရာစုနှစ်တွင် ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့ခဲ့သည်။ တကယ်တမ်းတွင်မူ ကိုလိုနီနယ်ချဲ့လိုသော နိုင်ငံများမှ အင်အားသေးနိုင်ငံငယ်များကို အတင်းအကျပ်တွန်းအားပေးပြုလုပ်သော “လွတ်လပ်စွာကုန်သွယ်ခွင့်” ဖြစ်ခဲ့သည်။ ထို့ပြင် ကိုလိုနီလုပ်ခြင်းမခံရသော နိုင်ငံများကိုလည်း လွတ်လပ်ကုန်သွယ်ခွင့် ပြုလုပ်စေဖို့ ဖိအားပေးခဲ့ကြသည်။

(၆) အရင်းရှင်စီးပွားရေး စနစ် Capitalism သည် ၁၉၅၀ နှင့် ၁၉၇၀ ကြားတွင် အကောင်းဆုံးအခြေအနေဖြစ်ခဲ့ပြီး ထိုကာလာများတွင် တင်းကျပ်သော စည်းမျဉ်းများ၊ မြင့်မားသော အခွန်များ ပေးဆောင်စေခဲ့သည်။ ထိုအချိန်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေ အလွန်တိုးတက်ခဲ့သည်။ အထူးသဖြင့် ဥရောပနှင့် ဂျပန်တို့ စီးပွားရေးတိုးတက်နှုန်း အလွန်မြင့်ခဲ့ပြီး ဂျပန်ဆိုလျှင် Growth Rate 8.1% ရှိခဲ့ပြီး နိုင်ငံသားတို့၏ တစ်ဦးချင်းဝင်ငွေလည်း အလွန်များပြားလာသည်။

(၇) အင်တာနက်ကို အမေရိကန် အစိုးရမှ တီထွင်ခဲ့ခြင်းသာဖြစ်ပြီး အခြားသူတော်တော်များများထင်သလို ဆီလီကွန်တောင်ကြားအရပ် Silicon Valley မှ မဟုတ်ခဲ့ပါ။ ပင်တဂွန်ဌာနချုပ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သုတေသနလုပ်ငန်းများ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

(၈) အခွန်ကိစ္စရပ်များနှင့် ပြည်သူ့ရေးရာ ကိစ္စများ သုံးရန် စရိတ်များ ချမှတ်ခြင်းသာ မရှိပါက ဂျာမနီနှင့် ဘယ်ဂျီယံတို့သည် အမေရိကန်ပြည်ထောင်စုထက် ပိုမိုသိသာစွာသာလွန်နေမည်ဖြစ်သည်။ ထို့ကြောင့် အခွန်ကိစ္စသည် နိုင်ငံတစ်ခု၏ လူမှုအဆင့်အတန်းအပါအဝင်ခြားနားချက်များကို လျော့နည်းစေရန် ကောင်းစွာပုံဖေါ်နိုင်သော လက်နက်တစ်ခုဖြစ်လာသည်။

(၉) ကမ္ဘာပေါ်တွင် သာတူညီမျှမှု အဖြစ်ဆုံးနိုင်ငံတစ်ခုဖြစ်သည့် ဖင်လန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုထက် ပိုမိုလျင်မြန်စွာ တိုးတက်လာလျက်ရှိသည်။

(၁၀) အဆင်းရဲဆုံး အခြေအနေရှိသည့် လူများသည် ဆင်းရဲသည့် နိုင်ငံမှ နိုင်ငံသားများ မဟုတ်ကြပါ။ အလုံးစုံဆင်းရဲမွဲတေမှုအတိပြီးသည့် လူဦးရေး ၏ ၇၀ ရာခိုင်နှုန်းသည် ဝင်ငွေ အလယ်အလတ်ရှိသည့် နိုင်ငံများတွင်ဖြစ်ပြီး တရုတ်နိုင်ငံတွင် လူဦးရေအားဖြင့် သန်း ၁၇၀ ခန့် (ရာနှုန်း အားဖြင့် ၁၃%) နှင့် အိန္ဒိယတွင် လူဦးရေ သန်း ၄၅၀ ခန့် (ရာနှုန်းအားဖြင့် ၄၂%) အသီးသီးရှိနေကြသည်။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။
Orio Economics

source: huffingtonpost, pexels

%d bloggers like this: