News

More

ချစ်ပ်ပြား ကဏ္ဍ ကို အရှိန်မြှင့်ရန် ဒေါ်လာ ၄၀ ဘီလျံ တရုတ်သုံးမည်

  • September 5, 2023

တပိုင်းလျှပ်ကူးပစ္စည်းများ ဖြစ်သည့် အီလက်ထရွန်းနစ် Chips ပြား ထုတ်လုပ်ရေး နယ်ပယ်တွင် အမေရိကန်ပြည်ထောင်စုအပါအဝင် အခြား ပြိုင်ဘက်များကို အမီလိုက်ရန် ဘေဂျင်း အခြေစိုက် အစိုးရက ယွမ်ငွေ ဘီလျံ ၃၀၀ (ကန်ဒေါ်လာ ၄၁ ဘီလျံခန့်) ကို သုံးစွဲတော့မည်ဖြစ်သည်ဟု သိရသည်။ ဆားကစ်ပြားထုတ်လုပ်ရေးအတွက် အသုံးပြုမည့် အဆိုပါ...

More

အာလူးဈေးများမြင့်တက်ချိန် ဘင်္ဂလားဒေ့ရှ် အာလူး စံချိန်တင်ထုတ်လုပ်နေ

  • August 30, 2023

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အာလူး ထွက်ရှိမှု စံချိန်တင်ရရှိနေပြီး တန်ချိန် ၁၀.၄ သန်း ရရှိနေသည်။ သို့သော်လည်း ငွေကြေးဖေါင်းပွမှုနှင့် အတူ အာလူးဈေးများ ဆက်လက်မြင့်တက်နေပြီး ပုံသေဝင်ငွေ ရှိသူများနှင့် ဝင်ငွေနည်းပါးသူများအတွက် အာလူးဝယ်ယူနိုင်နှုန်းမှာ လျော့ကျလျက်ရှိသည်။ ဒါကာ ဈေးကွက်အတွင်း အာလူး ဈေးတန်းမှာ ၁ ကီလိုဂရမ်လျှင်...

More

ဆိပ်ကမ်း၌ပိတ်မိနေသော ဘာစမာတီမဟုတ်သည့် ဆန်ဖြူများကို အိန္ဒိယ တင်ပို့ခွင့်ပေး

  • August 30, 2023

အိန္ဒိယအစိုးရခွင့်ပြုချက်အရ ဆိပ်ကမ်း၌ ပိတ်မိနေသော (ဘာစမာတီဆန်) မဟုတ်သည့် ဆန်ဖြူများကို နိုင်ငံခြားသို့ တင်ပို့ခွင့်ပြုခဲ့ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။ အိန္ဒိယသည် ဇူလိုင်လ ၂၀ ရက်နေ့ကစ၍ ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန် ဘာစမာတီ မဟုတ်သော ဆန်တင်ပို့ခွင့်ကို တားမြစ်ထားခဲ့သည်။ ထိုပိတ်ဆို့မှုကြောင့် ဆိပ်ကမ်း၌ တန်ချိန် သိန်းနှင့်ချီသော ဆန်များ ပိတ်မိနေခဲ့ပြီး...

More

အိန္ဒိယက ၇ နှစ်အတွင်း သကြားတင်ပို့မှုကို ပထမဆုံးအကြိမ်ပိတ်ပင်

  • August 23, 2023

အိန္ဒိယတွင် ကြံစိုက်ခင်းများ မိုးရေချိန်လုံလောက်စွာမရရှိခဲ့သဖြင့် အိန္ဒိယအစိုးရက လာမည့် အောက်တိုဘာတွင် စတင်မည့် ရာသီအတွက် သကြားများကို တင်ပို့ရောင်းချခြင်းမရှိရန် သကြားစက်ရုံများကို တားမြစ်သွားဖွယ်ရှိသည်။ ကမ္ဘာ့စားသောက်ကုန်ဈေးကွက်တွင် သကြားတင်ပို့မှု၌ အိန္ဒိယက ဒုတိယထုတ်လုပ်မှုအများဆုံးဖြစ်ပြီး လာမည့်ရာသီ သကြားဈေးကွက်မှ နှုတ်ထွက်မှုကြောင့် နယူးယောက်နှင့် လန်ဒန်ရှိ ရည်ညွှန်းဈေးနှုန်းများ ထပ်မံမြင့်တက်လာမည်ဟု ဆိုသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ အမည်မဖေါ်လိုသူ...

More

Huawei ကချစ်ပ်ထုတ်လုပ်ရေး စက်ရုံနှင့် နက်ဝက်များ လျှို့ဝှက်တည်ဆောင်နေ

  • August 23, 2023

Huawei Technologies ကုမ္ပဏီကြီးသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကို ရှောင်ရှားနိုင်ရန် တရုတ်ပြည်၌ semiconductor ပစ္စည်းထုတ်လုပ်ရေးနှင့်ပတ်သက်၍ လျှို့ဝှက် စက်ရုံနှင့်အဆက်အသွယ်များဖန်တီးလျက်ရှိကြောင်း ဝါရှင်တန် အခြေစိုက် semiconductor လုပ်ငန်းအသင်းက သတိပေးထားသည်။ တရုတ်နည်းပညာကုမ္ပဏီကြီးသည် ယခင်နှစ်က ချစ်ပ်ပြားထုတ်လုပ်ရေးလုပ်ငန်းသို့ ဝင်ရောက်လာခဲ့ပြီး အစိုးရထံမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်‌‌ဒေါ်လာ ၃၀ ဘီလီယံရရှိခဲ့ကာ စက်ရုံ...

More

တရုတ်နည်းပညာကဏ္ဍတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန် အမေရိကန်တားမြစ်

  • August 10, 2023

AI (artificial intelligence) အပါအဝင် တရုတ်အဆင့်မြင့်နည်းပညာနယ်ပယ်များ၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန် အမေရိကန်အစိုးရက ဖိအားပေးထားသောကြောင့် အင်အားကြီးနှစ်နိုင်ငံ၏ ဆက်ဆံရေးမှာ ပိုတင်းမာလာခဲ့သည်။ အမေရိကန်ကုမ္ပဏီများသည် တရုတ်နည်းပညာနှင့်ပတ်သက်ဆက်နွယ်နေသည့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များအား အသေးစိတ်တင်ပြရမည်ဟု ကြေညာချက်ထုတ်ထားသောကြောင့် အမေရိကန်အစိုးရက ပုဂ္ဂလိကကုမ္ပဏီများနှင့် နိုင်ငံခြားစီးပွါးရေး အဝင်အထွက်များအပေါ် ပိုမိုစီစစ်နိုင်ရန် အာဏာပိုရလာခဲ့သည်။ အမေရိကန်က တင်းကြပ်သည့်...

More

အာရှတွင် ဘီယာ ရောင်းအားကျဆင်းသဖြင့် Heineken အမြတ်ငွေထိခိုက်

  • August 1, 2023

အာရှတွင် ဘီယာ ရောင်းအားကျဆင်းသဖြင့် Heineken အမြတ်ငွေထိခိုက် အာရှဖစိဖိတ်ဒေသတွင် ရောင်းအားကျဆင်းသဖြင့် ယခုနှစ် နှစ်ဝက်စာရင်းချုပ်ရာတွင် အသားတင်အမြတ်ငွေ၉ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဘဏ္ဍာရေးလျာထားချက် မပြည့်မီခဲ့ကြောင်း အဖျော်ယမကာလုပ်ငန်းကြီး Heineken က ထုတ်ပြန်ခဲ့သည်။ ပုံမှန်အားဖြင့် အာရှ ပစိဖိတ်ဒေသသည် Heineken အတွက် အမြတ်အစွန်းများစွာ ရှာဖွေပေးသည့် ဒေသဖြစ်သော်လည်း ယခုနှစ်...

More

Van Gogh ပြပွဲနောက်ကွယ်ကကုမ္ပဏီ ‌ဒေဝါလီခံရ

  • July 31, 2023

သမာရိုးကျ ပန်းချီကားချပ်သာပါဝင်တဲ့ ပြပွဲတွေလို ကြည့်ရှုရမှာမဟုတ်ပဲ အနုပညာပြကွက်တွေထဲ ကိုယ်တိုင်နစ်မြောနေသလို ကြီးမားတဲ့ တောက်ပတဲ့ မီးအလင်းရောင်တွေနဲ့ တမူထူးခြားစွာ တင်ဆက်ပေးနေတဲ့ ကနေဒါကုမ္ပဏီ Lighthouse Immersive Inc. ဟာ Chapter 15 ‌ဒေဝါလီခံဖို့ တရားရုံးကို ဇူလိုင်လ ၂၇ ရက်နေ့က လျှောက်ထားခဲ့ပါတယ်။ Toronto အခြေစိုက်...

More

နျူကလီးယားဗုံးထုတ်လုပ်ခဲ့သည့်ဆိုက်များ၌ အကြီးဆုံးဆိုလာပရောဂျက်များ ဖော်ဆောင်မည်

  • July 30, 2023

အမေရိကန်၏ အကြီးဆုံးဆိုလာနှင့် အခြားသန့်စင်စွမ်းအင် (clean energy) ပရောဂျက်များကို စစ်အေးကာလ နျူကလီးယားဗုံးများ ထုတ်လုပ်ခဲ့သည့်နေရာများတွင် အကောင်အထည်ဖော်ဆောင်သွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့သည့်သောကြာ‌နေ့က ပြောကြားခဲ့သည်။ ပြည်နယ် ၅ခု၏ စုစုပေါင်း မြေဧက ၇၀,၀၀၀ ပေါ်တွင် နေရောင်ခြည်၊ လေနှင့် နျူကလီးယားပါဝါ စသည့် သန့်စင်စွမ်းအင်များကို နိုင်ငံတော်အတွက် အကောင်အထည်ဖော်သွားမည်ဟု...

More

Supply တက်သောကြောင့် Rolex, Patek နာရီဈေးများကျဆင်းလာဖွယ်ရှိ

  • July 28, 2023

Supply မြင့်တက်နေသည့်အတွက် Rolex၊ Patek Philippe နှင့် Audemars Piguet နာရီစျေးနှုန်းများသည် ဆက်လက်ကျဆင်းဖွယ်ရှိနေသည်ဟု Morgan Stanley နှင့် WatchCharts တို့၏ အစီရင်ခံစာက ဖော်ပြနေသည်။ တစ်ပတ်ရစ်နာရီများ၏ ဈေးကွက် အနည်းငယ် ကျဆင်းသွားသော်လည်း လှောင်ထားသည့်ပစ္စည်းပမာဏက မြင့်တက်နေဆဲဖြစ်သည်။ ပြီးခဲ့သောနှစ်က ဇိမ်ခံနာရီများ ၀ယ်လိုအား...