Man U ကိုဝယ်မှာနောက်တာဟု Elon Musk ဆို
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Elon Musk သည် လက်ရှိအချိန်၌ ရုန်းကန်နေရသည့် အင်္ဂလိပ်ဘောလုံးကလပ် Manchester United Plc အားဝယ်ယူမည်ဟု Twitter ပေါ်တွင်ရေးသားခဲ့ပြီးနောက် နောက်ပြောင်ခြင်းသာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ အစောပိုင်းကပြောကြားခဲ့သည်။ ကလပ်အားဝယ်ယူမည့်သတင်းနှင့်ပတ်သက်၍ “ကျွန်တော်နောက်တာပါ၊ ဘယ်အားကစားအသင်းကိုမှဝယ်ဖို့စိတ်ကူးမရှိပါဘူး။ အကယ်၍ ဝယ်ဖြစ်ခဲ့ရင် Man U ပဲဖြစ်မှာပါ၊ ဘာ့ကြောင့်လဲဆိုတော့ ငယ်စဉ်ဘဝက...