Games

Games Category

MK Dons ဘောလုံးအသင်း စွမ်းအင်ကုန်ကျစရိတ်အတွက်ရုန်းကန်နေရ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ ပရီးမီးယားလိဂ်နှင့် ချန်ပီယံရှစ်တို့အောက် တတိယတန်းအဆင့်ပြိုင်ပွဲဖြစ်သည့် လိဂ်ဝမ်း – League One ရှိ အမ်ကေဒွန်းစ် (MK Dons) ကဲ့သို့ ဘောလုံးအသင်းငယ်လေးသည်ပင် မြင့်တက်လာသည့် ကုန်ကျစရိတ်များအကြား ၁ နှစ်လျှင် လျှပ်စစ်၊ ဓါတ်ငွေ့ စွမ်းအင်တို့အတွက် ပေါင်စတာလင် ၂ သန်းမျှ ကုန်ကျနေသည်။

ကပ်ဘေးနောက်ဆက်တွဲ ငွေကြေးဖေါင်းပွမှုများ၊ ကုန်ဈေးနှုန်းအညွှန်းကိန်း – CPI တက်လာမှုနှင့် ရုရှားကျူးကျော်စစ်အပြီး ဈေးကွက်အခက်အခဲများကြောင့် ယခုနှစ်တွင် MK Dons အသင်းလည်ပတ်နိုင်ရန် ၁ ရက်လျှင် ပေါင် ၁ သောင်းအထိ ကုန်ကျလာဖွယ်ရှိသည်ဟု သိရသည်။
၎င်းတို့အနေဖြင့် ဓါတ်အားခများကို ချွေတာနိုင်ရန် ကွင်းအတွင်းရှိ LED မီးလုံးကြီးများကို ပိတ်ထားလိုက်ခြင်းမျိုးများအား လုပ်နေရသည်။

အသင်း၏ ဥက္ကဌဖြစ်သူ ပိထ် ဝင်ကယ်မန် (Pete Winkelman) က “ကျွန်တော်တို့ လုပ်နိုင်သမျှ အကုန်လုံး (အခြေခံချွေတာရေးကိစ္စအားလုံး) ကိုတော့ လုပ်နေတာပဲ။ ဘာလဲဆိုတော့ မီးမသုံးတာပေါ့။ အဲ့တော့ အကုန်လုံး (မီးသုံးရတဲ့ဟာတွေ) ကို ပိတ်ထားလိုက်တယ်” ဟု ပြောကြားခဲ့သည်။
သူက “ကျွန်တော်တို့ (အသင်း) ယက်ကန်ယက်ကန် မဖြစ်အောင် – င် ပြဲတဲ့အထိ အလုပ်လုပ်နေကြတဲ့ တကယ့်လူကောင်းတွေ ရှိနေပေလို့ပဲ။ ဒီလိုလုပ်ဖို့ ပျက်ကွက်တာတို့၊ ကစားသမား ၁ ယောက် အသင်းကို ဝင်လာဖို့စိတ်ပူနေရတာမျိုးတို့ဖြစ်လာရင် အဲ့တာက တကယ့်ပြဿနာ ဖြစ်လာတော့တာပဲ” ဟု ဆိုသည်။

အသင်း အနေဖြင့် အခြေအနေများ ကောင်းခဲ့ပါက ဒုတိယတန်းဖြစ်သည့် Championship သို့ တက်လှမ်းကစားနိုင်မည်ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံသူအသစ်များဝင်လာနိုင်ရန် တံခါးဖွင့်ထားနိုင်မည်ဆိုစေကာမူ ထို Championship တွင်လည်း ဘီလျံနာ ၁၃ ယောက်ခန့် (ပိုင်ရှင်) ရှိသည့် အတန်းသို့ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းလည်း ဖြစ်နေသည်။

ဝင်ကယ်မန် က ၎င်းတို့အနေဖြင့် အဆိုပါ အကူအညီမျိုးကို လိုအပ်နေသည်ဟုပြောကြားခဲ့ပြီး (ရင်းနှီးမြှုပ်နှံသူ အသစ်များဝင်လာခြင်းကလည်း) ပဟေဠိဖြစ်နေဆဲဖြစ်သည်။
ဗြိတိန်အစိုးရမှာ လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ စ၍ ဓါတ်အားနှင့် ဓါတ်ငွေ့စရိတ်များကို ပုံသေ ဈေးတန်းသတ်မှတ်မည်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Fan Banter UK, Milton Keynes FM
Image: Milton Keynes

Squid Game – crypto token လိမ်လည်မှု

တောင်ကိုရီးယားနံမည်ကျော် Netflix series တခုဖြစ်သည့် Squid Game ကိုအခြေခံထုတ်လုပ်ထားသည့် ဒစ်ဂျစ်တယ်တိုကင် Squid မှာ လိမ်လည်မှုတရပ်သာဖြစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။

Squid ဟုအမည်ရသည့် ယင်း “play-to-earn cryptocurrency” (ဂိမ်းကစား၍ရယူနိုင်သော crypto များ) ဒစ်ဂျစ်တယ်တိုကင်ဈေးမှာ လွန်ခဲ့သည့်ရက်အနည်းငယ်က အဆထောင်ပေါင်းများစွာ မြင့်တက်ခဲ့သည်။ ထို့နောက် crypto ထုတ်လုပ်သူများက investors ပိုက်ဆံများယူပြေးပြီး ထိုပရောဂျက်ကို အစဖျောက်သွားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့လိမ်လည်မှုမျိုးကို crypto investors များက “rug pull” ဟုခေါ်သည်။

Squid token ဝယ်ယူထားသူများမှာ ယင်းတိုကင်များကို ပြန်လည်ရောင်းချနိုင်ခြင်းမရှိပေ။

Squid တိုကင်ဖန်တီးသူများက ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၃.၃၈ မီလီယံခန့်ရရှိခဲ့ကြောင်း နည်းပညာ website တခုဖြစ်သည့် Gizmodo ကဆိုသည်။

“Play-to-earn” cryptocurrency ဆိုသည်မှာ အွန်လိုင်းဂိမ်းကစားရာတွင်အသုံးပြုနိုင်နိုင်သော တိုကင်များဖြစ်ပြီး စုဆောင်းထားကာ အခြား cryptocurrencies (သို့မဟုတ်) ငွေကြေးဖြင့်ပြန်လည်လဲလှယ်နိုင်သည်။ သို့သော် Squid tokens ဝယ်ယူထားသူအများစုမှာ tokens များပြန်လည်ရောင်းချ၍ မရနိုင်ကြပေ။

ပြီးခဲ့သည့်အင်္ဂါနေ့က Squid ကို 1 cent ဖြင့်သာရောင်းချခဲ့ပြီး တပတ်အတွင်း ၂,၈၅၆ ဒေါ်လာအထိ ခုန်တက်သွားခဲ့သည်။ အစောပိုင်းတွင် သံသယဖြစ်ဖွယ်လက္ခဏာများကြောင့် ယင်းတိုကင်မှာ လိမ်လည်မှုဖြစ်နိုင်ကြောင်း crypto ကျွမ်းကျင်သူများက သတိပေးခဲ့ကြသေးသည်။ သတိပေးဝေဖန်သူများက ယင်း website ပေါ်ရှိ စာလုံးပေါင်းနှင့် သဒ္ဒါအမှားများစွာကို ထောက်ပြခဲ့ကြသည်။ ယခုအခါ ထို website မှာ အွန်လိုင်းပေါ်မှပျောက်ကွယ်သွားပြီး ဆိုရှယ်မီဒီယာရှိ အကောင့်များအားလုံးကိုလဲ ဖျက်သိမ်းကာ အစဖျောက်သွားခဲ့ကြပြီဖြစ်သည်။

ထိုကဲ့သို့ scam များသည် crypto နှင့်ပတ်သက်၍ မသိနားမလည်သူများ၊ အယုံလွယ်သူများကို အသုံးချကာ အမြတ်ထုတ်တတ်သည့် လိမ်လည်မှုများထဲမှ တခုဖြစ်ကြောင်း Cornell University မှဘောဂဗေဒပညာရှင် Eswar Prasad ကဆိုသည်။ ထို့အပြင် crypto လောကတွင် မှားယွင်းသော သတင်းအချက်အလက်များဖြင့် ဈေးထိုးတက်အောင်ဆွဲတင်ပြီး ဈေးအမြင့်ဆုံးသို့ရောက်ရှိလာချိန်တွင် အကုန်ထိုးရောင်းကာ လိမ်လည်သည့် “pump-and-dump scheme” များစွာရှိနေပြီး အမြင်ကျယ်သည့် investors များက ဈေးတက်ချိန်ထိစောင့်ကာ ဈေးမထိုးချခင်တွင် လျှင်မြန်စွာထုတ်ရောင်းရန် ချိန်ဆနေသူအများအပြားလည်းရှိနေသည်။

Squid သည် တဦးတယောက်၏ခွင့်မပြုချက်၊ ထိန်းချုပ်မှုမပါဝင်ပဲ ရောင်းသူနှင့် ဝယ်သူတိုက်ရိုက်ချိတ်ဆက်နိုင်သည့် decentralized crypto exchange များဖြစ်သည့် PancakeSwap နှင့် DODO တို့ပေါ်တွင် ရောင်းချခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် coin အသစ်များမှာ ဖန်တီးပြီးသည့်နေ့ရက်အတွင်း decentralized exchange ပေါ်တွင် listed ပြုလုပ်နိုင်နေပြီဖြစ်သည်။ ထို့ကြောင့် လူများက coin များကို အထိန်းအသိမ်း(အဆင်အခြင်) မရှိ လွတ်လပ်စွာဝယ်ယူနိုင်ကြခြင်းဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

Source: BBC Business
Photo: Netflix

Coronavirus outbreak ကြောင့် တိုးတက်လာတဲ့ စီးပွားရေးလုပ်ငန်းများ။

Coronavirus ကြောင့် တရုတ်နိုင်ငံအပါအဝင် တကမ္ဘာလုံးက စီးပွားရေး တုံ့နှေးနေချိန်မှာ ဗိုင်းရပ်စ်ကြောင့် တဟုန်ထိုးတိုးတက်လာတဲ့ စီးပွားရေးလုပ်ငန်းများစွာရှိနေပါတယ်လို့ပြောရင် Mask နဲ့ လက်အိတ် ထုတ်လုပ်သူတွေ၊ ဆေးဝါးလုပ်ငန်းတွေကို ပြေးမြင်ကြမှာဖြစ်ပေမဲ့ မမျှော်လင့်ပဲ ရုတ်တရက် တိုးတက်လာတဲ့ အခြားလုပ်ငန်းတွေလဲ ရှိပါသေးတယ်။

Coronavirus ပျံ့ပွားမှုကို ကာကွယ်ဖို့Mask တွေ တပ်ကြဖို့တိုက်တွန်းနေတာ လူတိုင်းသိကြမှာပါ။ ဒါ့အပြင် ညစ်ပတ်တဲ့ ပိုက်ဆံတွေ ကိုင်တွယ်ရတာလဲ အလွန်ကြီးမားတဲ့ အန္တရာယ်တခုပါပဲ။ အခု Coronavirus ဖြစ်တော့ တရုတ်နိုင်ငံမှာ online shopping တွေအရမ်း Hot ဖြစ်နေပါသတဲ့။ တရုတ်ပြည်သူတွေဟာ လူစုလူဝေးများတဲ့ စားသောက်ဆိုင်တွေ အထည်ဆိုင်တွေ convenience store တွေဆီမသွားကြတော့ပဲ အွန်လိုင်းကဆင့် မှာလိုက်ရင် delivery လုပ်ပေးတဲ့စနစ်နဲ့ပဲ ဈေးဝယ်ကြပါတော့တယ်။ လူအချင်းချင်း ထိတွေ့ဆက်ဆံမှု နည်းလေလေ လူကတဆင့်ကူးစက်စေတဲ့ ရောဂါတွေကို ကာကွယ်နိုင်လေပါပဲ။ တရုတ်နိုင်ငံက food platform တခုဖြစ်တဲ့ Dingdong မှာ ဈေးဝယ်သူပေါင်း ၄၀,၀၀၀ ကျော်တိုးတက်လာပြီး gross merchandise volume (GMV) က သည်ရက်ပိုင်းအတွင်းမှာ ၆ ဆတိုးလာကြောင်း မန်နေဂျာတစ်ဦးက ဆိုပါတယ်။ နှစ်သစ်ကူးကာလအတွက် အကြောင်းအရာတွေကြောင့် အွန်လိုင်းကတဆင့်ဈေးဝယ်မှုဟာ တရှိန်ထိုးမြင့်တက်လာခဲ့ပြီး Dingdong platform အနေနဲ့ဝန်ဆောင်မှုအပြည့်ပေးနိုင်အောင် ဝန်ထမ်းအင်အား ၇၅% တိုးမြှင့်ထားခဲ့ပေမဲ့ Coronavirus ကနှစ်သစ်ကူးကာလနဲ့တဆက်တည်း ဖြစ်ပေါ်ခဲ့တာကြောင့် ဈေးဝယ်ယူသူတွေအတွက် service အပြည့်အဝ မပေးနိုင်ခဲ့ပါဘူး။

Store ကိုဝင်ဝယ်သူ ဈေးသည်တွေ နည်းလာတာနဲ့ အမျှ store ဆိုင်ဖွင့်ချိန်တွေကိုလည်း လျှော့ချလိုက်သလို ဆိုင်ပေါင်းမြောက်များစွာကို လုံးဝပိတ်လိုက်တာမျိုးတွေလည်း ရှိပါတယ်။ အိမ်ထဲမှာ ပိတ်မိနေကြတဲ့ လူတွေအတွက် Visual shopping လို့ဆိုတဲ့ ကိုယ်တိုင်ဈေးထွက်ဝယ်ရသလို အွန်လိုင်းကနေ ဈေးဝယ်ခြင်းနည်းတမျိုးဟာ ထွက်ပေါက်တခုဖြစ်စေခဲ့ပါတယ်။ ဥပမာတခုကတော့ ရှန်ဟိုင်းမှာရှိတဲ့ Mixc ဟာ သူ့ရဲ့ customers တွေအတွက် မြောက်များစွာသော ကုန်ပစ္စည်းတွေ အဝတ်အထည်နဲ့fashion brand တွေဖြစ်တဲ့ Nike, Puma နဲ့Fila, အလှကုန်ပစ္စည်းတွေဖြစ်တဲ့ Lancome, Cle de Peau Beaute, Sephora စတဲ့ ကုန်ပစ္စည်းအမျိုးမျိုးကို ရွေးချယ်နိုင်တဲ့ Visual channel တစ်ခုကို ဖန်တီးပေးထားပါတယ်။

Shanghai ရှိ Shopping mall တခု၏ VR Channel တခု။

ဒီနည်းလမ်းတွေဟာ အပြင်မှာ ကိုယ်တိုင်သွားဝယ်တာလောက် customer services အပြည့်အဝ မပေးနိုင်ပေမဲ့ အွန်လိုင်းကနေ အရောင်းသွက်စေတဲ့ နည်းလမ်းမျိုးစုံကို ဖန်တီးအောင် တွန်းအားပေးစေပါတယ်။ ဥပမာ Instagram လို social media shopping feed မှာ ကုန်ပစ္စည်း item တွေတင်ပေးထားပြီး customers တွေနဲ့conment ကနေဆက်သွယ်နိုင်တာမျိုး၊ click တချက်နိုပ်ရုံနဲ့ ဈေးဝယ်လို့ရတာမျိုး ဖြစ်ပါတယ်။ နောက်တနည်းကတော့ Facebook နဲ့WeChat တို့မှာ Live streaming သုံးခြင်းဖြစ်ပါတယ်။ ဒီနည်းကတော့ အားလုံးသိပြီးကြတဲ့အတိုင်း Live လွှင့်ပြီး ဈေးရောင်းနည်းတမျိုး ဖြစ်ပါတယ်။ ဝယ်သူတွေက screenshot ရိုက်၊ comment ကနေဆက်သွယ်ပြီး ဈေးဝယ်နိုင်ပါတယ်။ ဖော်ပြခဲ့တဲ့နည်းလမ်းတွေအားလုံးက online community ရဲ့အရှိန်အဟုန်တစ်ခုရယ် လူလူချင်းဆက်ဆံစရာမလိုပဲ တနည်းအချိန်မကုန် လူမပင်ပန်းပဲ နေရာမရွေး ပါဝင်နိုင်တဲ့ ဈေးကွက်တခုရဲ့အားသာချက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။

မမျှော်လင့်ပဲ တဟုန်ထိုး တိုးတက်လာတဲ့ Gaming Industry
အိမ်ထဲမှာပိတ်မိနေတဲ့ တရုတ်ပြည်သူ smartphones အသုံးပြုသူတွေဟာ apps နှင့် games တွေကို စံချိန်တင် download ဆွဲခဲ့တာကြောင့် global games industry ဟာ ဘီလျံ $150 ထိတိုးထက်ခဲ့ပါတယ်။ တရုတ်ရဲ့ အကြီးဆုံး mobile game provider ဖြစ်တဲ့ Tencent ရဲ့ရှယ်ယာဈေးဟာ ခုန်တက်သွားပြီး ကုမ္ပဏီရဲ့ယခုလက်ရှိ market capitalization ဟာ ဘီလျံ $500 အထက်ရှိနေပါတယ်။ Gaming apps တွေအပြင် educational app တွေရဲ့download အကြိမ်အရေအတွက်တွေလဲ တဟုန်ထိုး တက်လာခဲ့တာပါ။

ဒီလိုကူးစက်ရောဂါကပ်အတွင်း Game industry ကြီးတိုးတက်လာပြီး Gaming ကုမ္ပဏီတွေ အတွက် အခွင့်အလမ်းတရပ် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာမဟုတ်ပါဘူး။

“ဂိမ်းဆော့ရင်း အချိန်ဖြုန်းသူများလေလေ (monetize) ဂိမ်းနဲ့ပတ်သက်တဲ့ ဝင်ငွေများလေလေပါပဲ” လို့ Niko Partners ရဲ့analyst တဦးကပြောပါတယ်။

တချို့ Game company ကြီးတွေဖြစ်တဲ့ Sony နဲ့ Nintendo လို Hardware Sales တွေကို အားထားရသူတွေကတော့ hardware supply chains တွေ၊ စက်ရုံတွေ ရပ်ဆိုင်းထားရတာကြောင့် ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ လက်ရှိမှာ Nintendo share ဟာ ၉% ကျဆင်းသွားနေပြီး virus ကို ရေရှည်မှာ မထိန်းချုပ်နိုင်သေးဘူးဆိုရင် Sonny က November မှာ launch လုပ်မဲ့ PlayStation 5 အတွက် ထိခိုက်နစ်နာမှု များဦးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်တော့ အွန်လိုင်းကဈေးဝယ်ခြင်းက တခြားနိုင်ငံတွေထက်စာလျှင် အလှမ်းဝေးနေပါသေးတယ်။ အဓိကပြသနာကတော့ payment method တွေပဲဖြစ်ပါတယ်။ အခုအခါမှာ visa, master စတဲ့နိုင်ငံတကာ payment method တွေအပြင် Local payment တွေနဲ ချိတ်ဆက်ထားပေမဲ့ local Bank အချင်းချင်း ချိတ်ဆက်ထားတဲ့ စနစ်မရှိခြင်း၊ online banking စနစ်ဖွံဖြိုးမှုအားနည်းခြင်းစတာတွေကြောင့် online payment အသုံးပြုတဲ့သူအရေအတွက်က အလွန်နည်းပါး နေပါသေးတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။

Reference: Financial Times, JingDaily, BBC, ChinaDaily.