Economy

INFLATION (ငွေကြေးဖောင်းပွခြင်း)

          ကုန်ဈေးနှုန်းတွေတက်တဲ့အကြောင်း ဆရာမကြီး မစန္ဒာရေးဖူးတဲ့ ဝတ္ထုတိုတစ်ပုဒ်ရှိပါတယ်။ ဝတ္ထုထဲမှာ အိမ်ရှင်မအဒေါ်ကြီးတစ်ယောက် မနက်စောစော ဈေးခြင်းတောင်းလေးဆွဲပြီး ဈေးကိုပတ်တယ်ပေါ့။ အသား၊ငါးရောင်းတဲ့ အတန်းသွား၊ ဈေးတွေမေး၊ အကုန်လုံးနီးပါးကဈေးတွေတက်။ မွေးမြူစရိတ်တက်လို့၊ အစားစရိတ်တွေကြီးလို့တက်ရပါတယ်ပေါ့။ ဈေးသည်တွေကလည်းပြန်ရှင်းပြကြပါတယ်။ တစ်ခါ အသုံးအဆောင်ပစ္စည်းဆိုင်တွေဘက်ရောက်ပြန်တော့လည်း ထူးမခြားနားပါပဲ။ စက်သုံးဆီဈေးတက်တော့ သယ်ယူစရိတ်တွေ ပိုပေးရလို့ ဈေးတက်ရပါတယ၊် ဘာညာပေါ့။ ဒါနဲ့ အဒေါ်ကြီးလဲ စိတ်ညစ်ညစ်နဲ့ ဝယ်စရာရှိတာဝယ်ပြီး ပြန်ကာနီးကြတော့ အိမ်မှာခွေးပစ်ဖို့လောက်စာလုံးကုန်ပြီပဲဆိုပြီး လောက်စာလုံးရောင်းတဲ့ ကောင်လေးဆီသွား၊ ဈေးမေးကြည့်တော့ လောက်စာလုံးလဲ ဈေးတက်နေပြန်ရော။ ဒီတစ်ခါတော့ သူမအောင့်နိုင်တော့ဘူး၊ ကောင်လေးကိုစေ့စေ့ကြည့်ပြီး “ဟဲ့ သူများတွေက အရင်းတွေဈေးတက်လို့ သူတို့လည်းဈေးလိုက်တက်ရတာလေ၊ နင့်ရွှံ့က ချောင်းကမ်းပါးက အလကားရတဲ့ဟာ ဘယ်လိုလုပ်ဈေးတက်ကုန်ရတာလဲ သေနာလေးရဲ့” ဆိုပြီး အငေါ်တူးလိုက်ရော။ အဲဒီမှာ ဆရာသမားက “ အန်တီကလည်း အသုပ်တွေ၊ မုန့်ဟင်းခါးတွေက ဈေးတက်ကုန်ပြီဗျ၊ အရင်ဈေးနဲ့သာရောင်းနေရင် ဝယ်မစားနိုင်တော့ဘူး။ ဗိုက်ဆာရင် ဒီရွှံ့တွေထိုင်ဝါးနေလို့မှ မရတာ” ဆိုပြီး နှုတ်လှန်ထိုးပါလေရဲ့။ ဒီတော့မှ အဒေါ်ကြီးလဲ “အယ် ဟုတ်တယ်ဟ” ဆိုပြီး ပါးစပ်ပိတ်သွားရောလို့ ဆရာမကြီးက ဝတ္ထုကို အဆုံးသတ်ထားပါတယ်။
          ကုန်ဈေးနှုန်းတက်တာ၊ ငွေကြေးဖောင်းပွတာနဲ့ပတ်သတ်လို့ ဆရာမကြီးရေးခဲ့တဲ့ တခြားဝတ္ထုတိုတွေလည်း ရှိသေးပေမဲ့ ဒီဝတ္ထုလေးကတော့ အတော်လေးမြင်သာထင်သာရှိလို့ နမူနာပြောပြတာပါ။ ဒီဝတ္ထုလေးကိုရေးခဲ့တာ ၁၉၉၀လောက်က ဆိုပေမဲ့ ကုန်ဈေးနှုန်းတွေကတော့ ဒီနေ့အထိလည်းတက်နေဆဲပါ။ နေထိုင်စားသောက်စားရိတ်တွေကစလို့ အဝတ်အစားအသုံးအဆောင်၊ အလှပြင်ပစ္စည်းတွေ၊ ဆေးဝါးတွေအထိ အကုန်လုံးပါပဲ။ ဒါတွေအားလုံးရဲ့ အဓိကရင်းမြစ် လက်သည်ကို လိုက်ဆန်းစစ်လိုက်ရင်တော့ ဒီနေ့ ကျွန်တော်ခေါင်းစဉ်တက်ထားတဲ့ “INFLATION” ဆိုတဲ့ “ငွေကြေးဖောင်းပွမှု” ကိုသွားတွေ့ရမှာပါ။
          ဒီတော့ ငွေကြေးဖောင်းပွမှုဆိုတာ ဘယ်ကစဖြစ်လဲ၊ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကို ဘယ်လိုရိုက်ခတ်နေလဲ၊ နိုင်ငံတစ်နိုင်ငံအပေါ်ကော ဘယ်လိုသက်ရောက်နေလဲ (ဥပမာ- ဇင်ဘာဘွေတို့၊ ဗင်နီဇွဲလားတို့မှာ ၁သန်းတန်ပိုက်ဆံတွေရိုက်ထုတ်နေရတဲ့အထိဖြစ်ခဲ့တဲ့ Hyperinflation တွေ)၊ ငွေကြေးဖောင်းပွမှုတွေ ကြားထဲမှာ ဘယ်လိုရှင်သန်နေထိုင်ရမယ်ဆိုတာတွေကို ကျွန်တော်တို့ Orio Ecconomic က အောက်မှာဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။

What is INFLATION?
          INFLATION ဆိုတဲ့ ငွေကြေးဖောင်းပွမှုကို အဓိပ္ပါယ်ဖွင့်ရရင်တော့ ဈေးကွက်အတွင်းရှိ သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းတစ်ဆွဲရဲ့ ပျမ်းမျှဈေးနှုန်းဟာ သတ်မှတ်ချိန် အတိုင်းအတာတစ်ခုအတွင်းမှာ ဘယ်လောက်မြင့်တက်လာသလဲဆိုတာကို တိုင်းတာတဲ့ နှုန်းတစ်ခုဖြစ်ပါတယ်။ ဖော်ပြတဲ့အခါမှာတော့ ရာခိုင်နှုန်းနဲ့ရေးသားဖော်ပြပါတယ်။ တစ်နည်းပြောရရင်တော့ ကုန်စည်ရဲ့ဈေးနှုန်းတက်လာတဲ့အတွက် ကိုယ့်လက်ထဲက ငွေကြေး (currency) ရဲ့ ဝယ်နိုင်စွမ်းအား (purchasing power) ကျဆင်းသွားရပါတယ်လို့လည်း ဆိုကြပါတယ်။ ဒါတွေက တကယ်တော့ အားလုံးလည်းသိထားပြီးသားတွေပါ။ ဒီတော့ အကျယ်ချဲ့မနေတာ့ဘဲ ငွေကြေးဖောင်းပွမှုကိုဖြစ်စေတဲ့ အခြေခံ အကြောင်းအရင်း (၃)မျိုးကို ဆက်ပြောပြပါမယ်။

 

(၁)Cost-Push Inflation (ကုန်ကျစရိတ်အတွန်း)
          ကုန်ထုတ်လုပ်ငန်းတွေမှာ အဓိကအင်အားစုတွေဖြစ်တဲ့ Factors of Production ဆိုတာတွေရှိပါတယ်။ သူတို့ထဲမှာပါတဲ့ Land (မြေသယံဇာတ)၊ Labour(လူစွမ်းအားအရင်းအမြစ်)၊ Capital (ငွေအရင်းအနှီး၊ပစ္စည်းအရင်းအနှီး) စတဲ့ အဓိက Input တွေအတွက် ကုန်ကျစရိတ်တက်လာရင် ထုတ်ကုန်တွေလည်း ဈေးလိုက်တက်ရပါတော့တယ်။ ဒီလို ငွေကြေးဖောင်းပွမှုမျိုးကိုတော့ ကုန်ကျစရိတ်အတွန်း-ငွေကြေးဖောင်းပွမှု (Cost- Push Inflation) လို့သမုတ်ကြပါတယ်။
          ဆိုရရင်တော့ အပေါ်က Factors တွေထဲမှာ Land-ဆိုတဲ့ မြေသယံဇာတဆိုရင် မြေကြီးထဲကထွက်သမျှ ကုန်ကြမ်းတွေဖြစ်တဲ့ ရေနံ၊ သံသတ္တုရိုင်း၊ ကျောက်မီးသွေး၊ သစ်သား စတာတွေအပြင် စိုက်ပျိုးမြေ၊ စက်မှုဇုံမြေ စတာတွေအကုန်အကြုံးဝင်ပါတယ်။ သူတို့ရဲ့တန်ဖိုးတွေ မတည်မငြိမ်ဖြစ်လေ ငွေကြေးဖောင်းပွမှုကို ထိခိုက်လေပါပဲ။ တခြား Factors တွေဖြစ်တဲ့ Labour ဆိုရင်လည်း အားလုံးသိတဲ့အတိုင်း လစာတိုးဖို့ ဆန္ဒတွေ တခြိမ်းခြိမ်းပြ၊ ဒို့အရေးတွေလုပ်။ ဒီတော့ ညှိကြနှိုင်းကြရင်း၊ လစာတိုးပေးရင်းနဲ့ နောက်ဆုံးတော့ ကုန်ကျစရိတ်တွေတက်ရောပေါ့။ Capital ဆိုလည်း ထိုနည်း၎င်းပါပဲ။ ဒီမှာကြုံလို့ပြောချင်တာကတော့ လျှပ်စစ်ဓါတ်အားကလည်း ကုန်ထုတ်လုပ်ငန်းတွေအတွက် အရေးကြီး Factor တစ်ခုပါ။ မီတာခတွေတက်တုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်က မီတာခတက်လို့ ဈေးတွေမတက်နိုင်ပါဘူးပြောသွားတာ မှတ်မိကြဦးမှာပါ။ သူဘယ်လိုစဉ်းစားပြီးပြောသွားတာလဲဆိုတာကိုတော့ ကျွန်တော်တော့ နားမလည်နိုင်သေးဘူးဗျ။ သူနဲ့တွေ့တဲ့အခါ မေးကြည့်ကြတာပေါ့။

(၂)Demand-Pull Inflation (ဝယ်လိုအားအဆွဲ)
          ဒုတိယတစ်ခုကိုဆက်ရရင်တော့ ဈေးကွက်သဘောတရားအရ Supply နဲ့ Demand ရှိရာမှာ Supply ကမူရင်းအတိုင်းရှိနေပေမဲ့ Demand ကပိုတက်လာတာ ဒါမှမဟုတ် Demand ကနဂိုအတိုင်းရှိနေပေမဲ့ Supply ကလိုသလောက်မထုတ်ပေးနိုင်တာ စတဲ့ Supply & Demand Gap ကျယ်ပြန့်သွားတဲ့ အခြေအနေမျိုးတွေရှိပါတယ်။ အဲ့အခါမှာ ဝယ်လိုအားအဆွဲ (Demand-Pull Inflation) ဆိုတဲ့ ငွေကြေးဖောင်းပွမှု ဖြစ်ရပါတော့တယ်။ ဒါနဲ့ပတ်သတ်ပြီး ဥပမာတွေကတော့ အများကြီးပါ။ အနီးဆုံးအဖြစ် သီတင်းကျွတ်ပိတ်ရက်တုန်းက အားလုံး အားလုံး ကိုယ်စီကိုယ်စီ ကိုယ့်နယ်ကို အုတ်အော်သောင်းတင်းပြန်ကြတုန်းက အဝေးပြေးကားလက်မှတ်တွေ နှစ်ဆ၊ သုံးဆတက်ကုန်ကြတဲ့အဖြစ်က Demand-Pull Effect ပါပဲဗျာ။                  က.ည.န ကတိုင်လို့ရတယ်ဆိုပေမဲ့ အဝေးပြေးတစ်ဝင်းလုံး ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ ဈေးတက်နေကြတာရယ် ကိုယ်မပေးလဲ တောင်းသလောက်ပေးပြီးပြန်မဲ့လူတွေကများတော့ အောင့်သက်သက်နဲ့ ပေးခဲ့ရတာပဲမဟုတ်လား။ နယ်ပြန်လက်ဆောင်ဝယ်ရလို့ ပိုက်ဆံကုန်နေပါတယ်ဆိုမှလေ။ နိုင်ငံနဲ့ချီတဲ့ သာဓကဆိုရင်တော့ ရေနံထုတ်လုပ်တဲ့ OPEC အဖွဲ့ဝင်နိုင်ငံတွေပေါင်းပြီး တင်ပို့နေကြရေနံစိမ်းတန်ချိန်ကိုလျှော့ချကာ ရေနံဈေးတက်အောင်လုပ်တဲ့ အကွက်တွေဆိုရင်လဲ ဒီအမျိုးအစားထဲ ပါပါတယ်။ ဒါမျိုးဆို Supply ကိုလျှော့ချပြီး ဈေးကစားတဲ့ပုံစံပေါ့။ ခုနောက်ဆုံးတစ်ခုကို ဆက်သွားကြပါမယ်။

(၃)Built-in Inflation or Price/Wage Spiral ( လုပ်ခ/ဈေးနှုန်း ကြောင်လိမ်လှေကား)
          ဒီလုပ်ခ/ဈေးနှုန်း ကြောင်လိမ်လှေကားပုံစံကတော့ ဘဲဥအစရှာမရသလိုပဲ ဈေးနှုန်းတွေတက်လို့ လုပ်ခတွေတိုးတောင်း၊ လုပ်ခအတွက် ကုန်ကျစရိတ်များလာလို့ ဈေးနှုန်းတွေတက်နဲ့ ဘယ်ဟာကအရင်မှန်းကို ပြောလို့မရပါဘူး။ ဒါကြောင့် အစိုးရက ဝန်ထမ်းတွေအတွက် လစာတိုးပေးလိုက် ကုန်ဈေးနှုန်းကလိုက်တက်လိုက်နဲ့ သမင်မွေးရင်း ကျားစားရင်းဖြစ်နေတော့တာပါ။ ဒီငွေကြေးဖောင်းပွမှုပုံစံမှာ အဓိကဆိုလိုချင်တဲ့ သီဝရီက လစတိုးပေးလိုက်တဲ့အချိန်မှာ ဈေးကွက်ထဲကို ပိုက်ဆံငွေကြေးအမြောက်အများ စီးဆင်းသွားပြီးတော့ လူတွေရဲ့လက်ထဲက ငွေကြေးတွေဟာ ဝယ်နိုင်စွမ်းအား (purchasing power) တွေကျသွားတော့တာပါ။ တစ်ခါတစ်ရံမှာ အစိုးရနဲ့ ပုဂ္ဂလိက ဘဏ်တွေရဲ့ ဘဏ်အတိုးနှုန်း ပေါ်လစီအပြောင်းအလဲတွေဟာလည်း ဒီလို ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေပါတယ်။ ဥပမာ ဘဏ်ကငွေချေးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ သက်သာအောင် ဘဏ်တိုးနှုန်းချလိုက်ပေမဲ့ ငွေအပ်တဲ့သူတွေကြတော့ အတိုးနှုန်းနည်းတယ်ဆိုပြီး ဘဏ်ထဲကငွေတွေ အလုအယက်ပြန်ထုတ်ကုန်ကြမှာပါ။ အဲ့အခါကြရင် ဈေးကွက်ထဲ ငွေကြေးတွေ လိုတာထက်အများကြီး ပိုလျှံကုန်လို့ ငွေကြေးဖောင်းပွမှုတွေဖြစ်၊ ဈေးတွေတက်နဲ့ ဇာတ်လမ်းတွေရှုပ်ကုန်တတ်ပါတယ်။

ခုလက်ရှိတော်တော်များများလက်ခံထားကြတဲ့ ဖီလော်ဆော်ဖီကတော့ အင်္ဂလန်နိုင်ငံက စီးပွားရေးပညာရှင်ဖြစ်တဲ့ ဂျွန်မေနတ်ကိန်း (John Maynard Keynes) ရဲ့ “A bit Inflation can grow the economy” ဆိုတဲ့ အဆိုအမိန့်ဖြစ်ပါတယ်။

Pros & Cons
          Everybody has his own taste ဆိုသလိုပဲ လူတစ်ကိုယ် အကြိုက်တစ်မျိုး၊ လူတစ်ကိုယ် အမြင်တစ်မျိုးစီပါ။ တချို့တွေကလည်း ငွေကြေးဖောင်းပွတာ ဘယ်လိုနည်းနဲ့မှ မကောင်းဘူးဆိုတဲ့သူတွေရှိသလို၊ ငွေကြေးဖောင်းပွတာ စီပွားရေးတိုးတက်မှုပြယုဂ်တမျိုးပဲ၊ အလွန်အမင်းဖြစ်တဲ့ (hyperinflation) ကသာကြောက်ဖို့ကောင်းတာဆိုတဲ့ သူတွေလည်းရှိပါတယ်။ ခုလက်ရှိတော်တော်များများလက်ခံထားကြတဲ့ ဖီလော်ဆော်ဖီကတော့ အင်္ဂလန်နိုင်ငံက စီးပွားရေးပညာရှင်ဖြစ်တဲ့ ဂျွန်မေနတ်ကိန်း (John Maynard Keynes) ရဲ့ “A bit Inflation can grow the economy” ဆိုတဲ့ အဆိုအမိန့်ဖြစ်ပါတယ်။ ဒါကြောင့်လဲ အမေရိကန်နိုင်ငံဆိုရင် သူရဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို 2%ပတ်ဝန်းကျင်ဖြစ်အောင် အမြဲထိန်းထားနေတာပါ။
          ဒါဆိုကျွန်တော်တို့နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းကရောဗျာ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မြန်မာစာရင်းအင်း သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်း (MSIS) ၏ အဆိုအရ အမိမြန်မာနိုင်ငံကြီးရဲ့ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်း (Annual Inflation Rate) က 8.35% ရှိခဲ့ပြီး ဇန်နဝါရီလတုန်းက 5.02%ရှိနေ ခပ်သွက်သွက်ကလေး တက်လာတဲ့သဘောပါ။ MSIS ရဲ့အဆိုအရ ငွေကြေးဖောင်းပွမှုနှုန်းကိုတိုင်းတာတဲ့ စာသုံးသူ အညွှန်းကိန်း (Consumer Price Index) ဟာ NLD အစိုးရလက်ထက်အတွင်း အမြင့်ဆုံးအနေအထားရောက်ခဲ့ပြီး ၁၆၀နီးနီးဖြစ်လာပါတယ်။ ဒီအကြောင်း အကျယ်တဝင့်ကိုတော့ သတင်းစာ ဂျာနယ်တွေတော်တော်များများမှာ ရေးထားခဲ့ပြီးဖြစ်လို့ ရှာဖတ်ကြည့်နိုင်ပါတယ်ဗျာ။ လမ်းကြုံလို့ဆက်ပြောရရင် Asia Development Bank ရဲ့ခန့်မှန်းချက်အရ ၂၀၁၉အကုန်မှာ မြန်မာနိုင်ငံရဲ့ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Average Inflation Rate) ဟာ 6.8% လောက်ဖြစ်နိုင်ပြီး အာဆီယံမှာအမြင့်ဆုံးအဖြစ် ဗိုလ်ဆွဲနိုင်မှာပါတဲ့။ ဘာလို့လဲဆိုတော့ ဒုတိယကပ်လိုက်နေတဲ့ ဖိလစ်ပိုင်က 3.8% ပဲရှိနိုင်လို့ပါ။
          MSIS ရဲ့သုံးသပ်ချက်ကတော့ ဒီလိုငွေကြေးဖောင်းပွမှုနှုန်း အမြန်အဆန်တိုးတက်လာရတဲ့ အဓိကအကြောင်းအရင်း (၃)ခုကိုတွေ့ရတယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ရာသီဥတုဖောက်ပြန်ပြီး ရေကြီးတာရယ်၊ ဒေါ်လာဈေးနဲ့ယှဉ်ရင် မြန်မာကျပ်ငွေတန်ဖိုးနိမ့်ကျနေတာရယ်၊ လောင်စာဆီဈေးနှုန်းတက်တာရယ်ကြောင့်လို့ စစ်တမ်းမှာဖော်ပြပါတယ်။ နောက်နှစ်တွေအတွက်ခန့်မှန်းရာမှာလည်း ဒီထက်ထပ်တက်ဖို့တော့ မရှိတော့ပေမဲ့ ကျရင်လည်း (၁)ရာခိုင်နှုန်း၊ (၂)ရာခိုင်နှုန်းလောက်ပဲ ကျဖို့ရှိပါတယ်။
          ဒီတော့ မိန်းမယူဖို့ ပိုက်ဆံစုနေတဲ့ ကိုကိုတွေ ယူမယ်ဆိုရင် ခုထဲကယူဖို့ အကြံပေးပါရစေ။ နို့မို့ စုထားတဲ့ပိုက်ဆံတွေရဲ့ ဘဏ်တိုးနှုန်းကို Inflation rate ကကျော်သွားလို့ ဟုတ်ပေ့ဖြစ်နေပါဦးမယ်။ ဒီကြားထဲ ယောက္ခမလောင်းတွေက စီပွားရေးပညာရှင်တွေဖြစ်ပြီး တင်တောင်းငွေကို Inflation rate နဲ့တွက်ပြီးထပ်တောင်းရင် ကိုယ့်လူတော့ပြီးရောပဲ။ FA တွေကတော့ သိပ်ပူစရာမရှိပါဘူး။ ကိုယ့်လစာက ၁နှစ်ကို အနည်းဆုံး ၁၀%လောက်တိုးနေရင် ငွေကြေးဖောင်းပွမှုနှုန်းကို ပြန်ကာနိုင်ပါတယ်။ အလုပ်တွေဘာတွေပြောင်းလို့ ၃၀%တွေ၊ ၄၀%တွေတိုးကုန်ရင်တော့ “Single is the Best”ဆိုပြီး ယပ်လေးခပ်နေယုံပဲဆိုတာတင်ပြရင်း Inflation အကြောင်း အခြေခံလေးကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။

contributed by Thaw Htet
ကူးယူဖော်ပြခွင့် မပြုပါ။

Invisible Hand

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကစလို့ ကျွန်မတို့နေထိုင်ရာကမ္ဘာကြီးပေါ်မှာ ပြောင်းလဲတိုးတက်မှုတွေ အဆက်မပြတ်ဖြစ် ပေါ်နေပါတယ်။ နှစ်တွေကြာလာလေ လူတွေကတယောက်နဲ့တယောက် ပိုမိုဆက်သွယ်မှုတွေရှိလာလေ၊ မယုံကြည်နိုင် လောက်အောင်ပြောင်းလဲတိုးတက်မှုတွေဖြစ်ပေါ်လာလေပါပဲ။ ဟိုးတချိန်တုန်းက လူတယောက်ဟာ သူ့ရွက်သူလွှင့်၊ သူ့မြင်းသူဆွဲ၊ သူ့ကလောင်သူကိုင်ကာ သူသိသမျှမှတ်တမ်းတင်ခဲ့တဲ့သူ၊ နောက်ပြီး ယနေ့ကျွန်မတို့ကမ္ဘာပေါ်မှာ ဖြစ်ပျက်ပြောင်းလဲမှုတွေရဲ့ အခြေခံသဘောတရားဖြစ်တဲ့ ဈေးကွက်ဆိုတဲ့အဓိပ္ပါယ်ကို စတင်ထုတ်ဖော်ခဲ့သူတယောက်ရှိခဲ့ပါတယ်။ သူကတော့ ကမ္ဘာပထမဦးဆုံးစီးပွာရေးပညာရှင်၊ အတွေးအခေါ်ပညာရှင်စကော့်ရှ်လူမျိုး Adam Smith အဒမ်စမစ်ဖြစ်ပါတယ်။ သူဟာကမ္ဘာပေါ်မှာအထင်ရှားဆုံးစာအုပ်၂အုပ်ဖြစ်တဲ့ The Theory of Moral Sentiments နဲ့The Wealth of Nations ဆိုတဲ့စာအုပ်၂အုပ်ကို မှတ်တမ်းတင်ရေးသားခဲ့သူလဲဖြစ်ပါတယ်။ Smith ရဲ့ အထင်ရှားဆုံးအတွေးအခေါ်တွေထဲကမှ “Invisible Hand” မမြင်ရသောလက်များဆိုတဲ့ concept ဟာအထင်ရှားဆုံးဖြစ်ပါတယ်။ ဒါဟာဘာကိုဆိုလိုသလဲဆိုတာ အခုဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။

Adam Smith ကို 1723 ခုနှစ်၊ Kirkcaldy ရဲ့ ပင်လယ်ကမ်းစပ်မြို့ငယ်လေးတခုမှာမွေးဖွားခဲ့ပါတယ်။ အဲမြို့လေးမှာပဲ ရှိတဲ့ ဈေးသည်တွေနဲ့ အင်မတန်စည်ကားလှတဲ့ ဈေးသေးသေးလေးကနေ သူဟာစီးပွားရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေကိုသင်ယူခဲ့တယ်။ Glasgow University မှာပညာသင်ကြားခဲ့ပြီးနောက် ထိပ်တန်းအုပ်ချုပ်သူတယောက်ဖြစ်လာခဲ့ပါတယ်။ Scotland နိုင်ငံရဲ့မြို့တော် Edinburgh မှာပဲနေထိုင်ပြီး၊ စီးပွားရေးနဲ့အတွေးအခေါ်ပညာရပ်တွေကို သင်ကြားပြသပေးတယ်။ ထို့နောက် ယနေ့ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးနဲ့ ထင်ရှားတဲ့ လူမှုစီးပွားရေးအတွေးအခေါ်ဖြစ်တဲ့ ဈေးကွက်ဆိုတဲ့အရာကို စတင်ရှင်းပြစေတဲ့Invisible Hand ဆိုတဲ့ စကားရပ်တခုကိုတီထွင်ခဲ့ပါတယ်။ အဲစကားလုံးဟာစီးပွားရေးအကြောင်းကို အခြေခံထားတဲ့ အဓိကလူ၂မျိုး၂စားဖြစ်တဲ့ ရောင်းသူနဲ့ဝယ်သူဆိုတာကိုရှင်းပြထားပါတယ်။

Smith က ရောင်းသူတွေဟာ ဝယ်သူရဲ့စိတ်နှလုံးသားကိုပိုင်ဆိုင်သွားတဲ့အခါ အကောင်းဆုံးအလုပ်လုပ်တယ်လို့ဆိုပါတယ်။ နောက်ပြီးကျွန်တော်တို့က တယောက်ကိုတယောက် အကျိုးရှိမဲ့ Partner အဖြစ်မြင်ကြတယ်၊ လုပ်ဖော်ကိုင်ဖက်တွေလို့မြင်ကြတယ်၊ သင်ကငါ့အတွက်အခွင့်အရေးတခုပဲ ရန်သူမဟုတ်ဘူး။ ဒါကိုကြည့်ပြီး Smith က ရောင်းသူတွေဟာ ကုန်ပစ္စည်းတွေကို ကမ္ဘာတဖက်ခြမ်းက လိုချင်တဲ့သူတွေဆီရောက်အောင် ပြုလုပ်ကြတာကိုနားလည်သဘောပေါက်ခဲ့တယ်။ ဒါဟာ သိပ်ရိုးဆင်းတဲ့ အကြောင်းအရာဖြစ်ပေမဲ့ တခါတလေအစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ အလွန်ရှုပ်ထွေးတဲ့အကြောင်းအရာပါ။ ဒါပေမဲ့သူကဒါကိုလွတ်လပ်တဲ့ ဈေးကွက်ရဲ့သဘောသဘာဝတခုဆိုတာ သဘောပေါက်ခဲ့တယ်။ လွတ်လပ်တဲ့ဈေးကွက် “free market” နဲ့ပတ်သက်ပြီး အရေးပါတဲ့အချက်တခုက မတူညီတဲ့လူတွေဟာ မတူညီတဲ့အလဲအလှယ်တွေကြားပြုလုပ်တဲ့ voluntary trade ဆိုတာပဲဖြစ်ပါတယ်။ နောက်ပြီး ဘယ်လိုလူမျိုးက ဘယ်အချိန်မှာ ဘယ်အရာကိုလိုအပ်နေတယ်ဆိုတာကို သဘောပေါက်တဲ့ရောင်းချသူတွေက လူတွေကိုပေးနိုင်ဖို့ကြိုးစားကြတယ်။ ဥပမာမိုးတွေရွာတဲ့အခါထီးရောင်းတဲ့သူတွေ ဒါမှမဟုတ ပင်လယ်ကမ်းခြေမှာ နေကာမျက်မှန်ရောင်းတဲ့သူတွေကို သင်သတိပြုမိဖူးမှာပါ။ Adam Smith ကဒီလိုဘာကြောင့်ဖြစ်လာလဲဆိုတာ ယခုလိုပြောပြခဲ့ပါတယ်။ ကျွန်တော့်ညစာအတွက် ဈေးကဝယ်လိုက်ပြီး ချက်ပြုတ်ထားတဲ့ အသားကင်၊ ပေါင်မုန့်တချပ်နဲ့ ဝိုင်တခွက်ရှိပါတယ်။

ဒီလိုညစာကောင်းကောင်းစားရဖို့ သားသတ်သမားတွေ၊ အရက်ချက်သူတွေ၊ ပေါင်မုန့်ဖုတ်သူတွေက စေတနာကောင်းလို့ မုန့်တွေပြုလုပ်ပေးနေတာမဟုတ်ဘူး။ သူတို့ကသူတို့အကျိုးစီးပွားကြောင့်လုပ်နေတာ။ ကျွန်တော်တို့ လူသားဆန်စွာနဲ့ ကိုယ်ကိုယ်ကိုယ်ချစ်လို့ ကိုယ့်အကျိုးကိုယ်ကြည့်တာ၊ သူများအကျိုး ကုသိုလ်ရေးလုပ်နေတာမဟုတ်ကြပါဘူးလို့ပြောခဲ့တယ်။ Adam က ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ဆိုတာ မုန့်ဖုန်သမားက သူ့ရဲ့ဝမ်းရေးအတွက်နဲ့ သူ့မိသားစုက ကျွေးမွေးဖို့ပြုလုပ်တာကိုပြောတာပါ။ အဲလိုလုပ်ဖို့အတွက် သူတို့က တခြားသူတွေဝယ်မယ်လို့ တွက်ထားတဲ့ပေါင်မုန့်တွေလုပ်တယ်။ ဘယ်သူကမှပေါင်မုန့်လုပ်ပါလို့မပြောဘူး။ သူ့ဘာသာသူ့အကျိုးစီးပွားကြောင့်လုပ်တာဖြစ်ပါတယ်။ Smith တွေ့ခဲ့တဲ့အရာက အပြန်အလှန်တကိုယ်ကောင်းဆန်မှုမဟုတ်ပါဘူး။ သူတွေ့တာ လူ့ကျင့်ဝတ်နဲ့သက်ဆိုင်တဲ့ အပြန်အလှန်လေးစားမှုပါ။

နောက်ပြီးပေါင်မုန့်တလုံးကို ဘယ်လောက်ပေးချေသင့်သလဲဆိုတာကို ဘယ်သူကသတ်မှတ်တာလဲဆိုတဲ့အချက်ကို smith ကဒီလိုရှင်းပြထားပါတယ်။ ဥပမာ ကျွန်တော်တို့အားလုံးပေါင်မုန့်လိုချင်တယ်။ ဒါပေမဲ့ပေါင်မုန့်ဖုတ်သမားက အရည်အတွက်အတိုင်းအတာတခုထိပဲ ဖုတ်နိုင်တယ်။ အဲဒီအခါ မုန့်ဖုတ်သမားကဈေးကိုတိုးလိုက်တယ်။ ဘာကြောင့်လဲဆိုဈေးကွက်ရဲ့ ဝယ်လိုအားနဲ့ရောင်းလိုအားအခြေအနေကို သိတာကြောင့်မိုလို့။ အဲဒီအချိန်မှာပဲ အခြားမုန့်ဖုတ်သမားရောက်လာတယ်။ ပေါင်မုန့်လိုချင်သူတွေက သူ့ဆီကိုရောက်သွားကြတယ်။ လယ်သမားတွေကလဲမုန့်ဖုတ်သမားတွေက ဂျုံလိုအပ်တာကို သိလို့ဂျုံကိုပိုတိုးစိုက်ကြတယ်။ ကုန်ပို့သူတွေက ဂျုံကိုလယ်သမားဆီကနေ မုန့်ဖုတ်သမားတွေထိရောက်အောင် ပို့ဆောင်ပေးပြီးပိုက်ဆံရှာလို့ရမှန်းသဘောပေါက်လာကြတယ်။ ဒါကြောင့်ကုန်တင်ကားတွေဝယ် ကားမောင်းသမားတွေ ခန့်ပစ်လိုက်ကြတယ်။

ကျွန်မတို့အားလုံး ကိုယ့်ကိုစိတ်ကျေနပ်စေမဲ့ကုန်ပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံအိတ်တွေကို အလိုတူဖွင့်ပေးလိုက်ကြတယ်။ ဘယ်သူကမှလုပ်ပါပြောလို့ လုပ်ကြတာမဟုတ်ဘူး။ ကိုယ့်သဘောနဲ့ကိုယ်လုပ်ကြတာ။ အဲဒီလိုရောင်းဝယ်မှုပြုလုပ်တိုင်းမှာ message တွေလဲပို့လွှတ်ကြတယ်။ ဈေးကွက်ထဲမှာsupply မြင့်လာတဲ့အခါပြိုင်ဆိုင်မှုအရ ပစ္စည်းဈေးနှုံးတွေကျလာတယ်။ လူတွေဟာ ပစ္စည်းချင်းတူရင် ဈေးသက်သာတဲ့ဆီကိုရောက်အောင်သွားကြတာကြောင့်ပါ။

ဈေးသည်တွေဟာ ဈေးကွက်ဝယ်လိုအားကိုချိန်ညှိပြီး အလိုအလျောက်ရောင်းလိုအားတွေတိုးမြှင့်လာတယ်။ တခြားတဖက်မှာလဲ ပေါင်မုန့်ဝယ်လို့ရတဲ့နေရာက လာချင်စဖွယ်ဖြစ်အောင် နွေးထွေးပြူငှာဖော်ရွေအောင်ပြုလုပ်ထားတယ်။ ဈေးနှုံးထက်ပိုတဲ့ပြိုင်ဆိုင်မှုတွေရှိလာတယ်။ ဒါတွေအားလုံးဟာ အစိုးရရဲ့စိုးမိုးချယ်လှယ်မှုတခုမှမပါဘဲ သူ့ဘာသာသူဖြစ်လာတာဖြစ်တယ်။ ဒါကို Smith ကလုပ်ငန်းခွင်ရဲ့ invisible hand လို့တင်စားခဲ့တာဖြစ်တယ်။ ဈေးကွက်သဘောအရ ကုန်ပစ္စည်းတန်ဖိုးဟာ တဖြည်းဖြည်း ကျလာပြီး အရည်အသွေးနဲ့ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်လာကြတယ်။ ဒီသဘာတရားဟာ မုန့်ဖုတ်သမားကစလို့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးတွေထိ သက်ရောက်နေတာဖြစ်ပြီး ဒီလိုဖြစ်လာအောင် ဘယ်သူကမှ plan ချပြီးစီစဉ်ထားတာမဟုတ်ပဲ Invisible Hand ကြောင့်သာဖြစ်တယ်။

ဒီသဘောကိုဆန့်ကျင်တဲ့အခြေအနေတရပ်ကတော့ လောဘကြီးတဲ့စီးပွားရေးသမားတွေက လူတွေကိုလှည့်စားပြီး လက်ဝါးကြီးအုပ်ဖို့ကြိုးစားကြခြင်းပါပဲ။ ဒါကြောင့် Smith ကလွတ်လပ်တဲ့ပြိုင်ဆိုင်မှု free competition နဲ့free trade ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ ဒါကြောင့် Smith ကအစိုးရအနေနဲ့ ကြားကနေ pro business မလုပ်သင့်ဘူး။ pro-market ပဲဖြစ်သင့်တယ်လို့ပြောပါတယ်။ တစုံတယောက်က လက်ဝါးကြီးအုပ်ဖို့ကြိုးစားနေပြီဆိုရင် အစိုးရအနေနဲ့ ဒီအခြေအနေကို ကာကွယ်နိုင်တဲ့အခွင့်အလမ်းတွေ ဖန်တီးပေးရပါတယ်။ ဥပမာလောဘကြီးတဲ့စီးပွားရေးသမားတွေက ကုန်ပစ္စည်းဈေးနှုံးတွေမြှင့်ပြီးဒါမှမဟုတ် ပစ္စည်းအရည်အသွေးကိုလျှော့ချပြီး လူတွေဆီကနေဓါးပြတိုက်ယူတဲ့အခါ လူတွေအတွက် အခြားရွေးချယ်စရာတွေဆီရောက်သွားတာမျိုး။

ဒါပေမဲ့ဈေးကွက်တခုက ရောင်းသူဝယ်သူရဲ့ အကျိုးတခုထဲကိုပဲကြည့်ပြီး အစိုးရရဲ့ချုပ်ကိုင်ချယ်လှယ်မှုမပါပဲ တကယ်ရောအလုပ်ဖြစ်ရဲ့လား။ အဖြေက Smith ရဲ့အဆိုကိုမွမ်းမံပြီးပြောရရင်တော့ yes ဖြစ်နိုင်ပါတယ်။ ဒီအဖြစ်ကဥပမာသင်ကမြို့လည်ကောင်တနေရာကနေအခြားတနေရာကိုသွားချင်တဲ့အခါ taxiသို့မဟုတ်ကားငှားဖို့စောင့်မယ်။ ဒါပေမဲ့အခုအခါမှာတော့ Uber နဲ့ Lyft ကဲ့သို့သော app တွေသုံးလာကြပြီ။ အရာအားလုံးက လုံးဝပြောင်းလဲသွားပြီ။ ဒီနေ့ခေတ်မှာ လူတွေက သူတို့နဲ့မသိကျွမ်းဖူးတဲ့ သူစိမ်းရဲ့ကားကိုတက်စီးပြီး (ဒါမှမဟုတ်) သူတို့နဲ့လုံးဝမခင်တဲ့သူစိမ်းအိမ် airbnb မှာတက်အိပ်နေကြပြီ။ ဒါဟာအင်တာနက်စွမ်းအားကြောင့် ပေါက်ကွဲပြောင်းလဲလာတဲ့social trend တွေထဲက သေးငယ်တဲ့အစိတ်အပိုင်းလေးတခုပဲ ရှိပါသေးတယ်။ ဒါတွေအားလုံးရဲ့ဘိုးအေကြီးကတော့ ebay ပါပဲ။

နိုင်ငံတိုင်းလိုလိုမှာ eBay ဆိုတဲ့အွန်လိုင်းဈေးကွက်ပေါ်မှာ ရောင်းသူဝယ်သူတွေ တွေ့ဆုံပြီးရောင်းဝယ်ဖောက်ကားကြတယ်။ Devin Wenig , CEO of eBay Marketplace က“eBay ကလွတ်လပ်တဲ့ဈေးကွက် တနည်းအားဖြင့် market democracy ရဲ့ founder ကြီးပါပဲ” လို့ဆိုပါတယ်။ ကျွန်တော်တို့ဟာ တယောက်နဲ့တယောက်တခါမှ မတွေ့ဆုံဖူးပေမဲ့ ယုံကြည်လို့ရတဲ့ မျှတတဲ့ရောင်းဝယ်မှုတွေပြုလုပ်နိုင်တယ်။ eBay ကို၁၉၅၅မှာ Pierre Omidyar ကတည်ထောင်ခဲ့တာပါ။ Pierre က free market ရဲ့အလားအလာကို အသေအချာတွက်ဆခဲ့သလို Smith ရဲ့ principles ကိုလဲယုံကြည်သူတယောက်ပါ။ ပြီးတော့ economic democracy ဆိုတာ ကောင်းမွန်တဲ့စီးပွားရေးစနစ်တခုသာမဟုတ်၊ ကမ္ဘာတဝန်းက ကုန်ပစ္စည်းတွေကို အကန့်အသတ်မရှိ လွတ်လပ်စွာကုန်သွယ်နိုင်တယ်။ eBay မှာ ကမ္ဘာတလွှားက ရောင်းသူအသေးလေးတွေကနေ အကြီးကြီးတွေထိ ထောင်သောင်းမကရှိတယ်။ ပြီးတော့ တဝက်ကျော်လောက်က သူတို့နိုင်ငံရဲ့နယ်နိမိတ်ကိုကျော်လွန်ပြီး အင်တာနက်ကနေရောင်းဝယ်မှုပြုလုပ်နေကြတယ်။

eBay ဟာကျွန်မတို့မဖြစ်နိုင်လောက်ဘူးထင်တဲ့ ဈေးကွက်ကြီးကိုဖွင့်ပေးခဲ့တယ်။ Marketplace ရဲ့အကောင်းဆုံးအချက်တခုက ကုန်ပစ္စည်းဈေးနှုံးတွေကိုရှာဖွေသိရှိနိုင်တာပါ။ ဥပမာ သင်ကရှားပါးအကြွေစေ့ ဒါမှမဟုတ် ရှေးဟောင်းကားတစီးကို အင်တာနက်ကနေရှာလိုက်ရင် eBay မှာသူ့ဈေးနဲ့သူ များစွာသော ရောင်းချသူတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။ Smith ပြောသလိုဆို invisible hand က eBay ကတဆင့်ကမ္ဘာတလွှားက seller တွေကို guide လုပ်ထားသလိုပါပဲ။ ပစ္စည်းရှားရင်ဈေးနှုံးတွေကလဲမြင့်မှာပဲ။ ရှားပါးပစ္စည်းကိုဝယ်ယူလိုသူများရင် အဲ့ပစ္စည်းတန်ဖိုးက အလိုလိုမြင့်တက်လာပြီး ဝယ်လိုအားကျရင်ဈေးလဲကျလာမယ်။

သင့်မျက်စိရှေ့မှာရှိနေတဲ့ SCREEN ကြီးဟာ OPEN MARKETPLACE ကြီးပါပဲ။ပြီးတော့အဲ့ screen တွေဟာ ကမ္ဘာဈေးကွက်ကြီးနဲ့ချိတ်ဆက်ထားတယ်။ တနည်းဆိုရသော် အဲဒီဈေးကွက်ကြီးက ကမ္ဘာ့ကုန်ပစ္စည်းတွေအားလုံး သိုလှောင်ရာဂိုထောင်ကြီး။ ပြီးတော့သင်ကြိုက်တဲ့ပစ္စည်းကိုတန်ရာဈေးနှုံးနဲ့click လေးတချက်ခေါက်ပြီးဝယ်ယူလိုက်ရုံပါပဲ။ စက္ကန့်တိုင်းမိနစ်တိုင်းမှာ အတားအဆီးတွေမရှိပဲ တယောက်နဲ့တယောက်မသိကွျှမ်းပေမဲ့ ဝေးလံတဲ့နိုင်ငံနယ်နိမိတ်ကိုဖြတ်ကျော်ပြီး မီလျံနဲ့ချီတဲ့အရောင်းအဝယ်တွေဖြစ်ပေါ်နေပါတယ်။ ဒါဟာယုံကြည်မှုဆိုတဲ့အချက်တခုတည်းပေါ် လုံးဝဥသုံအခြေခံတဲ့ဧရာမစီးပွားရေးလုပ်ငန်း system ကြီးပဲဖြစ်ပါတယ်။ အင်တာနက်ပေါ်ကနေ ရောင်းသူရောဝယ်သူပါ အချင်းချင်းအပြန်အလှန်ဘယ်သူက အကောင်းဆုံးလဲဆိုတာကိုရှာဖွေအကဲဖြတ်မှုတွေပြုလုပ်ကြတယ်။ ဒါကြောင့် eBay ရဲ့feedback system ကြီးဆိုတာကြီးဖြစ်ပေါ်လာတယ်။

ဒီ System ကြီးဘယ်လို အလုပ်လုပ်သလဲဆိုရင် အင်တာနက်ပေါ်ကလူတယောက်ကသင့်ဆီကပစ္စည်းတခုဝယ်ယူလိုက်ပြီးရင် ပစ္စည်းဘယ်လောက်ကောင်းမကောင်း rate ပေးနိုင်တယ်။ အဲဒီ rate က record အနေနဲ့ဝင်သွားပြီး အခြားလူတွေကပါမြင်ရတယ်။ အရောင်းအဝယ်ဝန်ဆောင်မှုတွေဟာ သူတို့ရဲ့သတင်းလူတွေဆီပျံနှံ့ရောက်ရှိသွားတဲ့အခါ အကောင်းဆုံးဖြစ်အောင်ကြိုးစားကြတော့တာပဲ။ ဘာကြောင့်လဲဆိုကောင်းမွန်တဲ့ review တွေကပြိုင်ဖက်အများအပြားကြားမှာ ထိပ်ဆုံးကရပ်တည်အောင်ဖန်တီပေးလို့ပါပဲ။ ဒါပေမဲ့ဒီလိုဖြစ်အောင် သင့်ပစ္စည်းဟာ သင်ကတိပေးထားတဲ့အတိုင်းဒါမှမဟုတ် customer တွေမျှော်လင့်ထားတာထက်ပိုအောင်ပေးစွမ်းနိုင်မှသာ သင်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ Free market ဆိုတာကြိုက်သလို ဈေးတွေမြှင့်လူတွေကိုဓါးပြတိုက်လက်ဝါးကြီးအုပ်ပြီးလှည့်စားလို့ရတဲ့နေရာမဟုတ်ပါဘူး။ လူတွေနဲ့cooperateပူးပေါင်းလုပ်ဆောင်ရတဲ့နေရာပါ။ သင်က သင်ကတိပေးထားတဲ့အတိုင်းသင်ကြော်ငြာထားတဲ့အတိုင်း customer တွေကိုပေးနိုင်ရင်သူတို့က သင့်အပေါ်ယုံကြည်မှုရှိလာပြီးရောင်းဝယ်မှုတွေပြုလုပ်လာကြမှာပါ။ သင်က သူတို့အပေါ်လိမ်လည်လှည့်ဖျားမယ်ဆိုရင်တော့တခါစားတော့ရမှာပါ။ ဒါပေမဲ့နောက်ထပ်တခါတော့သင့်ဆီ ဘယ်သူမှ လာတော့မှာဟုတ်ပါဘူး။ အဲဒီကတိဝတ္တရားလို့ဆိုရာမှာနည်းပညာကနေ တဆင့်မျှတမှု၊ ပွင့်လင်းမြင်သာမှု၊ ယုံကြည်မှုနဲ့မြန်ဆန်မှုတွေပဲ ဖြစ်ပါတယ်။

eBay မှာတရက်ကို၃မီလျံ search ပြုလုပ်နေကြပါတယ်။ လူတွေ၊ system တွေ computer တွေအကုန်ပေါင်းစည်းပြီး ၂၄နာရီလုံးလုံး မရပ်နားအောင်ပြုလုပ်ထားပါတယ်။ eBay မှာ မိသားစုပိုင် အသေးစားလုပ်ငန်းငယ်လေးတွေ၊ အိမ်ကနေတနိုင်တပိုင်လုပ်တဲ့ ကိုယ်ပိုင်လုပ်ငန်းတွေအများကြီးရှိပါတယ်။ အချုပ်အားဆိုရသော်အစိုးရရဲ့ regulations တွေပါပါ မပါပါ၊ eBay ရဲ့ကြီးမားတဲ့စွမ်းဆောင်အားပါပါ မပါပါ ဒါဟာသူ့အလိုအလျောက်ဖြစ်လာတဲ့အံ့သြဖွယ် community ကြီးတခုပဲဖြစ်ပါတယ်။ Free market ဆိုတာ ကမ္ဘာပေါ်ကကြီးမားတဲ့စွမ်းအားတွေထဲက တခုဖြစ်ပါတယ်။ ဒါကိုကျွန်မတို့စီးပွားရေးလုပ်ငန်းတွေကတဆင့်မြင်နေရပါတယ်။ ဒေါ်လာထြီလျံနဲ့ချီတဲ့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးကို လူ၂မျိုး၂စားနဲ့ဖွဲ့စည်းထားတာပါ။ Buyer ဆိုတဲ့တစုံတခုကိုဝယ်ယူဖို့ရှာဖွေနေသူရယ်၊ လူတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ ကြိုးစားနေကြတဲ့ seller ဆိုသူရယ်ပါပဲ။ ဒါတွေအားလုံးဟာပေါင်မုန့်တချပ်ဝိုင်တခွက်ကစတင်ခဲ့တယ်ဆိုလဲမမှားလောက်ပါဘူး။

ကူးယူဖော်ပြခွင့်မပြုပါ။

The Korean Wave And Economics (သို့မဟုတ်) 𝐎𝐩𝐩𝐚 𝐆𝐚𝐧𝐠𝐧𝐚𝐦 𝐒𝐭𝐲𝐥𝐞 ဟာ ကံကောင်းထောက်မလို့ ထပေါက် သွားတဲ့ သီချင်းတပုဒ်လို့ထင်ပါသလား ?

ဂျပန် လူဦးရေသည် အမေရိကန် လူဦးရေ၏ ၄၀ % သာ ရှိသော်လည်း ဂျပန်မှာ ရှိတဲ့ music shop အရေအတွက်ဟာ အမေရိကန် ထက် ၂ ဆနီးပါး ရှိနေပြီး ဂျပန်ရဲ့music market ဟာ ကမ္ဘာမှာ ဒုတိယ အကြီးဆုံး အဖြစ် ရပ်တည်နေပါတယ်။ ကမ္ဘာ့နိုင်ငံ အများစုမှာ Streaming လုပ်ခြင်းက physical sales တွေ နေရာမှာ အစားထိုးဝင်ရောက်လာခဲ့ပြီးပါပြီ။ ဆိုလိုတာက လူတွေက သီချင်းကို အင်တာနက်ပေါ်ကနေပဲ နားထောင်ကြပြီး ခွေဝယ် နားထောင်တဲ့ အရေအတွက်ဟာ တဖြေးဖြေး ပျောက်ကွယ်လာပါပြီ။ ၂၀၁၅ မှာ U.S ၏ music sales ၆၆ % ဟာ digital ကိုရောက်သွားပါပြီ။ ဂျပန်နိုင်ငံမှာတော့ အဲဒါနဲ့လုံးဝ ပြောင်းပြန်ပါ။ ၇၅ % ဟာ physical sales ဖြစ်ပြီး ၁၈% သာ digital ဖြစ်ပါတယ်။ ဒါဟာ ဂျပန် နိုင်ငံရဲ့တင်းကျပ်သော မူပိုင်ခွင့် ဥပဒေ၊ ခိုင်မာသော လိုင်စင် ဥပဒေ နဲ့အခွေ ငှားရမ်းမှု အလေ့အထ တွေကြောင့်ပါ။ ဂျပန် နဲ့တောင်ကိုရီးယား နိုင်ငံတွေမှာ CD တွေကို သဘောကျနှစ်သက် အားပေးနေကြတဲ့ အခြားအကြောင်းအရင်းတွေရှိပါသေးတယ်။

K-POP!
K-pop Group တွေဟာ ဘယ်သူမှ ဖွင့်ကြည့်မှာ မဟုတ်တဲ့ CD တွေ ကို သူတို့fan တွေဆီရောင်းချလေ့ရှိပြီး ငွေရေးကြေးရေးအရ အရှုံးပေါ်နေပေမဲ့ အဲ့ဒီ CD တွေကို fan တွေက သူတို့ချစ်တဲ့ K-Pop idol နဲ့ဆုံရခွင့်ရဖို့ကံစမ်းမဲ လက်မှတ် အနေနဲ့ရောင်းချလေ့ရှိပြီး fan တွေကလဲ သူတို့အရူးအမူး အားပေးတဲ့ သူတို့ချစ်တဲ့ Idol တွေခွေကို တကူးတက ဝယ်ယူ စုဆောင်းလေ့ ရှိပါတယ်။ K-Pop နဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်း သဘောအနေနဲ့စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ကို ပြရရင်တော့ consumer product အဖြစ် ထုတ်လုပ်ရေးလုပ်ငန်းကြီး ဟိုး အစကနေ အဆုံးထိ အကုန်လုံးပါပဲ။ အောင်မြင်တဲ့ Idol ဖြစ်လာမဲ့သူတွေကို ဒီအတိုင်း ရှာဖွေတွေ့ရှိ ထားတာမဟုတ်ပါဘူး။ တမင် ဖန်တီးထားတာ ဖြစ်ပါတယ်။ စက်ရုံကနေ ထုတ်လိုက်သလိုမျိုး နှစ်ပေါင်းများစွာကြာအောင် ပုံသွင်းထွင်းထု ထားတာဖြစ်တယ်။ ဒါကြောင့် သူတို့တွေရဲ့နိုင်ငံတကာအထိ အောင်မြင်မှုက မတော်တဆ အောင်မြင်မှုတခု မဟုတ်ပါဘူး။ K-Pop ကို တောင်ကိုရီးယား အစိုးရကနေ ငွေကြေး အသေအချာ ထောက်ပံ့ထားတဲ့ project တွေကတဆင့် တောင်ကိုရီးယားရဲ့ပါဝါကို ကမ္ဘာထိပျံ့အောင် စနစ်တကျ စီစဉ် အကောင်အထည် ဖော်ထားတာဖြစ်ပါတယ်။ နိုင်ငံရေး အကြောင်းချင်းရာများစွာ ပါဝင် ပတ်သက် ဆက်နွယ်နေတာဖြစ်ပါတယ်။

The Economics of K-Pop
1988 ခုနှစ် နွေရာသီ အိုလံပစ် အားကစားပွဲကြီးဟာ တောင်ကိုရီးယားနိုင်ငံအတွက် ကြီးမားတဲ့ အလှည့်အပြောင်းကြီး တခု ဖြစ်ပါတယ်။ ဂျပန် ရဲ့၁၉၆၄ ၊ တရုတ်ရဲ့၂၀၀၈ အားကစားပြိုင်ပွဲတွေလိုမျိုး အဲဒီ အိုလံပစ်ပွဲဟာ သမိုင်းတွင်အောင် ပြောင်းလဲမှုတွေ ပြုလုပ်နိုင်မဲ့၊ နိုင်ငံရဲ့ပုံရိပ်ကို ချပြနိုင်မဲ့ ရှားပါးတဲ့ အခွင့်အရေး တရပ်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံဟာ ကောင်းကောင်းကြီး သဘောပေါက်ခဲ့ပါတယ်။ အဲဒါကြောင့် ယခင်က ပြင်းထန်တဲ့ ဆင်ဆာဥပဒေတွေနဲ့လက်ဝါးကြီးအုပ်ထားတဲ့ TV ထုတ်လွှင့်ပြသခွင့် တွေကို ဖြေလျှော့ပေးပြီးနောက် မျိုးဆက်သစ် အနုပညာရှင်တွေအတွက် လမ်းစဖွင့်ပေးခဲ့ပါတယ်။ ၄ နှစ်ကြာပြီးနောက် ၁၉၉၂ မှာ တောင်ကိုရီးယားအစိုးရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန နဲ့ ခရီးသွားဝန်ကြီးဌာန တို့ဟာ နိုင်ငံတကာ ဈေးကွက်ထဲ ခြေချနိုင်မဲ့ အခွင့်အရေးကို စတင်ရှာဖွေပါတော့တယ်။ ဒါပေမဲ့ သူတို့ဆီဝင်ရောက်လာမယ့် အခွင့်အရေးကို ထိုင်စောင့်နေမဲ့အစား ကမ္ဘာတဝန်းက လူတွေကပဲ ကိုရီးယား ဖျော်ဖြေရေးလုပ်ငန်းနောက် ပါလာအောင် အရင်ဆုံး ဖန်တီးပစ်ပါတယ်။ အလွန်အောင်မြင်တဲ့ ဒရမ်မာ ဇာတ်လမ်းဖြစ်တဲ့ “What is love” ဆိုတဲ့ဇာတ်ကားကို ကန်တုံနီးစ် (Cantonese) ဘာသာအဖြစ် ပြောင်းလဲ ဘာသာပြန်ဆိုပြီး local TV station တွေ အခမဲ့ ထုတ်လွှင့်ပေးနေတဲ့ ဟောင်ကောင်ဆီ ပေးပို့ထုတ်လွှင့်စေခဲ့ပါတယ်။ မကြာခင်မှာပဲ ဟောင်ကောင်နဲ့အတူ သူရဲ့နီးတဲ့ ကွမ်ကျိုး ကနေ အားပေး တောင်းဆိုလာမှု တွေရှိလာပါတယ်။ သိပ်မကြာခင် တနှစ်အတွင်းမှာပဲ တောင်ကိုရီးယားနိုင်ငံနဲ့ သံတမန် ဆက်ဆံရေးတွေရှိတဲ့ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဂျပန်နဲ့ တရုတ်ပြည်မကြီးတို့ ကနေ ကြည့်ရှုသူ viewers တွေနဲ့အတူ demand တွေ တဟုန်ထိုး တိုးတက်လာခဲ့ပါတော့တယ်။ အဲဒီလို ယဉ်ကျေးမှု လွှမ်းမိုးခြင်း Mass cultural dispersion ဖြစ်တဲ့ Media မျိုးတွေကို “Hallyu” သို့မဟုတ် “the Korean Wave”လို့ခေါ်ပါတယ်။


နောက်ထပ် Turning Point တခုကတော့ Asian Financial Crisis ဖြစ်ပြီး ၁၉၉၇ ခုနှစ် မှာ ဖြစ်ပေါ်လာပါတယ်။ တောင်အာရှ နဲ့ အရှေ့တောင်အာရှမှာ ရှိတဲ့ ကုန်ထုတ်မှု လုပ်ငန်းကြီးတွေဟာ အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်လာတော့မှာကို ကြိုမြင်ကြပါတယ်။ ဒါကြောင့် သမ္မတ ကမ်ဒေဂျောင် က Entertainment sector ဖက်လှည့်လာပြီး နိုင်ငံရဲ့ပုံရိပ်အသစ်ကို ပြန်လည်ဖန်တီးဖို့PR firm ကောင်းကောင်းတခုကို ငှားရမ်းခဲ့တယ်။ Cultural Budget ကို ၆၀၀ % ထိ တိုးမြှင့် ပြီး K-Pop လုပ်ငန်းကြီးတခုလုံး ပါဝင်တဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အသစ်ကို ဖွဲ့စည်းပစ်လိုက်တယ်။
ဒုတိယမြောက် Korean Wave က ၂၀၁၂ ခုနှစ် မှာ တကမ္ဘာလုံးထိ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ PSY ရဲ့“Gangnam Style” ဖြစ်ပါတယ်။ ညတွင်းချင်းပဲ တကမ္ဘာလုံးက လူတွေက တောင်ကိုရီးယားနိုင်ငံနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှု၊ သီချင်းတွေ၊ ဒရမ်မာဇာတ်ကား၊ ဖက်ရှင်၊ အစားအစာနဲ့ ဘာသာစကားတွေ အကြောင်းကို စတင် စိတ်ဝင်စားလာကြတယ်။ ဒါပေမဲ့ Gangnam Style ဟာ K-pop အမျိုးအစား စစ်စစ်ကို ကိုယ်စားပြုထားတာမဟုတ်ပေမဲ့ သီချင်းတပုဒ်ဟာ အနောက်နိုင်ငံတွေထိ အောင်မြင်ဖို့ဆိုရင် အင်္ဂလိပ်လို ဆို မှ မဟုတ်ဘူးဆိုတာ ကို သက်သေပြခဲ့တာလဲဖြစ်ပါတယ်။ နောက်တပုဒ် ဥပမာပြရရင် အားလုံးသိပြီးတဲ့ “Despacito” ပေါ့။ “Gangnam Style” သီချင်းကို အဲဒီလောက် ပေါက်သွားလိမ့်မယ်လို့ဘယ်သူမှထင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ K-Pop ရဲ့အောင်မြင်မှု ကိုလဲ ရှောင်လွှဲလို့မရပါဘူး။ K-Pop ဟာ ဖော်မြူလာ တခုလို သေချာ ဖန်တီးတီထွင် ထားတာဖြစ်ပါတယ်။ တခြား ဂီတ အမျိုးအစားနဲ့ K-Pop ရဲ့ကွားခြားချက်က K-Pop ဟာ ပရိသတ်ကြိုက်တာကိုပဲ အခြေခံပြီး ပြောင်းပြန် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်က အနုပညာရှင်အများစု က သူတို့ရဲ ့ဂီတ အပေါ် ရူးသွပ်မှုကိုထုတ်ဖော်ဖို့သူတို့အိမ်လေးရဲ့ဂိုထောင်လေးထဲမှာဖြစ်ဖြစ် လေ့ကျင့်ကောင်း လေ့ကျင့်ကြလိမ့်မယ်။ တခါတရံ သူတို့ရဲ့record label ကြောင့် ကွာရှင်းပြတ်ဆဲမှုတွေ ဖြစ်ချင်ဖြစ်မယ်။ K-Pop groups တွေကတော့ ပုံမှန်အားဖြင့် သူတို့ကို ပုံသွင်း လေ့ကျင့်ပေးနေတဲ့ training ဆရာအများအပြားနဲ့အတူ conference room တွေထဲ ကနေ ပေါ်ထွက်လာလေ့ ရှိပါတယ်။ တောင်ကိုရီးယားမှာ YG, SM, JYP နဲ့Big Hit ဆိုပြီး Entertainment ထုတ်လုပ်ရေး ကုမ္ပဏီ ကြီး ၄ ခုရှိပါတယ်။ ကုမ္ပဏီကြီး ၄ ခုက product designer လိုမျိုး သူတို့ရဲ့Groups တွေကို သေချာ ဖန်တီး လေ့ကျင့်မှုတွေ ပြုလုပ်ပါတယ်။ ပထမဆုံး အဆင့်က လူစရွေးတယ်။ K-Pop singers တွေဆိုတာ အဆိုတော်အနေနဲ့လူထုရှေ့ထွက်ရတဲ့ Public idols တွေပီပီ သူတို့ရဲ့အသွင်အပြင် ရုပ်ရည်လက္ခဏာ ဟာ အရမ်း အရေးကြီးပါတယ်။ ကုမ္ပဏီတွေက ထူးခြားတဲ့ Personalities ရှိသူတွေကို အဓိကထားရှာဖွေပြီး fan အများကြီးရှိလာနိုင်တဲ့ သူတွေကို ရွေးထုတ်ပါတယ်။ တချို့ကုမ္ပဏီတွေက လူရွေးချယ်မှုတွေကို reality TV ပြိုင်ပွဲတွေ အဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပြိုင်ပွဲတွေကနေ တဆင့် fan အင်အား တောင့်လာအောင် ပြုလုပ်နိုင်တဲ့ အခွင့်အရေးရယ် ၊ ဒရာမာ ဆန်ဆန် ကိုယ်ရည်ကိုယ်သွေးတွေ ထုတ်ဖော်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိတာကြောင့်ပါ။ ၂၀၁၂ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံ လူဦးရေရဲ့၄% (လူဦးရေ သိန်း ၂၀ ကျော်) ဟာ အလွန်နာမည်ကြီးတဲ့ဲ Superstar K ဆိုတဲ့ သီချင်းဆို ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အရူးအမူး ကြိုးစားခဲ့ကြပါတယ်။ တခြား ကုမ္ပဏီတွေကတော့ ရုပ်ရည် တခုထဲပေါ်ကို ကြည့်ပြီး လူရွေးချယ်မှု ပြုလုပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက် အဆင့်တခုလုံးက Training ပဲလိုအပ်လို့ပါ။ အလားအလာရှိတဲ့ Star တွေ အပြင် ပါရမီ ရှိတဲ့ အသက် ၅ နှစ်မှ ၁၀ နှစ်ဝန်းကျင် ကလေးတွေတောင် ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ လုပ်ပေးနေပြီဖြစ်တယ်။ သူတို့ရဲ့ပျမ်းမျှ ပုံမှန် အချိန် ဇယား က မနက် ၅ နာရီ ကစတင်ပြီး နိုးတာနဲ့အကလေ့ကျင့်တယ်၊ မနက် ၈ နာရီကနေ ညနေ ၄ နာရီထိ ကျောင်းသွားတယ်၊ ကျောင်းဆင်းရင် အသံ ပိုင်းဆိုင်ရာ လေ့ကျင့်ရတယ်။ ပြီးတာနဲ့ Language lessons တက်ရတယ်၊ ည ၁၁ နာရီထိ အကတိုက်ရတယ် ၁၂ နာရီ အိမ်ပြန်ရောက်ပြီး သူတို့ရဲ့အိပ်ချိန် က ၅ နာရီဝန်းကျင်သာရှိပါတယ်။


Idol ဖြစ်ချင်တွေဟာ သူတို့ရဲ့ဝါသနာနဲ့ အိမ်မက်တွေကို စတေးပြီးနောက် သင်တန်းသား အားလုံးရဲ့၁၀ %သာ ပွဲဦးထွက် ခွင့်ရတာ ဖြစ်ပါတယ်။ K-Pop stars တွေဟာ အလွန်ပင်ပန်းပြီး ပြင်းထန် တဲ့ လေ့ကျင့်ချိန်တွေ၊ လစာ နည်းနည်းနဲ့ချုပ်ဆိုရတဲ့ စာချုပ်တွေဟာ မမျှတဘူးလို့စာချုပ် အပေါ်ဝေဖန် စောတကတက်တာတွေရှိပါတယ်။ စာချုပ်သက်တမ်းက ၇ နှစ်ဖြစ်ပြီး စည်းကမ်းချက်တွေ အနေနဲ့personal relationship တွေ အကြောင်း public ကို ထုတ်မပြောရဘူး ဆိုတဲ့ ကန့်သတ်ချက်တေ၊ွ ခန္ဓာကိုယ် အလေးချိန်ဟာ အမြဲတမ်း ဘယ်လောက်ပဲ ရှိရမယ်ဆိုတဲ့ စည်းကမ်းချက်တွေ ပါဝင်ပါတယ်။ Agency တွေဖက်ကလည်း ဒီလို စည်းကမ်း ချမှတ်ထားတယ်ဆိုတာ သူတို့ အနေနဲ့Star တယောက်ချင်းစီပေါ်မှာ ငွေသန်းပေါင်းများစွာ ရင်းနှီးမြှပ်နှံ ထားတာကြောင့် ဒီလိုစည်းကမ်းတွေဟာ မပြောပလောက်ဘူးလို့ပြန်လည်တုံ့ပြန် ကြပါတယ်။ အခက်အခဲ များစွာရှိနေပေမဲ့ K-Pop idol တိုင်းရဲ့နောက်ကွယ်မှာ ထက်သန်တဲ့ စိတ်ပြင်းပြမှု နဲ့သင်ယူချင်စိတ်တွေ ပြည့်နှက်နေပါတယ်။
နောက်ထပ် တတိယ အရေးကြီးတဲ့ အချက်ကတော့ localization အကြောင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ K-Pop ဆိုတာ Pop ကနေ techno, rock, hip-hop ထိ အတူပေါင်းစပ်ပြီး အလွန်အပြောင်းအလဲမြန်တဲ့ ဂီတ အမျိုးအစား ဖြစ်တာကြောင့် K-Pop ကဘာလဲဆိုတာ သေချာပြောဖို့ခက်ခဲနေပါတယ်။ သူတို့လို ဆင်တူတဲ့ ဂီတအမျိုးအစားဖြစ်တဲ့ J-Pop (Japanese Pop) လဲပဲ ထိုနည်း၎င်း ကမ္ဘာတဝန်းက ပရိတ်သက် ကို ဆွဲဆောင်ပါတယ်။ သူတို့ရဲ့Group name တွေကို တိုတိုတုပ်တုပ်နဲ့လူတိုင်း လွယ်လွယ် မှတ်မိနိုင်မဲ့ English စာလုံး (သို့မဟုတ်) acronym ကို အသုံးပြုလေ့ရှိပါတယ်။

ဥပမာ – TWICE, BTS, EXO, AOA။ နောက်ထပ် strategy တမျိုးကတော့ K-Pop group တွေထဲမှာ တရုတ်၊ ဂျပန်၊ ထိုင်း သို့မဟုတ် ထိုင်ဝမ် လူမျိုးခြား အနည်းဆုံး တယောက် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ သီချင်းတွေထဲမှာလဲ English စာလုံး တလုံးစ နှစ်လုံးစ ပါဝင်တဲ့ Music video ကို Korean, Japanese သို့မဟုတ် Mandarin version နဲ့အနည်းဆုံး ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် ထုတ်လုပ်ပါတယ်။

Soft power ဆိုတာ အတိအကျ တိုင်းတာလို့မရပေမဲ့ နိုင်ငံတနိုင်ငံရဲ့အကြောင်းကို စက်ရုံတွေ Tank တွေ မပါဝင်ပဲ ပြောပြနိုင်ပါတယ်။ K-Pop ဆိုတာ နိုင်ငံရေးနဲ့အများကြီး ဆက်နွယ်နေပြီး နိုင်ငံ့ပုံရိပ်ကို တဒေါင့်တနေရာက ပုံဖော်ပေးနေပါတယ်။ ဒါကြောင့်ပဲ မနှစ်က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမှာ ခေါင်းဆောင် ကမ်ဂျူံအမ်ကို ဖျော်ဖြေဖို့တောင်ကိုရီးယား အစိုးရက K-Pop girl group ဖြစ်တဲ့ Red Velvet ကို့ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် 2019 ခုနှစ်အတွင်း ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပခဲ့တဲ့ G20 ညစာစားပွဲတခုမှ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ရဲ့မြေးမလေးတွေဟာ EXO ကို သိပ်သဘောကျတဲ့အကြောင်း သမီးဖြစ်သူ Ivanka Trump က EXO နဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ပါသေးတယ်။ ဒါတွေအားလုံးဟာ သံတမာန် ဆက်ဆံရေးကို မြှင့်တင်တဲ့နည်းလမ်းတွေထဲက တခုပါပဲ။
၂၀၁၆ ခုနှစ် အမေရိကန်က မြောက်ကိုရီးယား တိုက်ခွင်းပစ် ဒုံးကျည်တွေကို ကာကွယ်ဖို့အတွက် “THAAD – the Terminal High Altitude Area Defense ” လို့ခေါ်တဲ့ ကာကွယ်ရေး စစ်မျက်နှာကို တောင်ကိုရီးယား နိုင်ငံမှာဖြန့်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ တရုတ်နိုင်ငံမှာရှိတဲ့ ဈေးဝယ်စင်တာရဲ့စင် တွေပေါ်မှာ တောင်ကိုရီးယား ကုန်ပစ္စည်းတွေ စတင် ပျောက်ကွယ်သွားခဲ့ပါတယ်။ တရုတ် အစိုးရက တရားဝင် ကြေညာချက် မထုတ်ပြန်ခဲ့ပေမဲ့ K-Pop ကို တကယ် ထိထိရောက်ရောက် Ban ခဲ့ပါတယ်။ တောင် ကိုရီးယားကို သွားလည်မဲ့ ခရီးစဉ်တွေ အားလုံးကို ပိတ်ပင်ခဲ့ပြီး တရုတ်မှာ လာဖျော်ဖြေမဲ့ K-Pop အစီအစဉ်တွေ အကုန်လုံး ရုတ်တရက် ဖျက်သိမ်းပြီး K-Pop Group ရဲ့ ပြည်ဝင်ခွင့် visa လဲ အကုန် ငြင်းပယ် ခံလိုက်ရပါတယ်။ Music video တွေလည်း အင်တာနက်မှာ block လုပ်ခံရပြီး ၂၀၁၇ ဖြေလျှော့မှုမတိုင်ခင်ထိ K-Pop Groups တွေဟာ ဟောင်ကောင်နဲ့မကာအို ဘက်ကို လှည့်သွားကြပါတယ်။ ဒါဟာ တရုတ်က သူရဲ့ကြီးမားလွန်းလှသော consumer market ကို အသုံးပြုပြီး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာပါ။
နောက်ဆုံးအဆင့်ကတော့ အသုံးမချရသေးတဲ့ အရာအားလုံးကို ရောင်းချဖို့ပဲ ဖြစ်ပါတယ်။ အင်အားတောင့်ပြီး သစ္စာရှိတဲ့ fan တွေကြောင့် အကျိုးအမြတ် များစွာဖြစ်ထွန်းမဲ့ ပစ္စည်းတွေ ထုတ်လုပ်ရောင်းချမှု နဲ့အတူ၊ တောင်ကိုရီးယားမှာ သာမက ကမ္ဘာ့နံမည်ကြီး ကုန်ပစ္စည်းကြော်ငြာ စပွန်ဆာတွေ ရရှိအောင် ပြုလုပ်ခဲ့ပါတယ်။ စံပြုလောက်တဲ့ အကောင်းဆုံး ဥပမာကို ပြရရင် members ၇ ယောက်ပါဝင်တဲ့ boy band BTS ပဲဖြစ်ပါတယ်။ BTS ရဲ့twitter account ရဲ့engagement က သမ္မတ ဒေါ်နယ်ထရမ့်ရဲ့account ထက် ၄ ဆ ရှိပြီး သူတို့အဖွဲ့ဟာ အမေရိကန်ရဲ့နာမည်ကြီး show တခုဖြစ်တဲ့ Ellen show မှာလည်း ပါဝင်ခဲ့သလို United Nations မှာ Speech ပြောခွင့်ရတဲ့ ပထမဆုံး K-Pop group လည်း ဖြစ်ပါတယ်။ 2019 ခုနှစ်မှာ BTS ရဲ့ဝင်ငွေဟာ အမေရိကန် ဒေါ်လာ သန်း ၆၀ ရှိပါတယ်။

Dark side of K-Pop
K-Pop idol တွေဟာ ယောင်္ကျားလေးရော မိန်းကလေးရော ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ဖျော်ဖြေတင်ဆက်နေကြသူတွေ၊ ကမ္ဘာတဝန်းက ပရိတ်သတ်တွေ သည်းသည်းလှုပ် အားပေးအချစ်ခံရတဲ့ လူတွေလို့အများက ထင်ကြပေမဲ့ မကြာသေးမီကာလက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ K-Pop idols အချို့ကြောင့် K-Pop ရဲ့Dark side ကို လူအများက သတိထားမိလာကြပါတယ်။ စောစောက သူတို့တွေချုပ်ဆိုရတဲ့ စာချုပ်မှာပါဝင်တဲ့ ကိုယ်အလေးချိန် ထိမ်းမှုကိစ္စက တော်ရုံမရိုးရှင်းလှပါဘူး။ အထူးသဖြင့် idol မိန်းကလေးတွေဟာ သူတို့စိတ်ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေ စားခွင့် မရှိသလို ရက်ပေါင်းများစွာ အာဟာရ ရရှိရုံသာ စားပြီး diet လုပ်ကြရပါတယ်။ အစားအသောက် အကျင့်ပျက်မှုတွေ ကြုံတွေ့နေရပေမဲ့ သွယ်လျ လှပနေသူမှ ဒီ industry မှာ ရှင်သန် ကျန်ရစ်သူ ဖြစ်မှာပါ။ သူတို့ရဲ့ခန္ဓာ ကိုယ် အချိုးအစား အနည်းငယ်ပြောင်းလဲရုံနဲ့ သူတို့ကိုမျက်ခြေမပြတ် စောင့်ကြည့်နေကြတဲ့ fan တွေရဲ့ပြောဆိုတိုက်ခိုက်မှု cyber bullying တွေကို ပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။ အသည်းပေါက်မတတ်ချစ်တဲ့ fan တွေရှိသလို အချစ်လွန်ကြတဲ့ Idol fan အချင်းချင်း ဝေဖန်တိုက်ခိုက်မှု ဒဏ်တွေကို သည်းခံနိုင်စွမ်း ကုန်ခမ်းသွားသူတွေကတော့ သူတို့လွတ်မြောက်ရာလမ်းလို့ယူဆတဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့လမ်းကို သာ ရွေးချယ်လိုက်ကြပါတော့တယ်။ လူအများကတော့ ဒီလမ်းကို ရွေးချယ်လိုက်ရတဲ့ အကြောင်းအရင်းကို ဘယ်သူမှနားလည်မှာ မဟုတ်ပေမဲ့ Idol အချင်းချင်းကတော့ ဘယ်လောက်ထိ နာကျင် ခက်ခဲနေလို့သူတို့ဒီလိုလုပ်သွားတယ်ဆိုတာကို အပြည့်အဝ နားလည်နေကြပါတယ်။
WHO ရဲ့2019 စစ်တမ်း အရ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့suicide rate အများဆုံး နိုင်ငံများရဲ့နံပတ် ၁၀ မှာရှိပါတယ်။ အာရှတွင်းမှာတော့ ကာဇတ်စတန် ပြီးလျှင် ဒုတိအမြင့်ဆုံးဖြစ်ပါတယ်။

Profit !
K-Pop industry ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ရိုးရာယဉ်ကျေးမှု၊ အနုပညာ၊ ဖက်ရှင်၊ ဂီတ၊ အစားအသောက်၊ ခရီးသွားလုပ်ငန်း စတဲ့ Industry များစွာကို ပုံဖော်နေတဲ့ နိုင်ငံဝင်ငွေအများအပြားကို ရှာဖွေပေးနေတဲ့ အပြင် နိုင်ငံရေး ထိပါ ဆက်နွယ်နေပြီး အစိုးရက လွန်စွာ အားထားခံရတဲ့ မီးခိုးမထွက်တဲ့ လုပ်ငန်းကြီးတခုဖြစ်ပါတယ်။ တောင်ကိုရီးယား ရုပ်ရှင်နဲ့ဂီတလုပ်ငန်းဟာ နှစ်စဉ် အမေရိကန် ဒေါ်လာ ၃.၆ ဘီလျံခန့် ရှာဖွေပေးနေပါတယ်။ လေ့လာတွေ့ရှိချက်တခုကတော့ တောင်ကိုရီးယားနိုင်ငံဟာ K-Pop မှာ 1 $ သုံးတိုင်း 5 $ ပြန်ရတယ်လို့ခန့်မှန်းချက် ထုတ်ထားပါတယ်။ အခုလည်း ဟောင်ကောင်ရဲ့Avenue of Stars လိုမျိုး Hollywood ရဲ့Walk of Fame လိုမျိုး K-Pop culture တွေလွှမ်းခြုံနေတဲ့ concert hallတွေ recording studio ၊ museums နဲ့K-Pop Road တွေပါဝင်တဲ့ မြို့ငယ် တခုကို တည်ဆောက်နေပါပြီ။ အချို့ကK-Pop ဟာ စီးပွားရေးအရမ်းဆန်တယ်၊ ဇာတ်ညွှန်းဆန်တယ် ၊ အတု အယောင်တွေလို့ ဆိုကြပေမဲ့ တကယ့်အနှစ်သာရ နဲ့ အဓိပ္ပါယ်ရှိတဲ့ အနုပညာ တွေကို ဖန်တီးနေကြတဲ့ artists အချို့လဲရှိပါတယ်။
ဒါတွေအားလုံးက အတုအယောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့ကို အားပေးနေတဲ့ ပရိသတ်ကလဲ ဒါတွေ အားလုံးကို နားလည်သဘောပေါက်ပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို K-Pop ဟာ ကမ္ဘာမှာ ခိုင်ခိုင်မာမာရပ်တည်နေနိုင်တာဟာ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ သန်းပေါင်းများစွာသော fan တွေဆီ သယ်ဆောင်လာပေးတဲ့ Joy ပျော်ရွှင်မှု ကြောင့်ပဲ ဖြစ်ပါတယ်။
အချုပ်အားဆိုရသော် Gangnam Style ဟာ သူ့ဟာသူ ကံကောင်းလို့ထ ပေါက်တဲ့ သီချင်းမဟုတ်ပဲ ဒီလိုဖြစ်လာဖို့နောက်ကွယ်က ပတ်သက်ဆက်နွယ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကြောင်း သဘောတရားများကို တင်ပြပေးလိုက်ပါတယ်။

Sources:
Wikipedia, Economic Times, Allkpop, Business korea, Koreaboo,

Contributed by Aye Chan Myint

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။

Basic Tactics for Negotiation -စေ့စပ်ညှိနှိုင်းရေး ကကြီး၊ ခခွေး

          နယူးယောက်မြို့တွင်း တစ်နေရာ၊ ဂျူးလူမျိုးအများအပြား ပိုင်ဆိုင်တဲ့ ရွှေဆိုင်တန်းတွေကြားထဲက ဆိုင်တစ်ဆိုင်မှာ မိန်းမငယ်တစ်သိုက် ဆိုင်ရှင် ဂျူးဦးလေးကြီးနဲ့ အချီအချ ဈေးဆစ်ရင်း ငြင်းခုံနေကြပါတယ်။ သူတို့ဝယ်ချင်တဲ့ အခေါက်ရွှေ(၁)အောင်စအတွက် အဲဒီနေ့ရဲ့ပေါက်ဈေး ဒေါ်လာ(၄၀၀)ကို ထပ်လျှော့ပေးဖို့ အကြိတ်အနယ် ဈေးဆစ်နေကြတာပါ။ အားနာတတ်ပုံရတဲ့ ဂျူးဆိုင်ရှင်ကြီးကလည်း မချိပြုံးပြုံးရင်း မချောတွေကို (၃)ဒေါ်လာပဲလျှော့ပေးနိုင်မဲ့ အကြောင်းကို ခေါင်းလေးကုတ်ပြီး ပြန်ရှင်းပြနေပါတယ်။
          သူတို့နဲ့ တချိန်တည်းမှာပဲ ယောက်ျားလေးတစ်ဖွဲ့ကလည်း ခုနနေရာနဲ့ ၅ဘလောက်အကွာ အိန္ဒိယလူမျိုးတွေ ကြီးစိုးထားတဲ့ ရွှေဈေးကွက်ထဲက ကောင်တာတစ်ခုမှာ ရွှေ(၁)အောင်စအတွက် ဈေးမေးနေကြပါတယ်။ ဒီဆိုင်က အပ္ပနားကတော့ မျက်နှာထားတင်းတင်းနဲ့ ပေါက်ဈေး ဒေါ်လာ(၄၀၀)ထက် (၁)ဒေါ်လာပဲလျှော့ပေးနိုင်မဲ့အကြောင်း ဘူးခံနေပါတယ်။ ဒီတစ်ခါခေါင်းကုတ်ရတာတော့ လာဝယ်တဲ့ ဆရာသမားတွေဖြစ်ပြီး ကောင်တာက အပ္ပနားကတော့ ဝယ်ချင်ဝယ်၊ မဝယ်ချင်နေ၊ (၁)ဒေါ်လာထက် မလျှော့နိုင်ဘူးဆိုတဲ့ မျက်နှာထားနဲ့ပါ။
          မကြာခင်မှာတော့ မိန်းမငယ်တစ်သိုက်ကို ဂျူးဆိုင်ရှင်ကြီးက အခေါက်ရွှေ(၁)အောင်စအတွက် ၁၀ဒေါ်လာလျှော့ပေးပြီး ဒေါ်လာ(၃၉၀)နဲ့ ရောင်းပေးလိုက်ပါတယ်။ ယောက်ျားလေးအဖွဲ့ကတော့ အပ္ပနားတို့ ဆိုင်ကနေ (၃၉၉)ဒေါ်လာနဲ့ ဝယ်ခဲ့ပြီး (၁)ဒေါ်လာပဲသက်သာခဲ့ပါတယ်။ ပြီးတာနဲ့ မိန်းကလေးအဖွဲ့က သူတို့ဝယ်ရမဲ့စာရင်းထဲမှာပါတဲ့ ဂေါက်တံဝယ်ဖို့အတွက် ဆက်ထွက်သွားကြပြီး ယောက်ျားလေးတွေကလည်း သူတို့ဝယ်ရမဲ့ ဆေးပြင်းလိပ်ကြီးတွေ ရောင်းမဲ့နေရာကို ဆက်ချီတက်သွားကြပါတယ်။
          ဒါကတော့ အခု အမေရိကန်သမ္မတဖြစ်နေတဲ့ ဒေါ်နယ်ထရမ့် ထုတ်လုပ်သူအဖြစ်ရော၊ အစီအစဉ်တင်ဆက်သူအဖြစ်ပါ ပါဝင်ထားတဲ့ The Apprentice – TV Show ထဲက အပိုင်းတစ်ပိုင်းဖြစ်ပါတယ်။ ဒီ TV Show ကကြည့်ဖူးသူတွေတော့ သိမှာပါ။ ဒေါ်နယ်ထရမ့်က (၁)ပတ် တစ်ခါ စီးပွားရေးနဲ့ ပတ်သတ်တဲ့ Task တွေကိုချပေးပြီး ပြိုင်ပွဲဝင် ယောက်ျားလေး (၇) ယောက်၊ မိန်းကလေး (၇) ယောက်က အဖွဲ့ (၂)ဖွဲ့ ခွဲပြီးပြိုင်ရတာပါ။ ပြိုင်ပွဲပြီးရင် ရှူံးတဲ့အဖွဲ့ထဲက စွမ်းဆောင်ရည်အညံ့ဆုံး (၁)ယောက်ကို ထုတ်ပါတယ်။ ခုမြန်မာအိုင်ဒေါ လိုပဲပေါ့။ ပြိုင်ပွဲဝင်တွေ ထုတ်သွားရင်း၊ ထုတ်သွားရင်းနဲ့ နောက်ဆုံးကျန်တဲ့ (၁)ယောက်က အနိုင်ရတာမျိုးပါ။


          အပေါ်ကပြောသွားတဲ့ အပိုင်းမှာဆိုရင် ထရမ့်က အဖွဲ့(၂)ဖွဲ့ကို ဝယ်ရမဲ့ ပစ္စည်းစာရင်းတစ်ခုရယ်၊ ပိုက်ဆံရယ်ပေးပြီး စာရင်းထဲက ပစ္စည်းတွေကို တတ်နိုင်သလောက် ညှိနှိုင်းဈေးဆစ်ပြီး ဝယ်ခဲ့ရမှာပါ။ အချိန်က (၁)ရက်ပဲပေးထားတယ်။ ညနေစာရင်းချုပ်လို့ ဈေးအသက်သာဆုံးဝယ်နိုင်တဲ့ အဖွဲ့က အနိုင်ရမှာပါ။ ဒီလိုနဲ့ အပေါ်မှာ ရေးခဲ့သလိုပါပဲ။ ကိုယ်ဝယ်ရမဲ့ ပစ္စည်းရနိုင်မဲ့နေရာတွေ အသည်းအသန် စုံစမ်းကြ၊ ပြီးတာနဲ့ ဆိုင်နေရာရောက်အောင် အပြေးအလွှားသွား၊ တစ်ခါဆိုင်ရောက်ပြန်တော့ ဈေးမရရအောင်ဆစ်၊ မရရင် နောက်တစ်ဆိုင်ပြောင်းနဲ့ တစ်နေ့လုံး ဖတ်ဖတ်မောအောင် ကြိုးစားကြရပါတယ်။ နောက်ဆုံးတော့ ဒီပွဲမှာ မိန်းကလေးတွေက ပိုကောင်းတဲ့ Negotiation Skill ကိုပြနိုင်ခဲ့ပြီး ယောကျ်ားလေးအဖွဲ့ထက် ပိုသက်သာအောင် ဝယ်ပြနိုင်ခဲ့တာပါ။ ဒါတောင် ယောက်ျားလေး ပြိုင်ပွဲဝင်တွေထဲမှာ ပွဲစားလုပ်ဖူးတဲ့သူတွေ (၃)ယောက်လောက် ပါပါသေးတယ်။ ဒါပေမဲ့လည်း ဈေးဆစ်တဲ့နေရာမှာတော့ သကောင့်သားတွေလည်း မချောတို့အဖွဲ့ကို လက်မြှောက်ခဲ့ရတာပါပဲ။
          ဒီတော့ ကျွန်တော်တို့ ဒီနေ့ တင်ပြမဲ့အကြောင်းကို နည်းနည်းတော့ ရိပ်မိလောက်ပြီထင်ပါတယ်။ ဟုတ်ပါတယ် ခင်ဗျား။ ဒီနေ့ကျွန်တော်တို့ Orio Econ က တင်ဆက်ပေးမဲ့ ခေါင်းစဉ်က Negotiation ဆိုတဲ့ “စေ့စပ်ညှိနှိုင်းခြင်း” အကြောင်းပဲဖြစ်ပါတယ်။

          တကယ်တော့ Negotiation ဆိုတဲ့ စေ့စပ်ညှိနှိုင်းခြင်းဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ တစ်နည်းမဟုတ်၊ တစ်နည်း အမြဲလိုလိုပတ်သတ် ဆက်နွယ်နေတတ်ပါတယ်။ အစပိုင်းမှာ ပြောခဲ့သလိုပဲ ကျွန်တော်တို့ ပစ္စည်းဝယ်ရင် ဈေးဆစ်ဖို့ ညှိနှိုင်းကြတယ်၊ တက်စီငှါးရင် ဈေးညှိကြတယ်၊ အလုပ်လျှောက်ရင် လစာအတွက် ညှိနှိုင်းကြတယ်၊ နောက်ပြီး အိမ်ထောင်သည်တွေ ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် နှစ်ယောက်တစ်ဘ၀ ထူထောင်ကြတဲ့အခါ သူ့ဘက်၊ ကိုယ့်ဘက် အဆင်မပြေတာတွေ အမြဲညှိနှိုင်းနေရတယ်။ စသည်ဖြင့် စသည့်ဖြင့် ဒီလိုနေ့စဉ်ဘ၀ ညှိနှိုင်းမှုတွေက စလို့ စီးပွါရေးလုပ်ငန်းတွေဆိုရင်လည်း တစ်ခုနဲ့ တစ်ခုပူးပေါင်းလုပ်တော့မယ်၊ စာချုပ်ချုပ်တော့မယ်ဆိုရင် လိုတိုး ပိုလျှော့ ညှိရတာတွေရှိမယ်။ နိုင်ငံအလိုက်ဆိုရင်လည်း နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ကြမယ်ဆိုရင် အကြေအလည်ညှိရတာတွေ ရှိလာမယ်။ နောက်ဆုံး အထူးရဲတပ်ဖွဲ့တွေမှာဆိုရင် ဓါးစာခံကယ်တင်ရေး ညှိနှိုင်းသူတွေ တသီးတသန့် သင်တန်းပေး ခန့်ထားရတဲ့အထိကို ဒီ စေ့စပ်ညှိနှိုင်းမှု အတတ်ပညာက နယ်ပယ်စုံ၊ လူတန်းစားအစုံမှာ သူ့နည်းသူ့ဟန်နဲ့ အသုံးချနေကြပါတယ်။
          ဒါပေမဲ့ ဒီနေ့တော့ Orio Econ ရဲ့ထုံးစံအတိုင်း Business Negotiation ကိုဇောင်းပေးပြီး တင်ပြသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ Business Negotiation ရဲ့ ဝိသေသလက္ခဏာတွေ၊ နောက်သူ့ရဲ့ အစနဲ့ အဆုံးရယ်၊ ကြားထဲက ဆင့်ကဲဖြစ်စဉ်တွေရယ်၊ ညှိနှိုင်းသူတွေကြားထဲက စိတ်ဓါတ်ရေးရာ အားပြိုင်မှုတွေ၊ နည်းဗျူဟာတွေ၊ Negotiation တစ်ခုအပေါ် လွှမ်းမိုးနေတဲ့ Factor တွေ၊ ဒါတွေအားလုံးကို တတ်နိုင်သလောက် ခြုံငုံမိအောင် အောက်မှာဆက်ပြောပြသွားမှာပါ။

ဝိသေသလက္ခဏာ
          ခု ကျွန်တော်တင်ပြမဲ့ Business Negotiation တစ်ခုကို အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် စေ့စပ်ညှိနှိုင်းမဲ့ အဖွဲ့ (Parties or Groups) အနည်းဆုံး ၂ခု၊ ဒါမှမဟုတ် ၂ခုထက်ပိုတဲ့ အဖွဲ့တွေ ပါဝင်ရပါမယ်။ နောက် သူတို့တွေ ဆွေးနွေးညှိနှိုင်းရမဲ့ အကြောင်းအရာတစ်ခု ရှိရမှာဖြစ်ပြီး အဖွဲ့တွေဟာ မျက်နှာစုံညီပေါ့၊ ပြောရရင် နဖူးတိုက်ဒူးတိုက် (Face to Face) ဆွေးနွေးညှိနှိုင်းခြင်းမျိုးကို ဆိုလိုပါတယ်။ တင်ဒါပြိုင်တာတို့၊ Quotation တင်ပြီးပြိုင်တာတို့၊ ဖုန်း၊ မေးလ် တို့နဲ့ဆက်သွယ်ညှိုနှိုင်းတာမျိုးကို ဒီခေါင်းစဉ်အောက်မှာ မထည့်သွင်းထားပါဘူး။ ဒီတော့ Business Negotiation တစ်ခုကို သွားတော့မယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင် သွားသင့်တယ်ဆိုတာ အောက်မှာဆက်ကြည့်ရအောင်ပါ။

Preparation is Key
(၁)နေရာ
          သူတင်ကိုယ်တင်ညှိရတဲ့ ဆွေးနွေးပွဲတွေမှာ နေရာကတော်တော် စကားပြောပါတယ်။ ကိုယ့်ရုံးခန်း၊ ကိုယ့်ကွင်းဖြစ်နေရင် စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ ချိန်ခွင်လျှာအလေးသာမှု ပိုရှိတတ်ကြပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူများနေရာကို သွားတွေ့ရတာမျိုး ဆိုရင်တော့ လိုအပ်လာနိုင်တဲ့ အချက်အလက် စာရွက်စာတမ်းတွေ၊ ပစ္စည်းနမူနာတွေကို စုံစုံလင်လင်ယူသွားဖို့ မမေ့ပါနဲ့။ အရေးပေါ်မှ ဟိုဆွဲဒီဆွဲ၊ ဟိုဟာရှာမရ၊ ဒီဟာရှာမရ ဖြစ်တတ်လို့ပါ။ အိမ်ကွင်းလဲ မဟုတ် အဝေးကွင်းလဲ မဟုတ် ကြားနေရာတစ်ခုမှာ ဆုံကြမယ်ဆိုရင်တော့ သူလည်းအဆင်ပြေ ကိုယ်လည်းအဆင်ပြေမဲ့နေရာ ရွေးသင့်တယ်ဆိုတာကိုတော့ အထူးတလည်ပြောမနေတော့ပါဘူး။

(၂)အချိန်
          တွေ့ဆုံဖို့အတွက်ကတော့ နှစ်ဦးနှစ်ဘက် အဆင်ပြေမဲ့အချိန် ရွေးပြီးတာနဲ့ ဆွေးနွေးပွဲကြာချိန်ကို အကြမ်းဖျင်း ကြိုညှိထားသင့်ပါတယ်။ ဘာလိုလဲဆိုတော့ မမျှော်လင့်ဘဲနဲ့ အပြီးသတ်သဘောတူညီမှုချဖို့ လိပ်ခဲတည်းတည်း အခြေအနေတွေဖြစ်နေပြီဆိုရင် Plan-B တွေ Plan-C တွေချိန်းဖို့အတွက် လုံလောက်တဲ့ အချိန်ရှိနေအောင်ပါ။

(၃)တခြားအဖွဲ့ရဲ့ စိတ်နေသဘောထားနဲ့ သဘာဝ
          ကိုယ်သွားဆွေးနွေးမဲ့ အဖွဲ့ရဲ့ စိတ်နေသဘာဝကို ကြိုသိထားရင် တကယ့်တကယ် ဆွေးနွေးတဲ့နေရာမှာ တစ်ကွက်သာစေပါတယ်။ ကိုယ်နဲ့သိထားဖူးပြီးသား လူဆိုရင်တော့ကိစ္စမရှိပါဘူး။ ခုမှစတွေ့မဲ့သူလည်းဖြစ်မယ်၊ Project ကလည်းကြီးတယ်ဆိုရင် အဲ့လူနဲ့အရင်တွေ့ဖူးပြီးသား သူတွေဆီကနေ စုံစမ်းလို့ရပါတယ်။ ဒါမှလည်း သူ့ပုံစံကိုလိုက်ပြီး ထိရောက်တဲ့ ဗျူဟာကို ချနိုင်မှာပါ။ အရင်ထဲကသိပြီးသားလူပဲ၊ ဒါပေမဲ့ ကျောင်းတော်က ရန်စလေးတွေရှိတယ်ဆိုရင်တော့ ကိုယ်နင်းရမဲ့ အကွက် ကိုယ့်ဟာကိုယ် ခင်းထားပေါ့နော်။

(၄)ပွဲမဝင်ခင် ပြင်ကကျင်းပ
          ဒါကတော့ ဆွေးနွေးပွဲမသွားခင် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ဗျူဟာတွေကို ကြိုတင်စဉ်းစားထားဖို့ပါ။ တကယ့် Negotiator တွေဆိုရင် ဖြစ်လာနိုင်တဲ့ အခြေအနေတွေအားလုံးကို စိတ်ကူးယဉ် စဉ်းစားထားလေ့ရှိပါတယ်။ ပြီးရင် အဲဒါတွေကို စာရွက်ပေါ် ချရေးထားပြီး အခြေအနေတစ်ခုစီ အတွက် Solution တစ်ခုစီကို ကြိုထုတ်ထားကြပါတယ်။ ဒါမှ ဟိုကွေ့ရောက် ဟိုတက်နဲ့လှော်၊ ဒီကွေ့ရောက် ဒီတက်နဲ့လှော် လုပ်လို့ရမှာပါ။
          Solution တွေကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တချို့ လုပ်ငန်းအကြီးကြီးတွေ ညှိကြပြီဆိုရင် ငွေကြေးတစ်ခုတည်းတင် မဟုတ်တော့ဘဲ လုပ်ပိုင်ခွင့်တွေ၊ အခွင့်အလမ်းတွေကိုပါ ထည့်ဆွေးနွေးတတ်ကြပါတယ်။ ဒါကို Deal-Structuring Technique မှာတော့ “Condition” တွေထည့်ပြီး ဆွေးနွေးတယ်လို့ ပြောကြပါတယ်။ ဥပမာပြောရရင် ဖော်မြူလာဝမ်း ကားပြိုင်ပွဲက အသင်းသေးလေးတစ်ခုဟာ သူတို့အသင်းရဲ့ ဝက်ဘ်ဆိုက်အတွက် ဒီဇိုင်နာကိုအပ်ပါတယ်။ ဒါပေမဲ့ ဒီဇိုင်းအဖွဲ့က တောင်းတဲ့ဈေးကို ပေးဖို့ ငွေလုံးငွေရင်း မရှိတဲ့အခါမှာ ဒီဇိုင်းခတွေကို တစ်ဝက်က ငွေသား၊ တစ်ဝက်ကို ဖော်မြူလာဝမ်းပြိုင်ပွဲ လက်မှတ်တွေနဲ့ ပေးချေဖို့ ကမ်းလှမ်းပါတယ်။ ဒီဇိုင်းအဖွဲ့ကလည်း လက်ခံတဲ့ အတွက် အောင်အောင်မြင်မြင်ပဲ သဘောတူစာချုပ် ချုပ်နိုင်ခဲ့ပါတယ်။

          ခုထိပြောသွားတာတွေက ကမ်းလှမ်းမဲ့သူတွေဘက်က၊ Marketing သမားတွေဘက်က စဉ်းစားပုံဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က ဝယ်သူနေရာက ပြင်ဆင်မယ်ဆိုရင် ကိုယ်ကိုလာပြမဲ့ ပစ္စည်းအကြောင်းကို ဖြစ်နိုင်သလောက် အူမချေးခါးမကျန် သိထားသင့်ပါတယ်။ ဒါမှ ဟိုဘက်က နှပ်ချတာတွေကို ကာနိုင်မှာပါ။ လိုအပ်ရင် ထောက်မေးခွန်းတွေ မေးဖို့ ကြိုတင်ချရေးထားတာတွေ ဘာတွေ လုပ်ထားပေါ့။ အကောင်းဆုံးကတော့ ကိုယ်လိုချင်တဲ့ ပစ္စည်းအရည်အသွေး၊ target quality ကို စိတ်ထဲ ခိုင်ခိုင်မာမာ ချထားနိုင်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ ဟိုဘက်က ဆရာသမားတွေက specification တွေကို အရောရောအထွးထွေး ဖြစ်အောင် shuffle လုပ်ပြီး အာရုံထွေပြားအောင် လုပ်မှာမို့ပါ။

In game Tactics & Strategy
          တကယ့်တကယ် ဆွေးနွေးပွဲတွေကြရင် လူအမျိုးအစားပေါ်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ တချို့တွေက စကားကောင်းတယ်၊ တစ်ဘက်လူကျအောင် ပြောတဲ့နေရာမှာ နှစ်ယောက်မရှိ ဆိုတဲ့သူတွေရှိသလို၊ ငြင်းရခုံရတဲ့ အချိန်မှာ စိတ်မရှည်ဘဲ ဒေါသထွက်လွယ်တဲ့ သူတွေလဲပါပါတယ်။ တချို့တွေကြပြန်တော့လဲ အရှက်အကြောက်ကြီးပြီး ခပ်ရွံ့ရွံ့ဖြစ်နေတဲ့သူတွေ တွေ့ရမှာဖြစ်သလို ခေါင်းမာတဲ့သူတွေကိုလည်း ကြုံဖူးကြမှာပါ။ ကျွန်တော်ကတော့ ယေဘုယျအားဖြင့် အားလုံးကိုခြုံမိအောင်ရယ်၊ Negotiation အတွေ့အကြုံ သိပ်မရှိသေးတဲ့သူတွေ အသုံးချနိုင်အောင်ရယ် ရည်ရွယ်ပြီး နည်းဗျူဟာ Tips လေးတွေကို ပြောပြပေးပါမယ်။

“ဒီဈေးရရင်ယူမယ်၊ မရရင် မယူတော့ဘူး” ဆိုပြီး ကျစ်တာပါ။ အဲအခါကြရင် “လူကြီးမင်း ပေးတဲ့ဈေးဆိုရင် ဈေးကွက်ထဲမှာ တခြားတံဆိပ်ရနိုင်ပါတယ်၊ အရည်အသွေးကတော့ ကွာပါတယ်၊ ကျွန်တော်တို့ ပစ္စည်းကတော့ ဒီအရည်အသွေးဟာ ဒီဈေးနဲ့က များတာမဟုတ်ပါဘူး” စသည်ဖြင့် လိုအပ်ရင် လိုအပ်သလို အချက်အလက်ကို ယှဉ်ပြပြီး Make-or-Break Question နဲ့ ချောင်ပိတ်တာကို ပြန်လည် ရှောင်ထွက်နိုင်ပါတယ်။

          Negotiator တွေ၊ Mediator တွေ အမြဲပြောလေ့ရှိတဲ့ အခြေခံ စေ့စပ်ညှိနှိုင်းရေး စည်းမျဉ်းတစ်ခုရှိပါတယ်။ ဘယ်လို Negotiation မျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လို လူမျိုးနဲ့ဖြစ်ဖြစ် ဒီစည်းမျဉ်းဟာ တော်တော်လေး အကျုံးဝင်ပြီး အသုံးတည့်ပါတယ်တဲ့။ အဲဒါကတော့ ကိုယ့်ရဲ့ “ပထမဆုံး ကမ်းလှမ်းချက်” (First Offer) ကို အကောင်းဆုံး ပြင်ဆင်ဖို့ပါ။ ဘာလို့လဲဆိုတော့ စစခြင်းဖွင့်တဲ့ စစ်မျက်နှာမှာ အခြေမလှရင် နောက် Planတွေ ကိုမဆက်နိုင်ဘဲ တန်းဂွမ်းသွားနိုင်လို့ပါ။ ဒါကြောင့် အပေါ်မှာပြောခဲ့သလို မသွားခင်ကတည်းက အဘက်ဘက် သုံးသပ်ပြီး ကိုယ့်ရဲ့ First Offer ကို အကောင်းဆုံး ပြင်ဆင်သွားပါ။ တေ့တေ့ဆိုင်ဆိုင် စပြောရပြီဆိုတာနဲ့ ကိုယ့်ကမ်းလှမ်းချက် အပေါ် ယုံကြည်ချက်ရှိရှိ မာန်ပါပါနဲ့ နင်းပြောဖို့လည်း မမေ့ပါနဲ့။ နောက်ပြီး အပေါ်က ပြောခဲ့တဲ့ Plan-A တွေ၊ Plan-B တွေကလည်း ဒီကမ်းလှမ်းချက်ပေါ် မူတည်ပြီး ဆက်စဉ်းစားရတာမို့ပါ။
          ဒီပထမဆုံး အချက်ကို လုပ်ဆောင်နိုင်ရင် အတွေ့အကြုံနုသေးတဲ့သူတွေဆို ဖြစ်တတ်တဲ့ စိုးရွံ့ကြောက်ရွံ့စိတ်တွေလည်း အတော်အတန်တော့ နည်းသွားစေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်၊ တစ်ဘက်ကသူတွေထဲမှာ အရမ်းစမတ်ဖြစ်တဲ့လူတွေ၊ စကားပြောနပ်တဲ့သူတွေ၊ နောက် ကျွန်တော်တို့နိုင်ငံမှာဆို Connection အရမ်းကောင်းတဲ့သူတွေ၊ ကျောထောက်နောက်ခံကောင်းတဲ့ သူတွေနဲ့ ကြုံချင်ကြုံရနိုင်ပါတယ်။ ဒီအခါမှာ ကိုယ့်ဘက်က ရှိန်ပြီး အောက်မရောက်သွားစေဖို့ပါ။

          ဒုတိယ အခြေခံကျတဲ့ အချက်တစ်ခုကတော့ Body Language တွေကိုဖတ်တတ်ဖို့ပါ။ အရမ်းတော်တဲ့ စေ့စပ်ညှိနှိုင်းရေးသမားတွေဟာ တဘက်လူရဲ့ အခြေအနေကို အကဲခတ်ရာမှာ အရမ်းတော်ကြပါတယ်။ ဖဲဝိုင်းထဲက ဖဲသမားတွေ မျက်နှာကဲခတ် သလိုပါပဲ။ ဒါမှလည်း Customer က တကယ် ဈေးမတတ်နိုင်တာလား၊ ဈေးအစ်နေတာလား၊ ဈေးပြိုင်နေတာလား ခန့်မှန်းပြီး တိုးသင့်ရင်တိုး၊ ဆုတ်သင့်ရင်ဆုတ် လုပ်နိုင်မှာပါ။ တချို့အခြေအနေတွေမှာ သောင်မတင်ရေမကျ အီလည်လည် ဖြစ်နေတတ်တာမျိုး ရှိလာနိုင်ပါတယ်။ Body Language ကိုကြည့်တာပဲဖြစ်ဖြစ်၊ သူတို့အချင်းချင်း ပုံစံကိုကြည့်တာပဲဖြစ်ဖြစ်ပေါ့။ ဆရာသမားတွေတော့ ဆုံးဖြတ်ရခက်နေကြပြီ၊ ရွာပတ်နေကြပြီ စသည်ဖြင့် ဒီလိုအခြေအနေတွေဆိုရင် ဆေးွနွေးတာကို ခပ်မြန်မြန်ရပ်ပြီး နောက်တခေါက်ပြန်ချိန်းဖို့၊ Customer ကိုစဉ်းစားချိန်ပေးလိုက်ဖို့ အကြံပြုကြပါသေးတယ်။

          နောက်တစ်ခု ပြောပြချင်တာက Customer ဘက်က ပြန်လာနိုင်တဲ့ Counter Offer တွေပါ။ ပြောရမယ်ဆိုရင်တော့ ဈေးပြန်ဆစ်တာပေါ့လေ။ တကယ်တော့ ကိုယ်က Offer တစ်ခုပေးလိုက်ပြီဆိုရင် လက်ခံလား၊ လက်မခံဘူးလား၊ ဒါမှမဟုတ် ခုနပြောခဲ့တဲ့ Counter Offer ပြန်လာမလား ဒါပဲရှိပါတယ်။ Counter Offer ပြန်ပေးတယ်ဆိုရင် ဒါလုံး၀ ငြင်းတာတော့ မဟုတ်သေးဘူး၊ Customer ဘက်က ညှိလို့ရမလား ကမ်းလှမ်းတဲ့သဘောပါ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ Negotiator တွေကတော့ Counter Offer တွေဘက်ကို ဘယ်တော့မှ မျောမပါသွားဖို့ အဆိုပြုထားပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ပညာသဘောအရကို Counter Offer အတော်များများက ရင်လောက်မှန်းမှ ဒူးလောက်ကျဆိုသလိုပဲ ဈေးကိုဆွဲချထားတတ်ကြတာ၊ ဒါမှမဟုတ် Condition တွေကို ခပ်များများတောင်းထား တတ်လို့ပါ။

          ဒီနေရာမှာ အပေါ်ကပြောခဲ့တဲ့ ကြိုတင်ပြင်ဆင်မှုက အရေးပါလာပါပြီ။ ဥပမာပြောရရင် Customer ဘက်က ဈေးနှုန်းကို လျှော့ပေးဖို့ သုံးလေ့ရှိတဲ့ ဗျူဟာတစ်ခုရှိပါတယ်။ Make-or-Break Question မေးတော့တာပါ။ “ဒီဈေးရရင်ယူမယ်၊ မရရင် မယူတော့ဘူး” ဆိုပြီး ကျစ်တာပါ။ အဲအခါကြရင် “လူကြီးမင်း ပေးတဲ့ဈေးဆိုရင် ဈေးကွက်ထဲမှာ တခြားတံဆိပ်ရနိုင်ပါတယ်၊ အရည်အသွေးကတော့ ကွာပါတယ်၊ ကျွန်တော်တို့ ပစ္စည်းကတော့ ဒီအရည်အသွေးဟာ ဒီဈေးနဲ့က များတာမဟုတ်ပါဘူး” စသည်ဖြင့် လိုအပ်ရင် လိုအပ်သလို အချက်အလက်ကို ယှဉ်ပြပြီး Make-or-Break Question နဲ့ ချောင်ပိတ်တာကို ပြန်လည် ရှောင်ထွက်နိုင်ပါတယ်။

          နောက်တစ်ချက် ပြောပြချင်တာကတော့ စေ့စပ်ညှိနှိုင်းမှု စလုပ်ပြီဆိုကတည်းက နှစ်ဦးနှစ်ဘက် စိတ်ကျေနပ်တဲ့ သဘောတူညီမှုမျိုး ရအောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုး အမြဲထားပါတဲ့။ Win-Win Saturation ပေါ့။ ကိုယ့်ဘက်ကလည်း အောင့်သက်သက်နဲ့ သဘောတူလိုက်ရတာမျိုး မဖြစ်သင့်သလို၊ တစ်ဘက်ကို တအားနင်းပြီး မတတ်သာလို့ သဘောတူပေးလိုက်ရတဲ့ အခြေအနေမျိုး မဖန်တီးပါနဲ့တဲ့။ အမြဲလက်တွဲလို့ရတဲ့ ဆက်ဆံရေးမျိုးဖြစ်အောင်၊ တစ်ခါဆက်ဆံ ဆယ်ခါလန် မဖြစ်ရအောင်ကြိူးစားပါ။

          နောက်ဆုံးတစ်ချက်ကတော့ ကိုယ်နဲ့ဆွေးနွေးတဲ့ သူတွေက သဘောတူညီချက်ကို ဆုံးဖြတ်ပေးနိုင်မဲ့ ရာထူးဟုတ်မဟုတ် သေချာအောင်လုပ်ဖို့ပါပဲ။ ကိုယ်ကတော့ အားကြိုးမာန်တက် Offer တွေပေး၊ Presentation တွေလုပ်၊ ဗျူဟာတွေခင်းပြီး၊ တဘက်က ယောင်တောင်တောင် မျက်လုံးလေး ကလည်ကလည်နဲ့ ပြီးတော့မှ အထက်လူကြီးကို ပြန်ပြောလိုက်ပါမယ်နော် ဆိုရင် လုပ်ခဲ့သမျှ ထင်သလောက် အရာမရောက်ဘဲ ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ကိုယ်တွေ့မဲ့သူဟာ လုပ်ပိုင်ခွင့် အပြည့်ရှိတဲ့သူ မဟုတ်တောင်၊ တစိတ်တပိုင်း လုပ်ပိုင်ခွင့်ရှိတဲ့သူ ဖြစ်သင့်ပါတယ်။ အပြန်အလှန် အနေနဲ့လည်း ကိုယ်က အခြေအနေအရ Offer တွေကို Plan-A, Plan-B ပြောင်းမယ်ဆိုရင် ကိုယ်ဟာ ဒီလိုလုပ်ဖို့အတွက် လုပ်ပိုင်ခွင့်အပြည့်ရှိတဲ့သူ၊ ဒါမှမဟုတ် ကိုယ့်ကုမ္ပဏီက လုပ်ပိုင်ခွင့် အပြည့်ပေးထားတဲ့သူ ဖြစ်ကြောင်း တစ်ဘက်ကိုလည်း ပြောပြထားဖို့လိုပါတယ်။

နိဂုံး
ဟုတ်ကဲ့။ ခုကျွန်တော် တင်ပြသွားတာကတော့ Business Negotiation အတွက် အသုံးတည့်မဲ့ အခြေခံ နည်းနာ၊ ဗျူဟာလေးတွေပဲ ဖြစ်ပါတယ် ခင်ဗျား။ အထူးသဖြင့် စီးပွားရေးလုပ်ငန်း တစ်ခုနဲ့ တစ်ခုကြား ဆက်ဆံရေးအတွက်ပါ။ အစိုးရရုံးတွေ၊ ဝန်ကြီးဌာန လူကြီးတွေနဲ့ တွေ့ဆုံဆွေနွေးရေးကတော့ သပ်သပ်ကြီး ရှိပါတယ်။ မြန်မာနည်း မြန်မာ့ဟန် ဆိုလားပါပဲ။ ဒီလို Government နဲ့ စေ့စပ်ညှိနှိုင်းတာကတော့ ကျွန်တော် မပြောပြတော့ပါဘူး။ စာဖတ်သူတွေကပဲ Comment မှာ ပြန်ရေးပေးခဲ့ကြပေါ့၊ နော်။ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ် ခင်ဗျား။

contributed by Thaw Htet
ကူးယူဖော်ပြခွင့် မပြုပါ။

 

Christmas Deadweight Loss

Christmas နဲ့new year မှာသင့် မိသားစုနဲ့ မိတ်ဆွေတွေကိုလက်ဆောင် ပေးဖို့အဆင်သင့် ဖြစ်နေကြပြီလား။ ဘာလက်ဆောင် ပေးဖို့ရော စဉ်းစားထားသလဲ၊ ဒါမှမဟုတ် စဉ်းစားပြီးပြီ ဆိုရင်လဲ ဘာလို့ဒါပေးမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာလဲ။ သင့်လက်ဆောင်က ပိုက်ဆံ ဖြုန်းခြင်း သက်သက်ပဲ၊ သင့်လက်ဆောင်က လက်ခံတဲ့သူဆီ ရောက်သွားတဲ့အခါ ပစ္စည်းတန်ဖိုး ပိုလျှော့ကျသွားတယ် ဒါမှမဟုတ် အလေအလွင့် ဖြစ်သွား လိမ့်မယ်လို့ ပြောရင် သင်ယုံနိုင်ပါ့မလား။ သင်က တသိန်းတန် လက်ဆောင် ပစ္စည်း အသစ်ကလေးဝယ်ပြီး ပေးပေမဲ့ ပစ္စည်း လက်ခံရတဲ့ သူလက်ထဲ ရောက်သွားရင် တသိန်း မတန်တော့ပဲ ၇ သောင်း၊ ၈ သောင်းတန် လောက် ဖြစ်သွားတယ်လို့ ပြောရင် သင်လက်ခံ ပါ့မလား။

အမေရိကန်နိုင်ငံမှာ ခရစ်စမတ် လက်ဆောင်ပေးဖို့ နှစ်စဉ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ဘီလျံ၁၀၀ ခန့်သုံးစွဲနေတယ်။ ဒါပေမဲ့ တနှစ်ကို ၁၈ ဘီလျံကနေ ၂၀ ဘီလျံထိ အလေအလွင့်ဖြစ်နေတယ်။ တခြားနိုင်ငံတွေမှာလဲ အတူတူပဲ။ ဒါဟာ ဘာကြောင့်လဲ။

ကျွန်မတို့ဟာ ကိုယ့်အတွက် ကိုယ်တိုင် ပစ္စည်းဝယ်တဲ့အခါ ပစ္စည်းရဲ့တန်ဖိုးကို မြှင့်တင်ပေးပါတယ်။ ဒီနေရာမှာ ပြောတဲ့ ပစ္စည်းတန်ဖိုး ဆိုတာ ဈေးနှုံး တခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ပစ္စည်းအသုံးဝင်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျွန်မတို့ ကိုယ့်အတွက် ကိုယ်တိုင် ပစ္စည်းဝယ်တဲ့အခါ ဘယ်နေရာမှာ အသုံးလိုတာဘ ာကိုလိုချင်တယ် ဆိုတာ တိတိကျကျသေချာ သိပါတယ်။ ဒါကြောင့် ကိုယ် တကယ် အသုံးလိုနေတဲ့ နေရာမှာသုံးမှာမိုလို့ ပစ္စည်း တန်ရာတန်ကြေးထက်တောင် ကျွန်မတို့က ပိုတန်ဖိုးထားကြပါတယ်။ နောက်ပြီး ကိုယ်အရမ်းလိုချင်နေတဲ့အရာကို လက်ဆောင်အဖြစ်ရရှိတဲ့အခါမှာလဲ အများကြီး တန်ဖိုးထားကြပါတယ်။

လက်ဆောင် ပေးခြင်းဟာလည်း တခါတရံ လက်ဆောင်ပစ္စည်းတန်ဖိုးကို ပိုမြှင့်တင် ပေးတတ်ပါတယ်။ ဥပမာ သင်ကစီးပွားရေးစာအုပ်တွေ ဖတ်ရတာ ကိုကြိုက်မှန်း ကျွန်မက သိတယ်။ ဒါကြောင့် စီးပွားရေးဆိုင်ရာ စာအုပ်ကောင်း တအုပ် ကျွန်မဖတ်ဖြစ်တဲ့အခါ သင့်ကို လက်ဆင့်ကမ်းပေးလိုက်တယ်။ စာအုပ်တန်ဖိုးက ငါးထောင်ကျပ်သာဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ဒီစာအုပ်ကိုအမြတ်တနိုး နှစ်နှစ်သက်သက်ဖတ်သူက နှစ်ဦးမိုလို့ ဒီစာအုပ်ရဲ့တန်ဖိုးက ပိုမြင့်သွားပါတယ်။ နောက်ပြီး အဲလို လက်ဆောင်ပေးတာဟာ တကယ်လိုချင်နေတဲ့သူကလိုချင်တဲ့ ပစ္စည်းကို တကူးတက အချိန်ကုန် ငွေကုန်ခံလိုက်ရှာရာမှာကုန်တဲ့ ကုန်ကျစရိတ် (search cost) ကိုလည်း လျှော့ချပေးပါတယ်။
ဒါပေမဲ့ လူတွေကသူတို့ မလိုချင်တဲ့ ပစ္စည်းမျိုး ရရှိတဲ့အခါ Negative trade (အကျိုးမရှိသော ကုန်ဖလှယ်မှု) အဖြစ် အဲဒီပစ္စည်းတန်ဖိုးကိုလျှော့ချပစ်လိုက်ကြပါတယ်။

လက်ဆောင် ပေးခြင်းမှာ ပြဿနာ ၂ မျိုး ရှိတယ်လို့ စီးပွားရေးပညာရှင်တဦး ဖြစ်တဲ့ Joel Waldfogel က ဆွေးနွေးထားပါတယ်။
1. The incentive problem
2. The knowledge problem ပါ။

လူတွေက သူတို့ကိုယ်တိုင် အတွက်ပစ္စည်းဝယ်တဲ့အခါ ကောင်းမွန်တဲ့ incentives ရအောင် ဂရုတစိုက် ရွေးချယ်ဝယ်ယူလေ့ ရှိပါတယ်။ ပြီးတော့ သူတို့ကိုယ်တိုင် ဘာကြိုက်တယ်၊ မကြိုက်ဘူးဆိုတာသေသေချာချာ သဘောပေါက်နေပါတယ်။ ဒါပေမဲ့ အခြားတစုံတယောက်အတွက် ဝယ်တဲ့အခါမှာသူများဘာကြိုက်တယ် မကြိုက်ဘူးဆိုတာကို သေချာမသိကြတော့ဘူး။ ဒါကြောင့် ကိုယ့်အတွက်လောက် သေချာဂရုစိုက်ရွေးဝယ်လေ့ မရှိတော့ပဲ အဆင်ပြေရာကို ရွေးဝယ်လိုက်ပါတယ်။

Joel Waldfogel က သူလေ့လာဖူးတဲ့ အကြောင်းအရာတခုမှာ “လက်ဆောင်ပေးသူက ဒေါ်လာ ၅၀ တန် ပစ္စည်း ပေးလိုက်ပေမဲ့ ပျမ်းမျှခြင်းအားဖြင့် လက်ခံသူကဒေါ်လာ ၄၀ သာသာပဲ ရရှိလေ့ရှိတယ်” လို့ဆိုပါတယ်။ ကျွန်မအပေါ်မှာ ပြောခဲ့သလို နှစ်စဉ် အမေရိကန်မှာဒေါ်လာဘီလျံ ၁၀၀ လောက်သုံးနေပေမဲ့ ၁၈ မှ ၂၀ ဘီလျံထိ ပြုန်းတီးနေတယ် ဆိုတာပေ့ါ။ အကယ်၍ သင်က မှန်ကန်တဲ့ လက်ဆောင်မျိုးပေးမိတောင် များသောအားဖြင့် လက်ဆောင်တွေက အသုံးမဝင်ပဲအလေအလွင့်တွေဖြ စ်နေတုန်းပါ။

ဒါဆိုဒီပြသနာကိုဘယ်လိုဖြေရှင်းကြမလဲ ?

မကြာသေးခင်က ကျွန်မfacebook friends အချို့ share နေကြတဲ့ မင်္ဂလာ လက်ဖွဲ့နဲ့ ပတ်သက်တဲ့ post လေးတခုကို ပြေးသတိရမိပါတယ်။ မင်္ဂလာမောင်နှံက သူတို့ကိုလက်ဖွဲပေးတဲ့အခါ ငွေသားလက်ဖွဲ့ဆို ပိုကျေးဇူးတင်မိတဲ့ အကြောင်း စာအိတ် ကလေးကိုပါ ဖိတ်စာနဲ့အတူထည့်ပေးထားတဲ့ အကြောင်းပါ။ မကြာခဏ ကျွန်မ news feed မှာမြင်နေရတာကြောင့်ဒီ idea လေးကို လူတွေ အတော်သဘောကျပုံပါပဲ ။
ဆိုတော့… ပြသနာအဖြေကငွေသားလို့ဆိုရမလားပဲ။ Gift cards တွေက ဒီနေရာမှ ာငွေသားလိုပဲ အစားထိုးစရာအကောင်းဆုံးပစ္စည်းတခုပါ။ ဒါပေမဲ့လေ့လာတွေ့ရှိချက်အရ Gift Cards လက်ဆောင်ရရှိတဲ့ ၁၀% သောလူဦးရေဟာ Gift card တွေကိုတကယ်အသုံးမပြုဖြစ်ကြပါဘူးတဲ့။ Redeem လုပ်ဖို့မေ့လျော့နေတတ်ပြီး expiry ဖြစ်သွားကြပါတယ်။

နောက်ပြီး ပေးလိုက်တဲ့ ပစ္စည်းတွေ အသုံးမဝင်ဆုံး အလေအလွင့် အများဆုံး ဖြစ်တဲ့ နေရာတခု ရှိပါတယ်။ အဲဒါ က Charity တွေပါပဲ။ ရေဘေးလို သဘာဝဘေးအန္တရာယ် ကျရောက်တုန်းက ကျွန်မတို့ အဝတ်ဟောင်းတွေ အသည်းအသန် လှူလိုက်ကြပါသေးတယ်။ ဒါပေမဲ့ တကယ် သွားကြည့်တော့ ကျွန်မတို့လှူထားတဲ့ အဝတ်ပုံကြီးဟာသူတို့အတွက် တကယ်အသုံးမဝင်ပဲ အမှိုက်ပုံကြီးတောင် ဖြစ်နေတယ်။ သူတို့ တကယ်လိုတာ ဆန်တွေ ဆီတွေဖြစ်ချင်ဖြစ်မယ၊် လှေတစင်းဒါမှမဟုတ် ရေသန့်၊ ဆေးတွေဖြစ်ချင်ဖြစ်မယ်။ ကျွန်မတို့ကသူတို့ဘာလိုအပ်တယ် ဆိုတာ သေချာမလေ့လာပဲ ကိုယ်ပေးချင်တာ ပေးပစ်တော့ အလေအလွင့်တွေ ဖြစ်ကုန်ရော။ နောက်ပြီး အဲဒီလိုအသုံးမဝင်တဲ့ အဝတ်အစားတွေကို ရေဘေးနေရာဆီ အရောက်ပို့ဖို့ သယ်ပို့စရိတ်တွေကလဲ ကြီးပါသေးတယ်။ အဲဒီပြသနာကို ဖြေရှင်းနိုင်တဲ့ အလှူခံအဖွဲ့အစည်းအချို့ ပေါ်ပေါက်လာပါတယ်။ သူတို့က လှူငွေတွေလက်ခံပြီးတကယ် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ပြီး ပြန်လှူဒါန်းပေးတာပါ။ ဒါဟာအတော်ထိရောက်တဲ့ ပေးကမ်းခြင်းပါပဲ။

ဒီနေရာမှာ လက်ခံမဲ့သူ ဘာလိုချင်တယ် ဆိုတာကို သေချာသဘောမပေါက်သ၍ ကျွန်မတို့ပေးသမျှ လက်ဆောင် ပစ္စည်းတွေဟာလုံးဝ waste တွေပါပဲ။ ဒါဆို ငွေသားက အဖြေလား ?

သင်ကညစာစားပွဲကြီး တခုကျင်းပတယ် ဆိုပါစို့။သင့်မိတ်ဆွေတွေကဘာကြိုက်မှန်း မသိလို့ သင်က စေတနာနဲ့ လူတိုင်းကို ပိုက်ဆံလိုက်ပေးပြီး စားချင်တာ ဝယ်စားကြပါလို့ ပြောရင် သေချာပေါက် သင်အရိုက်ခံရနိုင်ပါတယ်။ဘာကြောင့်လဲ ?

Psychologist တဦးဖြစ်သူ Don Arielyကတော့ Real Issue is Friendship လို့ဆိုပါတယ်။ လက်ဆောင်ပေးတယ် ဆိုတာ စီးပွားရေးတွက်ခြေကိုက်တဲ့ ကုန်ပစ္စည်းဖလှယ်မှု သက်သက်ပဲ မဟုတ်ပါဘူး။ လူတွေ တဦးအပေါ်တဦး ထားရှိတဲ့ ချစ်ခင်လေးစားမှု ပါပဲ။ တခါတလေလက်ဆောင်ပေးတယ်ဆိုတာ ပေးလိုက်တဲ့ ပစ္စည်းကအသုံးဝင်ခြင်းမဝင်ခြင်းထက် ပေးလိုက်တယ်ဆိုတဲ့ အသိအမှတ်ပြုခံရခြင်းကိုလိုချင်ကြပါတယ်။ ကျွန်မတို့ဟာ ချစ်ခြင်းမေတ္တာကို မက်မောကြတဲ့လူသားတွေဖြစ်နေသ၍ ချစ်ခြင်းမေတ္တာနဲ့ စေတနာကို ပစ္စည်းနဲ့ငွေသားထက် ပိုတန်ဖိုးထားလို့ပါပဲ။

ပိုက်ဆံဟာ လုပ်ငန်းခွင်တိုင်း မှာလဲ အဖြေမဟုတ်ကြောင်း လုပ်ငန်းခွင်ထဲက လေ့လာတွေ့ရှိချက် တခုကို ပြောပြပါရစေ။ သူဌေးတဦးဟာ သူ့ဝန်ထမ်းတွေကို motivation ကျတတ်တဲ့ တင်္နလာနေ့မှာ performance တက်အောင် မတူညီတဲ့ bonus (၃) မျိုးကိုတလှည့်စီပေးလေ့ ရှိပါတယ်။ ပထမတမျိုးက ဝန်ထမ်းတွေကို Pizza ကျွေးတယ်၊ ဒုတိယတခုက ပိုက်ဆံ ချီးမြှင့်တယ်။ တတိယတခုက သူဌေးကအသိအမှတ်ပြုတဲ့ text message လေးတွေ ပို့ပေးပါတယ်။ ဒါပေမဲ့ ပြသနာက ပိုက်ဆံချီးမြှင့်တဲ့ အပတ်မှာဆို နောက်တရက် အင်္ဂါနေ့မှာဝန်ထမ်းတွေရဲ့ performance က သိသိသာသာ ကျဆင်းသွားတာပါပဲ။ Pizza အတူစားကြတဲ့ နေ့တွေနဲ့ သူဌေးဆီက ချီးကျူးစကား လက်ခံရရှိတဲ့အပတ်ရဲ ့အင်္ဂါနေ့တွေ မှာတော့ သူတို့ performance ကအရမ်း ကျဆင်းတာမျိုး မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အရမ်းလိုချင်တဲ့ပိုက်ဆံ bonus မရတော့ဘူး ဆိုတာ သဘောပေါက်လို့ပါပဲ။ ပီဇာမစားရတော့လို့ သူဌေးဆီက ချီးမွန်းစကား မကြားရတော့မှာမိုလို့ performance ကျသွားမှ ာမဟုတ်ပေမဲ့ ပိုက်ဆံ မရတော့ဘူးဆိုတဲ့ အသိက performance ကိုသိသိသာသာ ကျဆင်းစေပါတယ်။ Don Ariely က ငွေကြေးထက် အခြားဆုလက်ဆောင်ပေးဖို့ အကြံပြုထားပါတယ်။

ငွေကြေးဟာ နေရာတိုင်းမှ ာအဖြေတခု မဟုတ်နေပြန်ပါဘူး။ တဖက်မှာလဲ မှားယွင်းတဲ့ လက်ဆောင် ပေးမိပြန်ရင်လဲ ပေးတဲ့သူအတွက်လဲဆုံးရှုံးတယ်၊ လက်ခံတဲ့သူ ဖက်ကလဲ နစ်နာတယ်။ ဘယ်လိုအဖြေကအကောင်းဆုံး ဖြစ်မလဲဆိုတာက ကျွန်မတို့ ချစ်တဲ့သူတွေကိုလက်ဆောင် ပေးတဲ့အခါ သူတို့ တကယ် ဘာလိုအပ်နေသလဲ ဆိုတာသိရှိဖို့ လိုပါတယ်။ ဒါမှသာ လက်ဆောင်ရတဲ့ သူကအဲဒီ ပစ္စည်းကိုအသုံးပြုတဲ့ အခါတိုင် းဒါမှမဟုတ် မြင်တဲ့ အခါတိုင် းပေးတဲ့သူကိုသတိတရ ရှိစေပြီး ထိရောက်တဲ့ လက်ဆောင် ပေးခြင်းမျိုး ဖြစ်မှာပါ။ စာဖတ်သူတို့ရော ကိုယ်မလိုချင်တဲ့ လက်ဆောင် ရဖူးသလား။ အမှတ်တရ ဖြစ်နေတဲ့ လက်ဆောင်မျိုး ရောရှိသလား ဆိုတာ comment မှာဆွေးနွေးပေးသွားပါဦး။ ပျော်ရွှင်စရာ နှစ်သစ်မှာ လိုချင်နေတဲ့ လက်ဆောင်တွေ ရရှိကြပါစေ။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။

Written by Aye Chan Myint