0

Zara ကဆိုင်ကြီးနှင့်အွန်လိုင်းအရောင်းကိုပိုအားထားပြီး ဆိုင်ငယ်ပေါင်း ၁၂၀၀ ပိတ်မည်

Share

Zara ၏မိခင်ကုမ္ပဏီကြီး Inditex သည် ကမ္ဘာတဝှမ်းရှိ ဆိုင်ခွဲငယ်ပေါင်း ၁,၂၀၀ ကို ၂၀၂၁ တွင် ပိတ်သိမ်းပြီး ဖက်ရှင်စတိုးဆိုင်ကြီးများနှင့် အွန်လိုင်းအရောင်းကိုသာ ပိုအာရုံစိုက်တော့မည်ဟု ကြေညာခဲ့သည်။

Massimo Dutti, Pull & Bear နှင့် Bershka စသည့် ဖက်ရှင် brand များကို ပိုင်ဆိုင်ထားသည့် စပိန်ဖက်ရှင်လုပ်ငန်းကြီးသည် ကိုရိုးနားဗိုင်းရပ်စ်ရောဂါကြောင့် ဆိုင်များပိတ်သိမ်းခဲ့ရသည့်အတွက် ပထမဆုံး ငွေကြေးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Inditex သည် နှစ်စပိုင်းတွင် ရောင်းအား ယူရို ၅.၉ ဘီလျံမှ ၃.၃ ဘီလျံ ထိ ကျဆင်းခဲ့ပြီးနောက် ဖေဖော်ဝါရီလမှ ဧပြီလအထိ ပထမ သုံးလပတ်တွင် အသားတင်ငွေကြေး ယူရို ၄၀၉ သန်း (အမေရိကန်ဒေါ်လာ ၄၆၅ သန်း) ဆုံးရှုံးခဲ့သည်။

အဆိုပါ ငွေကြေးဆုံးရှုံးမှုထဲတွင် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ပိတ်မည့် ဆိုင်ခွဲပေါင်း ၁၂၀၀ ၏စရိတ် ယူရို ၃၀၈ သန်းလည်း ပါဝင်သည်။

အဓိက အာရုံစိုက်တော့မည့် စတိုးဆိုင်ကြီးများ၏ အကျယ်အဝန်အား တနှစ်လျှင် ၂.၅% စီ တိုးချဲ့သွားမည်ဟု Inditex ကဆိုသည်။ ထို့ပြင် ကုမ္ပဏီသည် စတိုးဆိုင်ကြီးများနှင့် အွန်လိုင်းအရောင်းအတွက် လိုအပ်သော နည်းပညာ အဆင့်မြှင့်တင်မှု ပြုလုပ်မည်ဟု ကြေညာခဲ့သည်။

Lockdown ချထားသည့်ကာလတွင် စတိုးဆိုင်ရောင်းအား ကျဆင်းခဲ့သော်လည် ဧပြီလတွင် အွန်လိုင်းရောင်းအား ၉၅% ထိ တိုးတက်ခဲ့သည်။

ယခုအခါ ရောင်းအားထိုးကျမှု နှေးကွေးသွားပြီဖြစ်ပြီး ရောင်းအား ၅၁% ကျဆင်းခဲ့သော မေလနှင့် နှိုင်းယှဉ်ကြည့်လျှင် ဂျွန်လ ၂ ရက်မှ ၈ ရက်အထိ ၃၄% ကျဆင်းသာ ကျဆင်းခဲ့သည်ဟု Inditex ကဆိုသည်။

ရောင်းအားကျသွားသော်လည်း inventories များသည် ပြီးခဲ့သည့်နှစ် အတိုင်းအတာနှင့်ယှဉ်လျှင် ယခုနှစ် ပထမ သုံးလပတ်တွင် ဆက်တိုက်လျော့ကျလျက်ရှိသည်။

“အံ့သြဖို့ကောင်းစွာပဲ အခုလက်ရှိ အခြေအနေနဲ့ တောင့်တင်းတဲ့ Business Model အရ inventories များဟာ ပထမ သုံးလပတ်မှာ ၁၀% လျော့ကျသွားခဲ့ပါတယ်”ဟု JP Morgan ကဆိုသည်။

၂၀၁၉ ခုနှစ်က ရှယ်ယာ တစောင်လျှင် ဝ.၃၅ ယူရို ပေးရသော Inditex ရှယ်ယာဈေးများသည် ယခုလက်ရှိထိ ၁.၂% တက်လာခဲ့သည်။

တရုတ်၊ ကိုရီးယား စသည့် အာရှနိုင်ငံများရှိ စတိုးဆိုင်ရောင်းအားသည် ယခင်နှစ်အတိုင်း တူညီစွာရှိနေဆဲဖြစ်ကြောင်း Inditex ၏ ဥက္ကဌဖြစ်သူ Pablo Isla က ပြောခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters
Photo: The Business of fashion

%d bloggers like this: