0

ကမ္ဘာပေါ်က အကြီးဆုံး ရာဘာစိုက်ပျိုးထုတ်လုပ်ရေး လုပ်ကိုင်သည့် နိုင်ငံများ

Share

Photo: WWF Myanmar

အရှေ့တောင် အာရှဟာ ရာဘာနဲ့ ပက်သက်ရင် အံ့သြဂုဏ်ယူဖွယ်ရာ စံချိန်တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဒါကတော့ ကမ္ဘာပေါ်ရှိ ၉၀ ရာခိုင်နှုန်းသော ရာဘာထုတ်လုပ်ရေးက အရှေ့တောင် အာရှက လာတာပါ။ သဘာဝ ရာဘာထုတ်လုပ်တဲ့ နိုင်ငံတွေဟာ ၃၅ နိုင်ငံရှိပြီးတော့ အဲ့သည့်ထဲကမှ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဟာ ရာဘာကို အများဆုံး ထုတ်လုပ်နေပါတယ်။

photo: rubberasia

၂၀၁၇ မှာ တစ်ကမ္ဘာလုံးစုစုပေါင်း ရာဘာတန်ချိန် ၁၄.၂ သန်း ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံ တစ်နိုင်ငံထဲက ရာဘာ တန်ချိန် ၄.၆ သန်း ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ရာဘာစိုက်ပျိုးရေးဟာ လူသားတွေကို အဖက်ဖက်က အကျိုးပြုပါတယ်။ အရည်အသွေးအလိုက် သူ့နေရာနဲ့သူ ကုန်ထုတ်လုပ်ရေးတွေမှာ အသုံးပြုလာခဲ့ပြီး အကောင်းဆုံးရာဘာဟာ Condom ကွန်ဒုံးအဖြစ် ထုတ်လုပ်နိုင်သလို အခြားအရည်အသွေးများအရ စက်မော်တော်ယာဉ်များအတွက် တာယာအဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။

photo: factfish

ထိုင်းနိုင်ငံရဲ့ နောက်မှာမှ အင်ဒိုနီးရှားက ဒုတိယအဖြစ် ကပ်လိုက်နေပြီး၊ အဲ့ဒီ့နောက်မှာတော့ ဗီယက်နမ်၊ အိန္ဒိယ နဲ့ တရုတ်နိုင်ငံတို့က အသီးသီး ရာဘာတွေ အမြောက်အများ ထုတ်လုပ်တင်ပို့နိုင်အောင် ကြိုးစားနေကြပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း ၂၀၁၇ အချက်အလက်များအရ အဆင့် ၁၀ မှာ ရပ်တည်နိုင်ခဲ့ပြီး ရာဘာတန်ချိန် ၂ သိန်း ၃ သောင်းကျော် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ရာဘာစိုက်ပျိုးရေးကို မွန်ပြည်နယ်တွင် အမြောက်အများတွေ့ရပြီး ပဲခူးတိုင်း နှင့် အခြား ဒေသအနည်းငယ်တွင် စိုက်ပျိုးလျက်ရှိပါတယ်။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။ Orio Economics

%d bloggers like this: