0

Crowdfunding ဆိုတာဘာလဲ၊ Crowdfunding အမျိုးအစားများ

Share

photo: seedrs

ကျွန်တော်တို့ နိုင်ငံမှာ လူငယ်တွေဟာ အကြံဉာဏ်ကောင်းတွေနဲ့ လုပ်ငန်းသစ် တစ်ခု စတင်ဖို့ စိုင်းပြင်းနေချိန် Business Plan ရေးဆွဲရာမှာ ငွေအရင်းအနှီးကိစ္စက တော်တော်လေး အတားအဆီးဖြစ်ကြပါတယ်။ အခြားနိုင်ငံတွေမှာ ကိုယ့်လုပ်ငန်း အိုင်ဒီယာကောင်းတစ်ခုကို ရင်းနှီးငွေရအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ အနည်းနဲ့ အများ ရှိပါတယ်။ အဲ့ဒီ့ထဲကမှ Crowdfunding ဆိုတဲ့ လူအများစုဆီက ရင်းနှီးမြှုပ်နှံမှုကို အခြေခံတဲ့ ရင်းနှီးငွေရှာဖွေခြင်းအကြောင်းကို အနည်းငယ်မိတ်ဆက်လိုက်ပါတယ်။

Crowdfunding အမျိုးအစားအချို့ကတော့
(၁) Investment-based crowdfunding – သင်က လုပ်ငန်းသစ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံမယ်။ အပြန်အလှန် အနေနဲ့ (ပုံမှန်အားဖြင့် အစုရှယ်ယာ) တစ်စိတ်တစ်ပိုင်း ပြန်ရမယ်။ သတိပြုရမှာက လုပ်ငန်းအိုင်ဒီယာအတိုင်း အကောင်အထည်ဖေါ်တာတွေကို စောင့်ကြည့်ရပါမယ်။ အောင်မြင်တဲ့ အခါ ပုံမှန်ရှယ်ယာ ပြန်ရပြီး၊ (ကြေညာထားတဲ့အတိုင်း လုပ်ငန်းဖြစ်ရိုးဖြစ်စဉ်ရှိသော်လည်း) မအောင်မြင်ရင်တော့ အရှုံးသပ်သပ်ဖြစ်ပါမယ်။

(၂) Loan-based crowdfunding – ဒါကတော့ သင်က လုပ်ငန်းစချင်တဲ့ သူတွေကို အတိုးနှုန်း တစ်ခု သတ်မှတ်ပေးပြီး ပိုက်ဆံချေးပေးတာပါ။ အချို့အိုင်ဒီယာများဟာ အောင်မြင်မယ်လို့ သေချာပေါက် ယုံကြည်ချက်ရှိနေရင် အဲ့ဒီ စွန့်ဦးတီထွင်လူငယ်၊လူကြီးတွေက ရင်းနှီးမြှုပ်နှံသူတွေခေါ်လိုစိတ်မရှိပဲ ငွေကြေးကိုသာ အခိုက်အတန့် ချေးချင်ကြပါတယ်။ ဒါကို Peer-to-peer သို့မဟုတ် Peer-to-business lending (P2P or P2B) လို့ ခေါ်ပါတယ်။ (ခုဖေါ်ပြထားတာတွေက အခြေခံအချက်တွေမို့ နောက်ပိုင်း အခြားနိုင်ငံတွေမှာ ဒီလို တရားဝင်ဖြစ်တဲ့၊ လုပ်ခွင့်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အသေးစိတ် တင်ဆက်သွားပါဦးမယ်။)

(၃) Donation-based crowdfunding – ဒါကတော့ (အချို့ လူမှုစီးပွားလုပ်ငန်းများ – ဥပမာ အိမ်ရှင်မတွေ ပါဝင်နိုင်တဲ့ အိမ်မှာနေရင်း လုပ်ငန်းဝင်ငွေရစေမယ့် လုပ်ငန်းများ) ပတ်ဝန်းကျင်ကို အများကြီး အကျိုးပြုစေတဲ့ လုပ်ငန်းတွေမှာ လူတွေက ပါဝင်လှူဒါန်းလိုစိတ်ရှိကြပါတယ်။ တစ်ယောက်ကို ၃ ဒေါ်လာ လှူမယ်ဆိုပါတော့။ အယောက် ၂ ထောင်ဆီက အလှူငွေ ရမယ်ဆိုရင် ဒေါ်လာ ၆ထောင် ရင်းနှီးငွေ ရသွားပါပြီ။ ဒါကြောင့်မို့လည်း လူထု အများစုကို အခြေခံတဲ့ Crowdfunding လို့ ခေါ်တာပါ။ ဒါကလည်း သင့်အတွက် ရင်းနှီးမြှုပ်နှံမှုကနေ တစ်ခုခု ပြန်ရနိုင်ပါတယ်။ (အောင်မြင်တဲ့ အခါ အလှူရှင် စာရင်းအတိုင်း တစ်ခုခု အဲ့ဒီ့လုပ်ငန်းက ပြန်လုပ်ပေးတာမျိုး)

(၄) Reward-based crowdfunding – ဒါကတော့ အဲ့ဒီ့လုပ်ငန်းကို သင်က ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သင့်အတွက် လုပ်ငန်းနဲ့ ပက်သက်တဲ့ ပရောဂျက်တစ်ခုခု (စကတည်းက) ပြန်ရတာမျိုး၊ ဒါမှမဟုတ် သင်က ထောက်ပံ့ပေးနေလို့ သင်ရင်းနှီးမြှုပ်နှံပေးမယ့် လုပ်ငန်းက လတ်တလော ပိုက်ဆံ အမြတ် မပေးပေမယ့် ဆက်စပ် လုပ်ငန်းအဆက်အသွယ် Connection တစ်ခုမှာ သေချာပေါက် ပြန်အာမခံပေးတာမျိုး စတာတွေပါ။

ရင်းနှီးမြှုပ်နှံမှုရဖို့ ဆိုတာ လုပ်ငန်းတစ်ခုအတွက် အရေးအကြီးဆုံး တစ်နေရာမှာ ပါဝင်ပါတယ်။ အခြား အရေးအကြီးဆုံးတွေ ဖြစ်တဲ့ လုပ်ငန်းအစီအစဉ်၊ အဆက်အသွယ်၊ လုပ်ငန်းဖွဲ့စည်းပုံနဲ့ အင်အားအရေအတွက်၊ ဈေးကွက် သုံးသပ်ရေးနဲ့ ဈေးကွက်ရှာဖွေရေးတွေလိုပါပဲ။
Crowdfunding ဟာ ရင်းနှီးမြှုပ်နှံမှု ရယူလိုသူတွေအတွက် စိတ်လှုပ်ရှားစရာ ထွက်ပေါက်တစ်ခုပါ။ အသေးစိတ်ကို ဆက်လက်တင်ပြသွားမှာဖြစ်လို့ အဆက်အသွယ် မပြတ်ပါနဲ့ဦး။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။ ကျွန်တော်တို့၏ ဉာဏပစ္စည်းများကို Like & Share လုပ်ပေးခြင်းဖြင့် သင့်သူငယ်ချင်းများနှင့် ကျွန်တော်တို့ကို ကူညီလိုက်ပါ။
Orio Economics

source: moneyadviceservice, pexels, seedrs

%d bloggers like this: