0

အင်တာနက်ပေါ်ရှိဈေးကွက်ချဲ့ထွင်ရန် Shopify နှင့် ပူးပေါင်းမည့် Walmart

Share

ကမ္ဘာ့အကြီးဆုံး လက်လီလက်ကား လုပ်ငန်းကြီးဖြစ်သည့် Walmart သည် ဆိုင်ခွဲများ ဖွင့်၍သာ ရောင်းချလာခဲ့ရာမှ ယခုအခါ အွန်လိုင်းပေါ်မှ တဆင့် ဈေးကွက်ချဲ့ထွင်ရန် ပြင်ဆင်လာခဲ့ပြီဖြစ်သည်။

Walmart ၏ စတိုးဆိုင်အရေအတွက်ပေါင်းမှာ အမေရိကန်ပြည်ထောင်စုတွင် ဆိုင်ခွဲ ၄၇၅၆ ဆိုင်ရှိနေပြီး ကမ္ဘာအရပ်ရပ်စုစုပေါင်း ဖေါ်ပြလျှင် ဆိုင်ပေါင်း ၁၁၅၀၁ ဆိုင်ထိ ရှိနေသည်။

ကမ္ဘာတဝှမ်း ဝန်ထမ်းပေါင်း ၂.၂ သန်းခန့် အလုပ်အကိုင်ဖန်တီးပေးထားနိုင်သည်။

ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသုံးကုန်ပစ္စည်းများ အွန်လိုင်းမှသာ ရောင်းချစေရန် ဖြစ်လာနေသည်ဖြစ်ရာ ကနေဒါအခြေစိုက် အွန်လိုင်းဈေးဝယ်ရောင်း ပလက်ဖေါင်းဖြစ်သော Shopify နှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်လာခဲ့သည်။

Walmart က Shopify ပေါ်ရှိ အွန်လိုင်းဈေးကွက်တွင် Shopify Sellers အဖြစ် အရေအတွက် ၁၂၀၀ ခန့် စတင်နေရာယူသွားမည်ဟု ဆိုသည်။

ယခု ပူးပေါင်းမှု၏ ရည်ရွယ်ချက်မှာ အမေရိကန်ရှိ အသေးစား၊ အလတ်စားအရွယ်လုပ်ငန်းများကို အွန်လိုင်းပေါ်မှ ရောင်းချရန် ဖြစ်သည်ဟု ကြေငြာခဲ့သည်။

အာကန်ဆက်ပြည်နယ် ဘန်တွန်ဗီး (Bentonville) အခြေစိုက် Walmart အနေဖြင့် ပြီးခဲ့သည့်လက အွန်လိုင်းမှ ဈေးရောင်းချမှု ၇၄% ထိ အရောင်းတိုးတက်ခဲ့သည်ဟု ကြေငြာခဲ့ပြီး လက်ရှိ အွန်လိုင်းဈေးရောင်းချရန် ပူးပေါင်းထားသည့် Jet.com ဖြင့် လုပ်ငန်းများ ဆောင်ရွက်မှု ရပ်ဆိုင်းမည်ဟု သိရသည်။

အမေရိကန် စတော့အိတ်ချိန်းတွင် စာရင်းတင်ထားသည့် Shopify သည် ယခုနှစ်အတွင်း ၈၇% ခန့် ရှယ်ယာဈေးမြင့်တက်ခဲ့သည်။

အွန်လိုင်း ဈေးကွက် ပလက်ဖေါင်းလုပ်ငန်းကြီးဖြစ်သည့် Shopify အောက်တွင် အခွဲ လုပ်ငန်းများအနေဖြင့် နာမည်ရလာသည့် Oberlo, Handshake Corp. , Tictail, Jet Cooper စသည့် အမှတ်တံဆိပ် ဆယ်ခု ကျော်ကျော်ခန့်လည်း ရှိနေပြီဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: CNBC News, Statista, Walmart, Shopify

%d bloggers like this: