အမေရိကန် လက်လီအရောင်းဆိုင်လုပ်ငန်းကြီး Walmart က ၂၀၃၀ ခုနှစ်တွင် အမေရိကန်နိုင်ငံအနှံ့ Walmart နှင့် Sam’s Club တည်ရှိရာနေရာများ၌ EV fast-charging stations အရေအတွက်ထောင်ချီတပ်ဆင်သွားမည်ဟု ပြီးခဲ့သည့်ကြာသပတေးနေ့က ကြေညာခဲ့သည်။ လက်ရှိတွင် EV stations ပေါင်း ၂၈၀ ရှိပြီး နောက်ထပ် ၁၃၀၀ နီးပါးတပ်ဆင်ရန်စီစဉ်လျက်ရှိသည်။
“သွားရင်းလာရင်း လွယ်လွယ်ကူကူ လျှင်လျှင်မြန်မြန် အားသွင်းနိုင်မည့် on-the-go charging
စနစ်က EV ဝယ်ယူရန်လက်တွန့်နေသည့် Customers များကို ဆွဲဆောင်ပြောင်းလဲပေးနိုင်လိမ့်မည်” ဟု မျှော်လင့်ကြောင်း Senior Vice President ဖြစ်သူ Vishal Kapadia ကဆိုသည်။
ဘိုင်ဒန်အစိုးရသည် ဝင်ငွေနည်းပါးသည့်နေရာနှင့် ကျေးလက်တောရွာများအပါအဝင် နိုင်ငံအနှံ chargin network များတိုးချဲ့ရန်အတွက် အမေရိကန် ဒေါ်လာ ၇.၅ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း မကြာသေးခင်က ကြေညာခဲ့သည်။ ထိုရင်းနှီးမြှုပ်နှံမှုကြောင့် အမေရိကန်တွင် ဇန်နဝါရီလက EV အသစ်မှတ်ပုံတင်ခြင်း ၇% တိုးတက်ခဲ့ပြီး နောက်ထပ် လျှပ်စစ်ကားရောင်းအား တိုးတက်အောင် မြှင့်တင်ပေးသွားနိုင်ဖွယ်ရှိသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Reference: Reuters, CNBC.
Photo: Getty Images