ဆွီဒင်ကားကုမ္ပဏီ AB Volvo က ယခုနှစ် ပထမ ၃ လပတ်အတွင်း ထရပ်ကားရောင်းရငွေ မြင့်တက်ခဲ့ပြီး ကုန်စည်စီးဆင်းမှုနှင့် စရိတ်ပိုင်းငွေကြေးဖေါင်းပွမှုများ မြင့်တက်နေသော်လည်း အရောင်းဝင်ငွေမှာ စံချိန်တင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
Volvo သည် ဇန်နဝါရီလမှ မတ်လအတွင်း ဆွီဒင် ခရောင်း ၁၈.၄ ဘီလျံ (ကန်ဒေါ်လာ ၁.၇၆ ဘီလျံ) အထိ လုပ်ငန်းအမြတ်ငွေ ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၅% တိုးတက်ခဲ့သည်။
ထို့ပြင် ဘဏ္ဍာရေးအကြံပေးကုမ္ပဏီ Refinitiv Eikon က တွက်ချက်ထားသည့် ဆွီဒင် ခရောင်း ၁၂.၉ ဘီလျံ ဖိုး ရောင်းချနိုင်ဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်ကို ကျော်လွန်ခဲ့သည်။
ယနေ့ ဗုဒ္ဓဟူးနေ့တွင် ကုမ္ပဏီ၏ ဝင်ငွေနှင့် အမြတ်ကို ကြေညာရာ၌ ဗော်ဗို၏ ရှယ်ယာ ၁ စု ချင်းတန်ဖိုးလည်း ၉.၆% မြင့်တက်ခဲ့သည်။
ကုမ္ပဏီ၏ ထရပ်ကားပိုင်းဆိုင်ရာ အရောင်းတိုးတက်မှုသည် ကုန်တင်ကားထုတ်လုပ်ရာနယ်ပယ်အတွက်လည်း အပြုသဘောဆောင်သော လက္ခဏာကို ပြသနိုင်ခဲ့ပြီး အထူးသဖြင့် ဂျာမန် – မာဆေးဒေးစ်ကားများကို ထုတ်လုပ်သည့် Daimler Truck ထရပ်ကားထုတ်လုပ်ရေး၊ အီတလီ Iveco ကားလုပ်ငန်း စသည်တို့နှင့် ၎င်းတို့ ကားပစ္စည်း တင်သွင်းသည့် လုပ်ငန်းများ အတွက် ကောင်းမွန်သော အချက်ပြမှုဟု ဘဏ္ဍာရေးလုပ်ငန်းကြီး JPMorgan က ဖေါ်ပြခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Daimler AG, Refinitiv, Iveco Group
Image: Truck News