0

SpaceX ရဲ့အောင်မြင်မှုကြောင့် Vigin Galactic စတော့ရှယ်ယာများ ထိုးတက်သွား

Share

Elon Musk ရဲ့ SpaceX ကုမ္ပဏီဟာ private-funded ကုမ္ပဏီဖြစ်ပြီး Public ကုမ္ပဏီမဟုတ်ပါ။ သို့သော် ပြီးခဲ့တဲ့ weekends မှာ နိုင်ငံတကာ အာကသစခန်းဆီ အောင်မြင်စွာ လွှတ်တင်ပေးနိုင်ခဲ့တဲ့ Crew Dragon ရဲ့အောင်မြင်မှုကို ဂုဏ်ပြုပေးဖို့ ရင်းနှီးမြှုပ်နှံသူတွေက တခြားနည်းလမ်းတခုကို တွေ့ရှိခဲ့ပါတယ်။

Richard Brason ရဲ့ Virgin Galactic (SPCE) ရှယ်ယာတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မနက်က ၆% ထိတက်လာခဲ့ပါတယ်။ Virgin Galactic ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အများပိုင် ကုမ္ပဏီအဖြစ် စတင်ပြောင်းလဲခဲ့တာဖြစ်ပြီး အခု စတော့တွေဟာ ၆၀% နီးပါးအထိ တက်လာခဲ့တာ ဖြစ်ပါတယ်။

Nasa မှ လူပါဝင်တဲ့ အာကာသယာဉ်ကို ၉ နှစ်အကြာမှာ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တဲ့ SpaceX ရဲ့အောင်မြင်မှုဟာ ရင်းနှီးမြှုပ်နှံသူတွေကို အာကာသနဲ့ပါတ်သတ်တဲ့ ကုမ္ပဏီတွေကို ပိုပြီးစိတ်ဝင်စားလာအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ကုမ္ပဏီအချို့မှာ stock exchanges ကဲ့သို့ exchange-traded fund (ETF) ဖြစ်တဲ့ Procure Space ETF (UFO) ဟာ တနင်္လာနေ့မှာ ၂.၅% တက်လာခဲ့ပါတယ်။

ETF မှာတော့ Virgin Galactic ဟာ အကြီးဆုံးကုမ္ပဏီဖြစ်ပြီး UFO ဆိုတဲ့ အမှတ်အသားနဲ့ စတော့ ရောင်းချမှု ပြုလုပ်နေပါတယ်။
ETF ဟာ ဂြိုလ်တု နည်းပညာအပေါ် မီခိုနေရတဲ့ မီဒီကုမ္ပဏီတွေဖြစ်တဲ့ DISH Network (DISH) နဲ့ Sirius XM (SIRI) တို့အပြင် မြေပုံနှင့်တည်နေရာ ထောက်လှမ်းရေး နည်းပညာလုပ်ငန်းဖြစ်သည့် Garmin (GRMN) စတဲ့ ကုမ္ပဏီတွေကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။

SpaceX ကတော့ ETF မှာမပါဝင်သေးပေမဲ့ သူသာ အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရင် စတော့အားလုံးရဲ့ထိပ်ဆုံးမှာရှိမှာလဲဖြစ်ပါတယ။် ဒါပေမဲ့ ကုမ္ပဏီကတော့ အများပိုင်ပြောင်းဖို့ စိတ်ကူးလုံးဝမရှိသေးပါဘူး။

Tesla ရဲ့CEO ဖြစ်သူ Elon Musk တည်ထောင်ထားတဲ့ SpaceX ဟာ အမေရိကန်ဒေါ်လာ ၃၆ ဘီလျံ တန်ဖိုးရှိနေပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး startup တခုလဲဖြစ်ပါတယ်။

Musk ဟာ SpaceX ကုမ္ပဏီကြီးကို ကြိုးစားပမ်းစား တည်ဆောက်နေတာဟာ IPO (initial public offering) သွားချင်လို့မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ weekends က SpaceX ရဲ့အောင်မြင်မှုကြီးကြောင့် Tesla (TSLA) ရဲ့ရှယ်ယာတွေဟာ ၅%နီးပါထိ ထိုးတက်သွားခဲ့ပါတယ်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNN Business
Photo: The Sun

%d bloggers like this: