Van Gogh ပြပွဲနောက်ကွယ်ကကုမ္ပဏီ ‌ဒေဝါလီခံရ

Share

သမာရိုးကျ ပန်းချီကားချပ်သာပါဝင်တဲ့ ပြပွဲတွေလို ကြည့်ရှုရမှာမဟုတ်ပဲ အနုပညာပြကွက်တွေထဲ ကိုယ်တိုင်နစ်မြောနေသလို ကြီးမားတဲ့ တောက်ပတဲ့ မီးအလင်းရောင်တွေနဲ့ တမူထူးခြားစွာ တင်ဆက်ပေးနေတဲ့ ကနေဒါကုမ္ပဏီ Lighthouse Immersive Inc. ဟာ Chapter 15 ‌ဒေဝါလီခံဖို့ တရားရုံးကို ဇူလိုင်လ ၂၇ ရက်နေ့က လျှောက်ထားခဲ့ပါတယ်။ Toronto အခြေစိုက် ယင်းကုမ္ပဏီဟာ နံမည်ကြီး အနုပညာတွေဖြစ်တဲ့ Vincent van Gogh, Frida Kahlo, Gustav Klimt နဲ့ Claude Monet တို့ကို မြောက်အမေိကားရှိ မြို့ပေါင်း ၂၁ မြို့မှာ ပြပွဲတွေလုပ်နေပြီး ပြပွဲလက်မှတ်ပေါင်း ၇ သန်းကျော် ရောင်းချခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Lighthouse Immersive ကပြသခဲ့တဲ့ပြပွဲတွေအနက် Van Gogh ပြပွဲကအကျော်ကြားဆုံးဖြစ်ပြီး မကြာသေးမီကလဲ ကုမ္ပဏီကနေ Walt Disney Company ရဲ့ animation, Mozart ရဲ့တေးဂီတ, ရောမက Vatican City ရဲ့ အနုပညာနဲ့ဗိသုကာဆိုင်ရာလက်ရာတွေကိုလည်း တင်ဆက်ခဲ့ပါသေးတယ်။

တရားရုံးအချက်အလက်တွေအရ ကုမ္ပဏီဟာ ဒေဝါလီခံနေရစဉ်အတွင်း တောင့်ခံနိုင်အောင် ကိုယ့်ဖာသာကိုယ် ငွေ‌ကြေးထောက်ပံ့နေရတယ်လို့ ဖော်ပြထားပါတယ်။ ငွေကြေးနှင့်ပတ်သက်တဲ့ အချက်အလက်အသေးစိတ်ဖော်ပြထားခြင်းမရှိပါဘူး။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Bloomberg Law
Photo: Getty Images

%d bloggers like this: