AI (artificial intelligence) အပါအဝင် တရုတ်အဆင့်မြင့်နည်းပညာနယ်ပယ်များ၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန် အမေရိကန်အစိုးရက ဖိအားပေးထားသောကြောင့် အင်အားကြီးနှစ်နိုင်ငံ၏ ဆက်ဆံရေးမှာ ပိုတင်းမာလာခဲ့သည်။ အမေရိကန်ကုမ္ပဏီများသည် တရုတ်နည်းပညာနှင့်ပတ်သက်ဆက်နွယ်နေသည့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များအား အသေးစိတ်တင်ပြရမည်ဟု ကြေညာချက်ထုတ်ထားသောကြောင့် အမေရိကန်အစိုးရက ပုဂ္ဂလိကကုမ္ပဏီများနှင့် နိုင်ငံခြားစီးပွါးရေး အဝင်အထွက်များအပေါ် ပိုမိုစီစစ်နိုင်ရန် အာဏာပိုရလာခဲ့သည်။ အမေရိကန်က တင်းကြပ်သည့် အမိန့်ထုတ်ထားသောကြောင့် ကမ္ဘာ့စီးပွါးရေး အင်အားကြီး ၂ နှစ်နိုင်ငံအကြား စီးပွါးရေးဆက်ဆံရေး ပိုမိုတင်းမာလာစေခဲ့ပြီး တရုတ်နိုင်ငံက စိတ်ပျက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ကနဉီးတွင် စည်းမျဉ်းအသစ်သည် ပုဂ္ဂလိကရှယ်ယာများ (private equity)၊ ရင်းနှီးမြှုပ်နှံမှုအရင်းအနှီးများ (venture capital) စသည့် ဘဏ္ဍာရေးကဏ္ဍများကိုသာ ပစ်မှတ်ထားခဲ့သော်လည်း မည်မျှထိရောက်အောင် ကိုင်တွယ်မည်ကိုတော့ အတည်မပြုနိုင်သေးပေ။ အမေရိကန်အစိုးရက အမျိုးသားလုံခြုံရေး ကာကွယ်ရေးလုပ်ဆောင်ချက်ဟု အကြောင်းပြချက်ပေးထားပြီး ကျွမ်းကျင်ပညာရှင်များကတော့ မမျှော်လင့်ထားသည့် အစိုးရ၏ စွက်ဖက်မှုအဖြစ် ဝေဖန်ထားပြီး နည်းပညာ အဆင့်မြှင့်တင်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအပေါ် ထိခိုက်စေလိမ့်မည်ဟု ထောက်ပြထားသည်။
အဆိုပါစည်းမျဉ်းသည် အမေရိကန်ကုမ္ပဏီများအား quantum computing ၊ semiconductors နှင့် AI စသည့်နည်းပညာနယ်ပယ်များတွင် တရုတ်နှင့် မပတ်သက်ဖို့ ဖိအားပေးထားပြီး ဂျပန်၊ တောင်ကိုရီးတို့ကိုမူ ချွင်းချက်ပေးထားသည်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါကန့်သတ်ချက်က ကမ္ဘာလုံးဆိုင်ရာ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်နိုင်ချေများကို အနာဂတ်တွင် စောင့်ကြည့်ရဉီးမည်ဖြစ်သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC
Photo: Getty Images