0

Uniqlo က ဂျပန်ရှိဝန်ထမ်းများကို လစာ ၄၀% တိုးပေးမည်

Share

ဂျပန်အဝတ်အထည်လက်လီလုပ်ငန်းကြီး Uniqlo သည် ဂျပန်အတွင်းရှိ ၎င်း၏ဝန်ထမ်းများကို ပြည်ပရှိ ဝန်ထမ်းများနှင့် စွမ်းဆောင်ရည်ပိုင်းယှဉ်ပြိုင်နိုင်စေရေးနှင့် လိုအပ်ချက်များကို လျှော့ချပေးသည့်အနေဖြင့် လစာများကို တိုးမြှင့်ပေးမည်ဟု ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။
အဆိုပါ လစာတိုးမြှင့်မှုများတွင် ရာထူးနှင့် နေရာအလိုက် ကွာခြားမှုရှိမည်ဖြစ်သော်လည်း အများဆုံးအနေဖြင့် လစာ၏ ၄၀% အထိ တိုးမြှင့်ခံစားရဖွယ်ရှိနေသည်။

ဘွဲ့ရပြီး ဝန်ထမ်းများအတွက် လက်ရှိလစာ ဂျပန်ယန်း ၂၅၅,၀၀၀ မှ ၃၀၀,၀၀၀ အထိ တိုးမြှင့်ပေးမည်ဖြစ်၍ ယင်းမှာ ၁၈% ခန့် တိုးမြှင့်ရရှိခြင်းဟု ကုမ္ပဏီက ဖေါ်ပြထားသည်။

စတိုးဆိုင်မန်နေဂျာများ၏ လစာနှုန်းအသစ်မှာ ဂျပန်ယန်း ၃၉၀,၀၀၀ အထိ ဖြစ်လာပြီး ယန်း ၁ သိန်း တိုးမြှင့်ပေးထားသောကြောင့် ရာနှုန်းအားဖြင့် ၃၆% တိုးတက်လာခြင်းဖြစ်သည်။
တိုးမြှင့်ခံစားရသော ရာခိုင်နှုန်းများမှာ အချို့ဝန်ထမ်းများတွင် ၄၀% အထိ ရရှိနိုင်သည်ဟု ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် ပြီးဆုံးခဲ့သည့် ကာလအတွက် အရောင်းဝင်ငွေ ယန်း ၂.၃ ထရီလျံ ရရှိခဲ့ပြီး ယင်းတို့ထဲမှ အသားတင်အမြတ်မှာ ယန်း ၂၇၃.၃၄ ဘီလျံ ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Japan Today, BBC Business
Image: iStock/winhorse

%d bloggers like this: