0

အမေရိကန် Immigration ယာယီပိတ်မည်ဟုထရမ့်ပြော။

Share

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနားဗိုင်းရပ်စ်ရောဂါကြောင့် အမေရိကန်သို့ပြောင်းရွှေ့နေထိုင်ခွင့် ခေတ္တပိတ်ထားမည်ဟု သူ၏ Twitter account မှတဆင့် ကြေညာလိုက်ပါတယ်။

ထရမ့်က ဗိုင်းရပ်စ်အား “မမြင်ရသောရန်သူ” ဟု မနေ့က တင်္နလာနေ့ညနေ့ပိုင်းမှာ သူ၏ twitter ကတဆင့်သမုတ်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံတွင် လူပေါင်း ၄၂၀၀၀ ကျော်သေဆုံးပြီး လူ ၇၈၇,၃၇၀ ထက်မနည်းကူးစက်ခံနေရပါတယ်။
ထရမ့်က အခုလိုပိတ်လိုက်ခြင်းဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့ အမေရိကန်လူပေါင်း ၂၂ သန်းရဲ့အလုပ်အကိုင်ကို ကာကွယ်ရာရောက်တယ်လို့လဲ ဆိုပါတယ်။

အဆိုပါကြေညာချက်ဟာ မကြာသေးမီက ထရမ့်၏ messages ဖြစ်တဲ့ ဗိုင်းရပ်စ်ကာကွယ်ဖို့နိုင်ငံကို lockdown ချထားတဲ့ရက်တွေကုန်လွန်ပြီး ပြန်လည်နိုးထလာတော့မယ်ဆိုတဲ့ သူ၏စကားနဲ့လည်း ကွဲပြားနေပါတယ်။

ထရမ့်ဟာ ဗိုင်းရပ်စ် အမေရိကန်ကိုရောက်လာကတည်းက ဗိုင်းရပ်စ်ကိစ္စကို အရေးတယူဆောင်ရွက် ကိုင်တွယ်ခြင်းမရှိပဲ အမေရိကန်၏ စီးပွားရေးလုပ်ငန်းတွေ အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရေးကိုသာ ဖိအားပေးနေခဲ့တာကြောင့် ကျန်းမာရေးကွျှမ်းကျင်သူများနှင့် အစိုးရထိပ်တန်းအရာရှိများအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

တင်္နလာနေ့နံနက်ခင်းပိုင်းအထိ ထရမ်းက Immigration ယာယီပိတ်မည့်အကြောင်း အရွက်အမြွက်တစုံတရာ မပေးခဲ့ပါဘူး။ Immigration ပိတ်ခြင်းဟာ ထရမ့်အတွက် လာမည့်နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် အခရာကျတဲ့ campaign တခုဖြစ်မှာလဲ ဖြစ်ပါတယ်။

ထရမ့်ဟာ ယခင်ကလည်း ကိုရိုနားဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မှ နိုင်ငံခြားသားများ မဝင်ရောက်နိုင်အောင် နယ်စပ်အား စောစီးစွာ ပိတ်ပင်ခြင်းဖြင့် သူ၏ စီမံခန့်ခွဲမှုစွမ်းရည်ကို ပြသခဲ့ပါသေးတယ်။

ထရမ့်ရဲ့Immigration ယာယီပိတ်မယ်ဆိုတဲ့ twitter message ဟာ ဘယ်အချိန်ထိ ပိတ်ထားမယ်၊ ဘယ်အခြေအနေတွေကို ဖျက်သိမ်းမယ် စတဲ့တိကျသေချာတဲ့ အချက်အလက်တွေတော့ မပါဝင်ပါဘူး။

“ထရမ့်ရဲ့ကြေညာချက်ဟာ ကွန်ဆာဗေးတစ်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူများအား ဆန့်ကျင်သူများထံမှ ထောက်ခံမှုတွေ တခဲနက် ဆက်လက်ရရှိဖို့တော့ သေချာနေပါတယ်။ ဒါဟာလာမဲ့ နိုဝင်ဘာလရွေးကောက်ပွဲအတွက် ထိရောက်တဲ့ အချက်တခုပါပဲ” လို့University of Nevada မှနိုင်ငံရေးသိပ္ပံပညာရှင် Xiaoyu Pu ကဆိုပါတယ်။

“သမ္မတရဲ့ ကြေညာချက်ဟာ ရည်တိုအတွက်သာ ဖြစ်လေ့ရှိပါတယ်။ အရင်တခေါက်ကလိုပဲ မူဆလင်တွေကို ပစ်မှတ်ထားပြီး အမေရိကန်ရဲ့လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းဥပဒေတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရမဲ့ အရေးတွေကြုံတွေ့ရဦးမှာ ဖြစ်တယ်” လို့သူကဆိုပါတယ်။

“ဒါပေမဲ့အဲဒါတွေကို ထရမ့်က မှုမှာမဟုတ်ပါဘူး။ ဒီလို အငြင်းပွားဖွယ်အခြေအနေတွေကို ဖန်တီး အသုံးချခြင်းဟာ ထရမ့်ကွျှမ်းကျင်တဲ့ အလုပ်ပဲလေ” ဟုသူကဆိုပါတယ်။

ဒီမိုကရက်တီပါတီ သမ္မတလောင်း တဦးဖြစ်သူ Julian Castro က “မင်းကတော့ Immigration ကိုပိတ်တယ်။ နိုင်ငံ့ရဲ့စီးပွားရေးကိုလဲ အားယုတ်အောင်လုပ်နေပြန်ပါပြီ ။ ဘယ်လောက်တုံးလိုက်တဲ့ လုပ်ရပ်လဲ” လို့ သူ၏ Twitter မှာရေးသားခဲ့ပါတယ်။ “အမေရိကန်လူမျိုးတွေကို Covid-19 ရန်က ကာကွယ်ဖို့ပျက်ကွက်တဲ့မင်းကို လူတွေမေ့မှာမဟုတ်ဘူးလို့” ဆိုထားပါသေးတယ်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC news
Photo: AFP

%d bloggers like this: