0

Supply chain ပြဿနာကြောင့်ဂျပန်ရှိ Toyota ကားထုတ်လုပ်မှု ဆက်လက်ရပ်နား

Share

မရပ်တန့်သေးသောကမ္ဘာ့ supply chain ပြဿနာကြောင့် Toyota က ဂျပန်တွင်ရပ်တန့်ထားရသော ကားထုတ်လုပ်မှုကို ဆက်လက်ရပ်နားထားမည်ဟု ကြေညာခဲ့သည်။ ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်သူကြီးသည် အရှေ့တောင်အာရှရှိ စက်ရုံများအားလုံး ကိုဗစ်ကပ်ရောဂါကြောင့် အခက်အခဲများကြုံတွေ့နေရဆဲဟုဆိုသည်။

ဒီဇင်ဘာတွင်အစင်းရေ ၁၄,၀၀၀ ထုတ်လုပ်ဖို့ရပ်နားထားရပြီး Land Cruiser နှင့် Lexus ကားထုတ်လုပ်မှုများပါ နှောင့်နှေးကြန့်ကြာနိုင်ချေရှိနေသည်။ သို့သော်အခြေအနေပေါ်မူတည်၍ လာမည့်နှစ် မတ်လ ၃၁ရက်အထိ အစင်းရေ ၉ သန်းထုတ်လုပ်နိုင်ရန်ကြိုးပမ်းသွားမည်ဟု Toyota ကဆိုသည်။

Semiconductors ပစ္စည်းလုံလောက်မှုမရှိသောကြောင့် ပြိုင်ဖက် General Motors, Ford, Daimler, BMW နှင့် Renault တို့အပါအဝင် ကားကုမ္ပဏီများမှာ ထုတ်လုပ်မှုများ ရပ်နားထားရသည်။ ထို့အပြင်ကားထုတ်လုပ်သူများအား အဓိကထောက်ပံ့ပေးနေသော ဂျပန်ရှိ ကွန်ပြူတာချစ်ပ်ပြားထုတ်လုပ်ရေးစက်ရုံကြီးတစ်ရုံ မီးဘေးသင့်ခဲ့သောကြောင့် ကားထုတ်လုပ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရသေးသည်။

Global supply chain crisis ကဂျပန်ကားထုတ်လုပ်မှုအပေါ် ဆိုးကျိုးများစွာသက်ရောက်ခြင်းကြောင့် နိုင်ငံ၏စီးပွားရေးတိုးတက်နှုန်းကိုလဲ ထိခိုက်စေခဲ့သည်။ နိုင်ငံခြားသို့ကားတင်ပို့မှုနှုန်းလည်း ၂၀၂၀နှင့်ယှဉ်လျှင် ၃၇% နီးပါးလျော့ကျခဲ့သည်။ ဂျပန်၏အဓိက export နိုင်ငံကြီးတရုတ်နှင့် အမေရိကန်သို့ ကားတင်ပို့နှုန်းမှာလည်း ထက်ဝက်မျှကျဆင်းခဲ့ကြောင်း ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အချက်အလက်များအရ သိရှိရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC.com
Photo: Getty Images

%d bloggers like this: