ဒီစကားလုံးဟာ ၂၀၀၇-၀၈ စီးပွားရေးပျက်ကပ်အတွင်းမှာ အသုံးများတဲ့ စကားစုဖြစ်လာခဲ့ပြီး U.S နဲ့ကမ္ဘာတဝန်းက ငွေကြေး sectorမှာ ပြုပြင်ပြောင်းလဲမှုလုပ်ခြင်းကို ရည်ရွယ်ပါတယ်။
“Too big to fail” ရဲ့အဓိပ္ပါယ်က စီးပွားရေးလုပ်ငန်းကြီးတခု ဒါမှမဟုတ် စီးပွားရေးနယ်ပယ်တခုဟာ နိုင်ငံရဲ့စီးပွားရေးဖွံဖြိုးမှုနဲ့ အတွင်းကျကျ ချိတ်ဆက်နေပြီး အဲဒီစီးပွားရေးလုပ်ငန်းကြီး ပြိုလဲသွားသော် နိုင်ငံနဲ့ပြည်သူ့အကျိုးစီးပွားရေးကိုပါ ထိခိုက်ပြိုလဲသွားနိုင်သည်အထိ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို ဆိုလိုပါတယ်။ အဲဒီလိုပြိုလဲသွားတော့မယ့်အချိန်မှာ စီးပွားရေးပျက်ကပ်ကြီး မဖြစ်အောင် ကာကွယ်ရန်အတွက် အစိုးရက ကြားဝင်ကူညီပေးမှုတွေပြုလုပ်ရပါတယ်။ ဥပမာ Wall Street banks (သို့) U.S ကားထုတ်လုပ်သည့်လုပ်ငန်းများ။
ကမ္ဘာ့စီးပွားရေးပြိုလဲခဲ့သည့် အချိန်အတွင်း Wall Street Banks နှင့် အခြား financial institution တွေကို အစိုးရက ကြားဝင်ထောက်ပံ့ပေးခဲ့ရတဲ့ ဖြစ်စဉ် အဖြစ် “too big to fail” ဆိုတဲ့စကားလုံးကို လူသိများလာကြပါတယ်။ ၂၀၀၈ခုနှစ် အောက်တိုဘာလမှာ Lehman Brothers ပြိုလဲမှုကြောင့် လွှတ်တော်ကနေ Emergency Economic Stabilization Act (EESA) ဥပဒေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ financial system ကြီးတည်ငြိမ်သွားစေဖို့အတွက် အစိုးရက distressed asset ပစ္စည်းများအား အမေရိကန်ဒေါ်လာ ဘီလျံ၇၀၀ ဖိုးဝယ်ယူရန်အမိန့်တခု ပါဝင်ပါတယ်။
အစိုးရက ဘဏ်လုပ်ငန်းကြီးတွေနဲ့အာမခံကုမ္ပဏီတွေကို ကြားဝင်ကူညီရခြင်းရဲ့အဓိကအကြောင်းရင်းကြီးတွေကတော့ အဲဒီစီးပွားရေးလုပ်ငန်းကြီးတွေသာ မတော်တဆ ပြိုလဲသွားခဲ့မယ်ဆိုရင် ကျန်တဲ့ နိုင်ငံရဲ့စီးပွားရေးနဲ့ဘဏ္ဏာရေးကိုပါ ပြိုလဲပျက်စီးသွားနိုင်သည်အထိ ကြီးမားလွန်းတာကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့တွေဟာပြိုလဲဖို့ အရမ်းကြီးမားလွန်းလို့နေပါတယ်။
နောက်ပိုင်းမှာတော့ အစိုးရက Dodd-Frank Wall Street Reform and Consumer Protection Act of 2010 ဆိုတဲ့ ဥပဒေအသစ်ကို ပြဌာန်းခဲ့ပါတယ်။ Dodd-Frank Act ဆိုတာ ၂၀၀၈ စီးပွားရေးပျက်ကပ်ကို တုံ့ပြန်သည့်အနေနဲ့ ပြန်လည်ပြုပြင်လိုက်တဲ့ နည်းဥပဒေကြီးတခုဖြစ်ပြီး financial system ပတ်သတ်ပြီး အစိုးရက ထောက်ပံ့ပေးမှုတွေ မပြုလုပ်ရတော့အောင် Dodd-Frank ဆိုသူက ကူညီဖန်တီးခဲ့ကာ သမ္မတ Obama လက်ထက်မှာ ပြဌားန်းခဲ့ပါတယ်။ ထိုဥပဒေက ၂၀၀၈ စီးပွားရေးပြိုလဲမှုကို ဖြစ်ပေါ်စေခဲ့တဲ့ ဘဏ်များ၊ ချေးငွေလုပ်ငန်းများနှင့် credit rating ပေးတဲ့အေဂျင်စီစတဲ့ ငွေကြေးအဆောက်အအုံတွေကို ရည်ရွယ်ပါတယ်။
၁၉၂၀ နှင့် ၁၉၃၀ အစောပိုင်းကာလတွေမှာ များစွာသော ဘဏ်တွေပြိုလဲခဲ့ဖူးတာကြောင့် ဘဏ်နှင့် အာမခံကုမ္ပဏီတွေကို စောင့်ကြည့်ရန်နှင့် customers တွေရဲ့အပ်ငွေတွေလုံခြုံမှုရှိစေရန်၊ အမေရိကန်ပြည်သူတွေအနေနဲ့သူတို့ဘဏ်ထဲက ငွေတွေဟာ လုံခြုံမှုရှိပါတယ် ဆိုတာကို ဖော်ပြပေးဖို့အတွက် Federal Deposit Insurance Corporation (FDIC) ကိုဖန်တီးခဲ့ပါတယ်။ FDIC က မည်သည့်ဘဏ်မှာမဆို ငွေအပ်သူတိုင်း အကောင့်တခုလျှင် ဒေါ်လာ ၂၅၀,၀၀၀ ထိ အာမခံပေးနေပါတယ်။
၁၉၃၀ ကာလမှာ စိတ်ကူးမယဉ်နိုင်ခဲ့တဲ့အရာတွေကို ၂၁ ရာစုမှာတော့ ဘဏ်တွေအပေါ်ထားရှိတဲ့ စည်းမျဉ်ဥပဒေတွေ ၊ financial products အသစ်တွေ၊ risk models တွေစတဲ့ စိန်ခေါ်မှုအသစ်တွေ ရောက်ရှိနေပါပြီ။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Investopia