ကလေးငယ်များ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားစေမှုကြောင့် အိုင်းရစ် အစိုးရက TikTok အား ပေါင်၂၉၆ သန်း (ယူရို ၃၄၅ သန်း) ဒဏ်ရိုက်ခဲ့ပြီး TikTok အတွက် အစိုးရက ပစ်ဒဏ်ချမှတ်ခဲ့သည့်ဒဏ်ကြေးများအနက် အမြင့်ဆုံး ပမာဏလည်းဖြစ်သည်။
ယင်းဒဏ်ကြေးကို အိုင်ယာလန် ဒေတာအချက်အလက် ထိန်းသိမ်းရေး ကော်မရှင် (Ireland’s Data Protection Commission) က EU အောက်ရှိ privacy Law အောက်တွင်ချမှတ်ခဲ့ခြင်းဖြစ်သည်။
DPC က TikTok သည် ကလေးငယ်များ၏ အချက်အလက်စုဆောင်းမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိပဲ ယင်းအချက်အလက်များအား အလွဲသုံးစားမှုရှိနေသည်ဟု သံသယရှိနေသည်ဟု ဆိုထားသည်။ ဘေဂျင်း လုပ်ငန်းစု ByteDance ကပိုင်ဆိုင်သည့် TikTok app သည် EU user များ၏ ကိုယ်ရေးအချက်အလက်များကို တရုတ်သို့ တရားမဝင် လွှဲပြောင်းပေးနေသည်ဆိုသည့် စွပ်စွဲချက်ဖြင့်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခံနေရခြင်းလည်းဖြစ်သည်။
ကူးယူေဖာ်ပြခြင်းခွင့်မပြုပါ။
Source: BBC
Photo: Getty Images