0

Tesla ဘောင်းဘီတိုရောင်းပြီး Short Sellers သမားတွေကို လှောင်ခဲ့တဲ့ Elon Musk

Share

Tesla ရှယ်ယာ၂၀၀% ထိုးတက်ခဲ့တာကြောင့် ကမ္ဘာပေါ်ကကားကုမ္ပဏီအားလုံးကိုကျော်တက်ခဲ့ပြီး market value အများဆုံးကုမ္ပဏီဖြစ်လာခဲ့တာကြောင့် CEO Elon Musk ကတော့ Telsa ကိုအထင်သေးတဲ့သူတွေ မှားယွင်းခဲ့ကြောင်း သက်သေပြသွားခဲ့ပါတယ်။

ဒါပေမဲ့ Musk ကတော့ ဒီအောင်ပွဲကို အခန်းထဲမှာပဲ သူ့သူငယ်ချင်းတွေ ပြီးတော့ သမ္မတလောင်းလေး Kanye West တို့နဲ့အတူ ရှန်ပိန်ပုလင်းဖောက်ပြီး တိတ်တိတ်ကလေး ကျင်းပခဲ့တာတော့ မဟုတ်ပါဘူး။

အဲဒီအစား Musk ဟာ Tesla ရဲ့ website စာမျက်နှာပေါ်မှာ ပိုးဖဲအနီရောင် ဘောင်းဘီတိုတွေတင်ရောင်းခဲ့ပြီး “short sellers” သမားတွေကို သရော်ပြီးအောင်ပွဲခံခဲ့ပါတယ်။ အထူးသဖြင့် Tesla ရဲ့ရှယ်ယာတွေ ထိုးကျတော့မှာမို့ ရှယ်ယာတွေကြိုတင်ထုတ်ရောင်းခဲ့တဲ့ “short sellers” သမားတွေကို ရည်ရွယ်ခဲ့တာပါ။

ပိုးဖဲအနီရောင်ဘောင်းဘီတိုပေါ်မှာ ရွှေရောင်စာလုံးနဲ့ Tesla logo ရေးထိုးထားပြီး အနောက်ဖက်မှာတော့ “S3XY” လို့ရေးထိုးထားပါသေးတယ်။ Website စာမျက်နှာမှာတော့ ဒီအားကစားဘောင်းဘီဟာ ပေ့ါပါးတဲ့ဒီဇိုင်းဟာ နွေရာသီနဲ့အလွန်လိုက်ဖက်ကြောင်းရေးသားဖော်ပြထားပြီး ဒေါ်လာ ၆၉.၄၂၀ နဲ့ရောင်းချထားပါတယ်။

ဒါပေမဲ့ မထင်မှတ်ပဲ ရောင်းဈေး ဒေါ်လာ ၇၀ နီးပါးနဲ့ ရောင်းချခဲ့တဲ့ Tesla အားကစားဘောင်းဘီတိုအားလုံးဟာ ချက်ချင်းရောင်းထွက်သွားခဲ့ပါတယ်။ Website ပေါ်တင်ပြီးပြီးချင်း ချက်ချင်း ရောင်းထွက်သွားတာကြောင့် Musk က Twitter မှာ “Dang, we broke the website” လို့ရေးသားခဲ့ပါတယ်။

မနှစ်က Tesla ကုမ္ပဏီဟာ ငွေသားပြတ်တောက်ခဲ့ပြီး ကုမ္ပဏီကို ကယ်တင်ဖို့အတွက်၂၀၁၉ မေလမှာ ရှယ်ယာ ဒေါ်လာ ၂.၇ ဘီလျံဖိုး ထုတ်ရောင်းခဲ့ရပါတယ်။ ဈေးကောင်းမရရှိတဲ့ ရှယ်ယာဈေးနှုန်းကြောင့် ကုမ္ပဏီက စတော့အစား ဒေါ်လာ ၉၂၀ မီလျံရှိတဲ့ ဘွန်းကို ငွေသားနဲ့ပေးချေဖို့ ဖိအားပေးခံခဲ့ရပါတယ်။ ကုမ္ပဏီအတွက် ၁၀နှစ်အတွင်း အလွန်ခက်ခဲတဲ့ကာလတခုဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလမှာတော့ ကုမ္ပဏီက ပထမဆုံး သူ့ရဲ့​ annual profit ကိုစတင်ကြေညာခဲ့ပြီး ကုမ္ပဏီရဲ့ အခြေအနေဟာလဲ အတော်လေးတိုးတက်လာခဲ့ပါတယ်။

ကိုရိုးနားဗိုင်းရပ်စ် ရိုက်ခတ်မှုဒဏ်ခံခဲ့ရပေမဲ့လည်း လျှပ်စစ်ကားဝယ်ယူတဲ့ delivery အရေအတွက်ဟာ သိသိသာသာတိုးတက်လာကြောင်း ကုမ္ပဏီကကြေညာခဲ့ပါတယ်။

သုံးလပတ်အတွင်းမှာ ကားပေါင်း ၉၀,၆၅၀ စီး ရောင်းချခဲ့ရပြီး မနှစ်ကရောင်းအားထက် ၅% ကျဆင်းခဲ့ပေမဲ့လည်း အခြားကား ဈေးကွက်ရောင်းအား ၃၀% ကျဆင်းခဲ့တာထက်စာလျှင်တော့ အများကြီးကွာခြားနေကြောင်း အခြားကားထုတ်လုပ်သူတွေက ဆိုပါတယ်။

Tesla ရဲ့အောင်ပွဲကို Tesla ဘောင်းဘီတိုတွေပေါ်မှာ Tesla Car Model နံပါတ်များဖြစ်တဲ့ “S3XY” ကိုရွှေရောင်စာလုံးနဲ့ ရေးထိုးထားပြီး အောင်ပွဲခံခဲ့ကြပါတယ်။ Tesla website ပေါ်မှာလဲ နောက်ဆုံး​ခေါင်းလောင်ထိုးချိန်မှာ သူမတူအောင် နှစ်ထောင်အားရဖွယ်ကောင်းစေမှာဖြစ်တဲ့အကြောင်း “exceptional comfort from the closing bell” လို့ ရေးသားဖော်ပြထားပါတယ်။ Closing bell ကတော့ ညနေ ၄ နာရီမှာ ပိတ်တဲ့ နယူယော့စတော့အိတ်ချိန်းပိတ်ချိန်ကို ရည်ညွှန်းတာဖြစ်ပါတယ်။

Source: CNN Business New, Fox Business
Photo: Flipboard
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: