0

Tesla တန်ဖိုးသည် Toyota, Disney နှင့် Coke တို့ထက်ကျော်လွန်သွား

Share

Elon Musk ၏ လျှပ်စစ်ကားလုပ်ငန်းတန်ဖိုးသည် အထင်ကရ အမေရိကန်ကုမ္ပဏီကြီးများ အပါအဝင် S&P 500 ကုမ္ပဏီအားလုံးနီးပါးထက် တန်ဖိုးပိုကြီးသွားခဲ့ပြီဖြစ်သည်။

Tesla (TSLA) ၏ရှယ်ယာသည် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ၄% မြင့်တက်ခဲ့ပြီး ရှယ်ယာတစောင်လျှင် ဒေါ်လာ ၁,၁၂၀ စံချိန်တင်သွားခဲ့သည်။ Tesla ၏ market cap တန်ဖိုးသည် ဒေါ်လာ ၂၁၀ ဘီလျံနီးပါးသို့ ရောက်ရှိလာခဲ့သည်။

Tesla သည် Toyata (TM) ကိုကျော်တက်ခဲ့ပြီး ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်ဆုံး ကားကုမ္ပဏီကြီး ဖြစ်လာခဲ့သည်။ ထို့ပြင် Dow စာရင်းဝင်ကုမ္ပဏီကြီးများဖြစ်သည့် Coca-Cola (KO), Disney (DIS), Cisco (CSCO), Merck (MRK) နှင့် Exxon Mobil (XOM) တို့၏ market cap တန်ဖိုးများထက်လည်း ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ယခုအခါ S&P 500 တွင် Tesla ထက်တန်ဖိုးပိုကြီးသည့် ကုမ္ပဏီကြီး ၁၉ ခုသာကျန်ရှိပြီး CNN ပိုင်ရှငိ AT&T (T) လည်းအပါအဝင်ဖြစ်သည်။ Tesla သည် Musk ပူးတွဲတည်ထောင်ခဲ့သော payment ကုမ္ပဏီကြီး PayPay (PYPL) ထက်လည်း ပိုတန်ဖိုးကြီးလာခဲ့သည်။

သို့သော် Tesla အနေဖြင့် S&P 500 တွင်ပါဝင်လာရန်လိုအပ်သော အမြတ်အဆက်အပြတ် ရရှိခြင်းမရှိသေးသော်လည်း ပန်းတိုင်သို့ရောက်ရှိရန် တဖြေးဖြေးနီးကပ်လာပြီဖြစ်သည်။

လျှပ်စစ်ကားများနှင့်ပါတ်သတ်၍ အကောင်းမြင်သည့်ဘက်ကကြည့်လျှင် Tesla အတွက် မျှော်လင့်ချက်များရှိနေသေးသည်။
ဂျွန်လတွင် ကုမ္ပဏီကိုအများပိုင်လုပ်ပြီးနောက် လျှပ်စစ်ကုန်တင်ကားထုတ်လုပ်သူ Nikola ၏ ရှယ်ယာဈေးများ ထိုးတက်လာခဲ့ပြီး ယခုအခါ Nikola သည်တန်ဖိုးသည် Ford (F) ကုမ္ပဏီထက်ကျော်လွန်၍ ဒေါ်လာ ၂၅ ဘီလျံတန်ကြေးရှိနေသည်။

ပုဂ္ဂလိက startup တစ်ခုဖြစ်သည့် Lordstown Motors တွင်ရှယ်ယာပါဝင်ထားသူ လျှပ်စစ်ဘက်ထရီထုတ်လုပ်သူကြီး Workhorse (WKHS) ၏ စတော့ရှယ်ယာသည်လည်း ပြီးခဲ့သည့်အပတ်တွင် ၂ဆကျော် ထိုးတက်ခဲ့သည်။

Source: BBC Business
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: