Tesla ကားစံချိန်တင် တင်ပို့နိုင်ပြီးနောက် ရှန်ဟိုင်းစက်ရုံလုပ်သားလစာများ စတင်တိုးမြှင့်

Share

တကမ္ဘာလုံးတွင် Tesla ကား အများဆုံး ထုတ်လုပ်ပေးနေသည့် ရှန်ဟိုင်းစက်ရုံက စံချိန်တင်ကားတင်ပို့မှုမြင့်တက်ခဲ့ပြီးနောက် စက်ရုံလုပ်သားများ၏လစာနှင့် ဘိုးနပ်စ်လည်း တိုးမြှင့်ပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်က အလုပ်သမား လစာဘိုးနပ်စ်များ ဖြတ်တောက်ခံခဲ့ရပြီးနောက် ယခုအခါတွင် ဆုကြေးငွေများတိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်ဟု စက်ရုံအလုပ်သမားများကဆိုသည်။ ဧပြီလက ဘိုးနပ်စ်ဖြတ်တောက်ခဲ့သည့် မကျေနပ်ချက်များကြောင့် အလုပ်သမားမြောက်များစွာက ဆိုရှယ်မီဒီယာမှတဆင့် founder Elon Musk ကိုတိုက်ရိုက် မကျေနပ်မှုများ ရေးသားဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယခုလစာတိုးမြှင့်ပေးသည့်အတွက် အခြေခံလစာ၏ ၁ဆခွဲအထိမြင့်တက်လာခဲ့သည်ဟု စက်ရုံလုပ်သား ၃ ဉီးက Reuters သတင်းဌာနအား ပြောကြားခဲ့သည်။

Musk သည် တရုတ်စက်ရုံသို့ လာရောက်လည်ပတ်စဉ်အတွင်း အလုပ်သမားများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် အခက်အခဲနှင့်စိန်ခေါ်မှုများအကြောင်းလည်း ထည့်သွင်းပြောကြားသွားခဲ့သည်။

ကူးယူ‌ေဖာ်ပြခြင်းခွင့်မပြုပါ။
Source: Reuters
Photo: Getty Images

 

%d bloggers like this: