0

ကိုယ့်လုပ်ငန်းက အငယ်စားလေးလား။ ဘယ်လို ရှင်သန်အောင် လုပ်မလဲ။ အပိုင်း (၁)

Share

မိမိရဲ့ အသေးစား စီးပွားရေးလုပ်ငန်းလေးက ရပ်တည်ရတာ ခက်ခဲတဲ့ အချိန် ကြာလာပြီလား။ အရောင်းပိုင်းနဲ့ အမြတ်ကလည်း ကျလာပြီလား။ ဟုတ်ပါတယ်၊ ဒါဆိုရင်တော့ အပြောင်းအလဲ တချို့လုပ်ဖို့ လိုအပ်လာပါပြီ။ ဒီမှာတော့ လုပ်သင့်တဲ့ အပြောင်းအလဲ ၂၁ ချက်ကို အပိုင်းလေးတွေနဲ့ ခွဲရှင်းပြထားပါတယ်။ ဒီအချက်လေးတွေက သင်သိပြီးသားဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လုပ်ငန်းတွေကြားမှာ ဖိအားတွေနဲ့ မေ့နေတတ်ပါတယ်။

Photo: Pexels

(၁) Reinvent Your Business (ဆန်းသစ်တီထွင်တာတွေ ပြန်လုပ်ပါ)
တီထွင်ဆန်းသစ်မှုတွေဆိုတာ နည်းပညာကုမ္ပဏီကြီးတွေပဲ လိုအပ်တာမဟုတ်ပါဘူး။ သင့်လုပ်ငန်းလေးကလည်း လိုအပ်ပါတယ်။ သင့်လုပ်ငန်းလေးက သေးလေလေ၊ အပြောင်းအလဲ တစ်ခုလုပ်ဖို့က ပိုမို မြန်ဆန်လေလေပါပဲ။ သင်တစ်ခါတစ်လေ သတိမထားမိလိုက်တဲ့ သိပြီးသား အချက်တွေရှိပါတယ်။ ဥပမာ – သင်ရောင်းတဲ့ ပစ္စည်းရဲ့ ထုတ်ပိုးမှု ပုံစံကို ပြောင်းဖို့ပါ။ ကျန်းမာရေး နဲ့ ပိုညီညွတ်တယ်လို့ ဖေါက်သည်တွေက မြင်စေချင်တာမျိုးလား။ ဒါမှမဟုတ် ပလတ်စတစ်ပစ္စည်းတွေ လျှော့ချရေးမှာ သင့်လုပ်ငန်းလည်း ပါဝင်နေပါတယ်ဆိုတာမျိုး ဆိုရင်ရော။ အဲ့သည်လို ဆန်းသစ်မှုမျိုးလေးတွေကို ပြောတာပါ။ သင်က အရောင်းဆိုင် တစ်ခုပိုင်ထားတာမျိုးဖြစ်နေရင်တော့ ဆိုင်ကို ဆေးအရောင်၊ အပြင်အဆင် ပြန်အလှဆင်တာမျိုး။ အရောင်းပစ္စည်းထားတဲ့ နေရာမျိုးတွေကို ပိုပြီး ရှင်းလင်းတာမျိုး။ စတာတွေပါ။

(၂) Sell On The Internet (အင်တာနက်ပေါ်မှာ ရောင်းကြည့်ပါ)
အိုး… ဒါကတော့ ဒီနေ့မှာ လူငယ်တွေရော၊ လူကြီးတွေပါ လုပ်နေကြတာပါပဲ။ အင်တာနက်ပေါ်မှာ သင့်ပစ္စည်းကို ရောင်းကြည့်ဖို့ ဘယ်တော့မှ နောက်မကျပါဘူး။ သင့်ဖုန်းနံပါတ်၊ ဆိုင်လိပ်စာပဲ ဖြစ်ဖြစ်၊ ရောင်းမယ့်ပစ္စည်းရဲ့ ဓါတ်ပုံလေးနဲ့ ဖေ့ဘုတ်ပေါ်မှာ အနည်းဆုံး ရှိသင့်တယ်မလား။
ဒါမှမဟုတ် သင်က ဝန်ဆောင်မှုပေးတာဖြစ်နေရင်ရော။ ဥပမာ – သင်က လေအေးစက် အဲကွန်းတွေ တပ်ဆင်ပေးတယ်ဆိုပါစို့။ သင်ဘာလုပ်ပေးပါတယ်။ အိမ်အရောက် ဝန်ဆောင်မှုပေးပါတယ်ဆိုတဲ့ စာတွေနဲ့ သင့်ဖုန်းနံပါတ်ကို အွန်လိုင်းပေါ်တင်ထားသင့်တာပေါ့။ ဟုတ်တယ်မလား။

Photo: Pexels

(၃) Get Involved in Social Media (လူမှုကွန်ရက်သုံး အင်တာနက်တွေမှာ ပါဝင်ပါ)
သင်က ဖေ့ဘုတ်သုံးတယ်ဆိုရင် ဥပမာ – ခွေးချစ်သူ Group, ကြောင်ချစ်သူ Group လေးတွေတော့ ဝင်ဖြစ်အောင် ဝင်ထားသင့်ပါတယ်။ သင်ကိုယ်တိုင်လည်း အဲ့ဒီ့ ချစ်စရာကောင်းတာတွေ စုစည်းထားတဲ့ အုပ်စုတွေထဲ ပါဝင်ချင်မှာပါ။ သင်က ခွေးချစ်သူ Group လေးထဲလည်း ဝင်ထားမယ်။ ခွေးလေးတွေ အတွက် အင်္ကျီလည်း ရောင်းနေတယ်ဆိုရင် ကဲ … ဟန်မကျဘူးလား။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Orio Economics

%d bloggers like this: