(၇) Call Former Prospects
ဒီနေရာမှာ ပြောချင်တာကတော့ သူ့ရာသီချိန်လိုက် ဖြစ်နေတတ်တာတွေကို ကြိုတင်ပြီး စောစော နေရာယူစေချင်တာပါ။ ဥပမာ ကိုယ့်လုပ်ငန်းကို ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုက မနှစ်က ဆောင်းတွင်းမှာ အလုပ်တစ်နေရာစာ ဝင်ချိတ်ထားဖူးတယ်။ ဒီနှစ်ဆောင်းတွင်းမှာလည်း လာချိတ်ဖို့များနေမှန်းသိတယ်။ ဒါပေမယ့် အေးအေးဆေးဆေး မလုပ်ပဲနဲ့ ကိုယ်က မိုးမကုန်ခင် သွားမိတ်ဆက်ထားတာမျိုးပါ။
ဥပမာ ကိုယ်က ဆောင်းရာသီဝတ်အထည်တွေ ရောင်းတဲ့ဆိုင်ဖြစ်နေတဲ့ ဆိုပါစို့။ သီတင်းကျွတ်၊ ၉ လပိုင်း၊ ၁၀ လပိုင်းလောက်ကတည်းက ကိုယ့်ဆီကအထည်တွေကို မုတ်သုံအထူးဈေးရောင်းပွဲတော် ကျင်းပပြီး အထူးဈေးရောင်းတာမျိုးပေါ့။
Pexels: Photo
(၈) Sell Additional Products and Services (ဘာထပ်ထည့်ရောင်းရမလဲ စဉ်းစားပါ)
သင်က လေအေးပေးစက် အဲကွန်းတွေရောင်းနေတယ်ဆိုပါစို့။ ဒါတွေချည်းပဲရောင်းနေရတယ်၊ အဝယ်ပါးလာမယ်လို့ထင်ရင် အပြောင်းအလဲတစ်ခုအနေနဲ့ ပစ္စည်းတစ်ခု ထပ်ပိုးရောင်းဖို့ စဉ်းစားပါ။ ဥပမာ – လေသန့်စင်ဆေးရည် (အဲကွန်းနဲ့တွဲရက်တပ်)၊ ဒါမှမဟုတ် လေခြောက်သွေ့စက် (Dehumidifier) မျိုးပေါ့။
သင်က မြန်မာ ထမင်းဟင်းဆိုင်ကြီးဆိုပါစို့။ ဘာဝန်ဆောင်မှုပေးရင်ကောင်းမလဲ။ ဖုန်းနဲ့ လှမ်းမှာလို့ရမယ်။ ဝယ်သူ့အိမ်အရောက် စက်ဘီးနဲ့ လာပို့ပေးမယ်။ ဒါမျိုးပေါ့။
Photo: Pexels
(၉) Work the Neighborhood
ဒါကတော့ အိမ်နီးနားချင်းတွေ၊ ကိုယ့်ရပ်ကွက်ထဲကလူတွေ အနည်းဆုံး ကိုယ်ဘာလုပ်ငန်းလုပ်နေတယ်ဆိုတာကို သိပါစေ။ သူတို့ကို မိတ်ဆက်ပါ။ သူတို့အိမ်အရောက်သာ ဝန်ဆောင်မှုပေးထားလိုက်ပါ။ သူတို့က တစ်ခုခု လိုအပ်ပီဆိုရင် သင့်ကို အရင်ဆုံး၊ သူတို့နဲ့ အနီးဆုံး သင့်လုပ်ငန်းကို သတိရကြတာပါ။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Orio Economics
source: knowbusiness