0

ကိုယ့်လုပ်ငန်းက အငယ်စားလေးလား။ ဘယ်လို ရှင်သန်အောင် လုပ်မလဲ။ အပိုင်း (၂)

Share

ကဲ အခု အပိုင်း (၂) ကို ရောက်လာပါပြီ။ ပြီးခဲ့တဲ့အထိက အချက် ၃ ချက်ဆိုတော့…
(၄) Be Mobile Friendly (ဖုန်းတွေနဲ့ အသားကျမယ့်ဟာမျိုးလုပ်ပါ)
သင့်လုပ်ငန်းကို လူတွေက ရှာဖွေမှာတို့၊ ဆက်သွယ်မှာတို့က ဖုန်းနဲ့ပါပဲ။ ကွန်ပျူတာကတဆင့်က ရှာကြပေမယ့် ဖုန်းက ပိုများပါတယ်။ အဲ့တော့ သင်ကများ ဝက်ဘ်ဆိုဒ် တစ်ခု

ထောင်မယ်ဆိုရင် Mobile View ဖုန်းနဲ့မြင်ရရင် အဆင်ပြေမယ့် ပုံစံကိုပဲသုံးပါ။ ဥပမာ သင့်လုပ်ငန်းအကြောင်း ဖေ့ဘုတ်ပေါ် ပုံတင်မယ်ထားပါတော့။ ဖုန်းနဲ့မြင်ရရင် အဆင်ပြေမယ့်

စတုရန်းပုံ (ပုံ)ကို ရွေးချယ် တင်တာက ပိုကောင်းပါတယ်လို့ပြောချင်တာပါ။ လုပ်ငန်းလိပ်စာဆိုရင် အီးမေလ်းရှိတာကောင်းပါတယ်။ ဒါပေမယ့် ဖုန်းနံပါတ်ကို မြင်ရအောင် နေရာ

ထားတာ ပိုအဆင်ပြေပါတယ်။

Photo: Pexels

(၅) Contact Former Customers (ဖေါက်သည်ဟောင်းများကို ဆက်သွယ်ပါ)
သင့်လုပ်ငန်း စတုန်းကတည်းက သင့်ကို ယုံကြည်ပေးလာတာ သင့်မိသားစု မဟုတ်ပါဘူး။ သင့်ရဲ့ ဖေါက်သည်တွေပါ။ သင့်ပစ္စည်းတွေကို ယုံယုံကြည်ကြည်အားပေးလာတဲ့၊

အားပေးခဲ့တဲ့ ဖေါက်သည်ဟောင်းတွေကို ပြန်လည် ဆက်သွယ်ကြည့်ပါဦး။ ရောင်းကုန် အသစ်ကိုလည်း မိတ်ဆက်ရင်းပေါ့။ သင့်ရဲ့ ဖေါက်သည်ဟောင်းတွေကို ပစ္စည်းအသစ်ေ

တွအကြောင်း ပြောရတာ အတော်ကောင်းပါတယ်။ သူတို့က ဝယ်သူအသစ်တွေကိုလည်း လက်တို့ပေးကြမှာ အသေအချာပါ။

(၆) Contact Competitors
ပြိုင်ဘက်တွေဆီကိုလည်း အဆက်အသွယ်မပျက်ပါစေနဲ့။ သူတို့ဆီက ဈေးတွေ သိချင်ရုံလောက်နဲ့တော့ ဖုန်းမဆက်နဲ့ပေါ့။ ပြီးတော့ စကားပြောလို့ အဆင်ပြေမယ်ဆိုရင်လည်း

သင်ကလည်း ကုန်ပစ္စည်းတူတွေရှိတယ်ဆိုတဲ့အကြောင်းပြောလို့ရသေး။ သင်တို့ ၂ ဖက် အဆင်ပြေမယ်ဆိုရင် သင်ပြိုင်ဖက်ဆီမှာ ကုန်နေတဲ့ ဒါမှမဟုတ် ပစ္စည်းပျက်နေတဲ့အခါ

ဝယ်သူတွေကို သင့်ဆီလည်း လမ်းညွှန်နိုင်ပါတယ်။

Photo: Pexels

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Orio Economics

%d bloggers like this: