0

ကိုယ့်လုပ်ငန်းက အငယ်စားလေးလား။ ဘယ်လို ရှင်သန်အောင် လုပ်မလဲ။ အပိုင်း (၇)

Share

 

ဒီအပိုင်းကတော့ ဒီစာစဉ်ရဲ့ နောက်ဆုံးပဲ ဖြစ်ပါတယ်။ အနည်းငယ်စွန့်စားရမယ်လို့ ထင်ရတာတွေရှိလာပါတယ်။
(၁၉) Reduce Employee Hours (ဝန်ထမ်းတွေရဲ့ အလုပ်ချိန်ကို လျှော့ချပါ)
ဝန်ထမ်းတွေရဲ့ အလုပ်ချိန်ကို လျှော့ချပါ။ ဒီနေရာမှာ အမျိုးအစား ၂ မျိုးကွဲပြားပါတယ်။ ဝန်ထမ်းတွေ အများကြီး ဖွဲ့စည်းထားရပြီး၊ ဝန်ထမ်းရေးရာ HR စတာတွေနဲ့ နေ့စဉ်အြ

မဲတမ်းခန့် ဝန်ထမ်းတွေရှိတဲ့ လုပ်ငန်းနဲ့ ဝန်ထမ်း အများအပြား ရှိသော်လည်း အချိန်ပိုင်းဝန်ထမ်းများ၊ နေ့စားဝန်ထမ်းများ အများစုရှိရာလုပ်ငန်းတွေဖြစ်ပါတယ်။ အလုပ်ချိန်လျှော့

ရတဲ့ ရည်ရွယ်ချက်ကတော့ အချိန်ပိုဆင်းရတာတွေ စလျှော့ရပါတယ်။ အဲ့ဒီ့နောက်မှာတော့ ပုံမှန်အလုပ်ချိန်တွေကို ဆက်လက်လျှော့ချပြီး ဒါဟာ နေ့စားဝန်ထမ်းတွေဆိုရင် လခ၊

အပတ်စဉ်လုပ်ခနဲ့ နေ့တွက်လုပ်ခတွေ သက်သာစေမှာပါ။ ရလဒ် အနေနဲ့လည်း ၂ မျိုး မျှော်လင့်ထားပါတယ်။ ဝန်ထမ်းအချို့ စိတ်ပျက်ပြီး အလုပ်ထွက်သွားနိုင်တာက ကုန်ကျစရိတ်

သက်သာစေမှာ တစ် အချက်ဖြစ်ပြီး၊ အလုပ်ချိန် နဲ့ အချိန်ပိုတွေ ပိုလုပ်ရဖို့ ပိုမိုကြိုးစားလာတဲ့ အုပ်စုကိုလည်း မျှော်လင့်လို့ရမှာပါ။

photo: pexels

(၂၀) Eliminate Advertising That Isn’t Working (အလုပ်မဖြစ်တဲ့ ကြော်ငြာတွေ ဖြုတ်ချပါ)
ကြော်ငြာတယ်ဆိုတာကတော့ လုပ်ငန်း အမြတ်ငွေရဲ့ ရာခိုင်နှုန်း အတိုင်းအတာတစ်ခုထိတော့ သုံးရပါတယ်။ ဘဏ်လုပ်ငန်းလို လုပ်ငန်းကြီးတွေက ဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းက နေ

စ သုံးလေ့ရှိသလို လုပ်ငန်းငယ်လေးတွေကတော့ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းထိ သုံးရလေ့ရှိပါတယ်။ ဒီနေရာမှာ ရာခိုင်နှုန်းတွေကြောင့် မတွေဝေသွားစေချင်ပါဘူး။ ဥပမာပြောရရင်

ဘဏ်လုပ်ငန်းကြီးတစ်ခုက သည်နှစ်မှာ ဝင်ငွေ ဒေါ်လာ သန်း ၂၀၀ ရှိတယ်ဆိုပါစို့။ သူ့ရဲ့ ၁ ရာခိုင်နှုန်း ကြော်ငြာစရိတ်က ၂ သန်း ရှိနေတာကြောင့် မြန်မာငွေ သိန်းပေါင်း ၃ သောင်

းလောက် သည်နှစ်မှာ ကြော်ငြာစရိတ် သူက အသုံးပြုတာပါ။
သည်တော့ ကြော်ငြာစရိတ်တွေဟာ များလေ့ ရှိပါတယ်။ ၁ ရာခိုင်နှုန်းကနေ- ၅၀ ရာခိုင်နှုန်းထိပါ။ အလုပ်မဖြစ်တဲ့ ကြော်ငြာတွေကို ဖြုတ်ရပါမယ်။ ကြော်ငြာတွေလုပ်ထားပြီ

ဆိုရင် ကိုယ့်ရဲ့ ဖေါက်သည်တွေက ဘယ်ကနေ ကိုယ့်လုပ်ငန်းကို သိလာပါသလဲဆိုတာ အရေးကြီးပါတယ်။ Word of Mouth တစ်ဆင့်စကားနဲ့၊ Billboard တွေက သိလာတာလား၊

Social Media, facebook, instagram ကလား စသဖြင့် မှတ်တမ်းတွေသေချာ လုပ်ထားရပါမယ်။

photo: pexels

(၂၁) Look For Low Cost Marketing Techniques
ဒါကတော့ စရိတ်သက်သာတဲ့ ဈေးကွက်ရှာဖွေရေး နည်းတွေ လုပ်ဆောင်ရမှာပါ။ သင်ဘယ်ကို သွားသွား သင့်လုပ်ငန်းကို မိတ်ဆက်တာ၊ ရင်းနှီးသူ မိတ်တွေကတဆင့်

ဆက်စပ် အလုပ်အကိုင်တွေအတွက် ကြော်ငြာတာ၊ အခု ဆိုရင် Digital Media Agency တွေဆီမှာ အလုပ်အပ်တာ စတာတွေဖြစ်ပါတယ်။ ဥပမာ ဆိုပါစို့ Billboard ပေါ်မှာ သင့်

လုပ်ငန်းကို ကြော်ငြာတာက ဖြတ်သွားဖြတ်လာလူတွေ တစ်နေ့ကို အယောက် ၅၀၀၀ လောက်ကြည့်မိမယ်ဆိုပါစို့။ ဒါပေမယ့် ကုန်ကျစရိတ်က သိန်း ၆၀ မှ ၁၀၀ ခန့် ကုန်ကျနြေ

ပီဆိုရင် ကုန်ကျစရိတ် တစ်ဝက်မက သက်သာပြီး ပိုမို ထိရောက်မယ့် Digital Marketing ကိုသာရွေးချယ်သင့်ပါတယ်။ ခရီးသွားနေတဲ့ သူတွေရော၊ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စ အြ

ပင်ထွက်ရသူတွေရော၊ အိမ်မှာနေသူတွေရော ဆိုရှယ်မီဒီယာက အလုပ်လုပ်ပေးနေပါလိမ့်မယ်။ သင့်လုပ်ငန်းကို ရေရှည်သာရည်ရွယ်တယ်ဆိုရင်တော့ Content စာတွေ အရ

ည်အသွေးကောင်းတာတွေ၊ Designs, mock up ဒီဇိုင်နာကောင်းကောင်းရှိတဲ့ အေဂျင်စီတွေ၊ သင့်ကို ကြော်ငြာနဲ့ ပက်သက်ပြီး analysis, campaign, consult လုပ်နိုင်သူတွေရှိတဲ့

အေဂျင်စီတွေနဲ့ ဆက်သွယ်တာ သင့်လျော်ပါတယ်။ တစ်ခုသတိထားရမှာက PR လို့ ခေါ်တဲ့ Public Relation ကိစ္စပါ။ သင်က လုပ်ငန်းကို ဦးစီးနေချိန်မှာ ဈေးကွက်သမား

Marketers တွေက အခြားသူတွေ သင့်လုပ်ငန်းကို ဘယ်လိုမြင်စေချင်လဲဆိုတာ ပုံဖေါ်ပေးမယ့် အလုပ်ကို သင်တို့ ၂ ဖက် ပွင့်ပွင့်လင်းလင်းတိုင်ပင်ရပီ ဆိုရင် အကောင်းဆုံးပါ။
ဤစာစု အတွက် ကူညီပေးနေတဲ့ Orio Consulting Agency ကို ဖေါ်ပြပေးလိုက်ရပါတယ်။ အရည်အသွေးနဲ့ ထိရောက်မှုက အဓိက ဖြစ်လို့ Digital Marketing Works တွေ

ဆိုရင် Facebook Search မှာ Orio Consulting Agency လို့ ရှာပြီး ဆက်သွယ်နိုင်ပါတယ်။ သင့်လုပ်ငန်းအတွက် လိုအပ်မယ့် Marketing Packages တွေ၊ ဖုန်းသုံး Android, iOS

application တွေကိုလည်း သင့်စိတ်ကြိုက် ရေးဆွဲထုတ်လုပ်နိုင်ပြီး၊ လုပ်ငန်းအတွက် Marketing Training, PR, Coaching section တွေဆိုလည်း သပ်သပ် ကမ်းလှမ်းမှုတွေ လုပ်နိ

ုင်ပါတယ်။

နောက်ဆုံးအပိုင်း (၇) အထိ လေ့လာခဲ့လို့ ကျေးဇူးတင်ပါတယ်။
သင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကိုလည်း လာရောက်လေ့လာဖို့ လက်တို့လိုက်ပါဦး။
Orio Economics

%d bloggers like this: