ကဲ နောက်ထပ် ၁ ပိုင်းပဲ ကျန်တော့တာပါခင်ဗျ။ ပေါ့ပေါ့ပါးပါးနဲ့ ထိထိရောက်ရောက် လေ့လာရတာ ကောင်းတယ်လို့ ထင်ပါသလား။
(၁၆) Ask Your Landlord To Lower the Rent
ဒါကတော့ ကိုယ့်လုပ်ငန်းက မြေငှားထားရမယ်၊ အိမ်နဲ့ခြံဝင်းကို မြေရှင်ဆီက ငှားထားရမယ်၊ အလားတူပဲ အရောင်းဆိုင်ကို ပိုင်ရှင်ဆီက ငှားထားရမယ့်အခြေအနေမှာပြောတာပါ။ ကိုယ်က ဆိုင်ငှားကောင်း၊ အိမ်ငှားကောင်း တစ်ယောက်တော့ ဖြစ်ရပါမယ်။ ကိုယ့်လုပ်ငန်းလေးနဲ့ စည်စည်ကားကား ပတ်ဝန်းကျင်လေးကို ဖန်တီးဖို့ အချိန်ကြာကြာလည်း အလုပ်လုပ်လာပြီဆိုရင်တော့ အငှားခလေးတွေ ဈေးလျှော့ပေးဖို့ တောင်းဆိုကြည့်ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ လုပ်ငန်းက ကောင်းလာပြီဆိုရင် အငှားဈေးကိုလည်း တက်ချင်လေ့ရှိတာ သဘာဝပါ။ ဒါပေမယ့် ကိုယ်က အကျိုးသင့်အကြောင်းသင့် ရေရှည်ရပ်တည်မယ့် အကြောင်းပြောပြီး အငှားခနဲ့ အချိန်ကာလကို တွက်ချက်ပြီး လျှော့ချဖို့ ကြိုးစားကြည့်လို့ရပါတယ်။ မြေရှင်တွေကတော့ မရဘူးလို့ ပြောကြမှာပါပဲ။ ဒါပေမယ့်လည်း ရတာပေါ့၊ လုပ်ပေးရမှာပေါ့ဆိုတာလည်း ဖြစ်လာနိုင်တာကို မမေ့ပါနဲ့။
Photo: pexels
(၁၇) Be Alert For Employee Theft
လုပ်ငန်းက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဘယ်လိုပိုင်ရှင်ကမှတော့ ဝန်ထမ်းက ပစ္စည်းခိုးယူမှုတွေလုပ်မယ်လို့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် ဒီအချက်ကိုလည်း သတိတော့ ထားစေချင်ပါတယ်။ မကောင်းတဲ့ ဝန်ထမ်းအချို့ရှိနိုင်ပါတယ်။ လုပ်ငန်းငယ်တွေမှာ ဝန်ထမ်းတွေက ပစ္စည်းခိုးယူမှုတွေရှိတာ တကယ့် ပြဿနာပါ။ ဝန်ထမ်းတွေကို ကြီးကြပ်ရေးကို ဘယ်တော့မှ မပေါ့ဆမိပါစေနဲ့။
Photp: pexels
(၁၈) Layoff Unproductive Workers (အလုပ်မဖြစ်တဲ့သူတွေကို ဖြုတ်ပါ)
သင်က တခြားသာမန် လုပ်ငန်းရှင်တွေလိုပဲလား။ လုပ်ငန်းရှင် အများစုက ဝန်ထမ်းတွေကို ဖြုတ်ရမှာ ဝန်လေးပါတယ်။ ဒါဟာ အချိန်ဆွဲမှုတစ်ခုသာဖြစ်ပြီး လိုအပ်တာထပ်ကြာပြီဆိုရင်တော့ လုပ်ငန်းကို အခက်တွေ့စေမှာပါ။ သင်သတိထားရမှာက အလုပ်ဖြုတ်ရမှာဝန်လေးနေခြင်းဟာ သင့်ကို လူကောင်းတစ်ယောက်ဖြစ်မလာစေပါဘူး။ ဒါဟာ အခြေအနေတစ်ရပ်သာဖြစ်ပါတယ်။ အလုပ်လုပ်ဖို့ လစာယူထားပြီး ခိုကပ်နေသူ၊ ပျက်စီးနေတဲ့ဝန်ထမ်းတစ်ယောက်ကို အလုပ်မဖြုတ်ခြင်းက သူ့ကို ကူညီရာမရောက်ပါဘူး။ သူ့တန်ဖိုးကို သိဖို့ အလုပ်ဖြုတ်ဖို့ လိုအပ်သလို၊ အလုပ်မထွက်သေးသ၍လည်း အခြားဝန်ထမ်းများကို အကျင့်ပျက်တွေ ကူးစက်စေမှာပါ။
ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။ Orio Economics