0

ကိုယ့်လုပ်ငန်းက အငယ်စားလေးလား။ ဘယ်လို ရှင်သန်အောင် လုပ်မလဲ။ အပိုင်း (၅)

Share

အခုအပိုင်းမှာတော့ စရိတ်တွေကို ချွေတာတဲ့ နေရာရောက်လာပါပြီ။ Cost-Cutting Strategies ပါ။ ဘယ်နေရာတွေကနေ ကိုယ့်လုပ်ငန်းအတွက် ကုန်ကျစရိတ်တွေ ကာမိမလဲ ကြည့်ကြရအောင်။

(၁၃) Ask Existing Vendors for Discounts (လက်ရှိ တွဲလုပ်နေတဲ့ လုပ်ငန်းရှင်တွေဆီက လျှော့ဈေးတွေ တောင်းကြည့်ပါ)
ဒီအချက်ကလည်း အတော်များများမှာ အတွေ့အကြုံရှိမယ်လို့ထင်ပါတယ်။ ကိုယ့်ဝယ်နေကျ ကုန်ကြမ်းထုတ်လုပ်သူတွေပဲဖြစ်ဖြစ်၊ ကိုယ်ယူနေကျ ဝန်ဆောင်မှုလုပ်ငန်းကပဲဖြစ်ဖြစ် အလုပ်လုပ်တဲ့ အကြိမ်ရေများလာလေလေ သင့်မှာ ဈေးသက်သာဖို့ အခွင့်ရေးတွေ ပိုရှိလာပါတယ်။ သင့်ပြိုင်ဖက်လုပ်ငန်းက ဈေးကို သတ်မှတ်ထားတာထက် လျှော့ရောင်းနေတယ်ဆိုပါစို့။ သင်က ဒီလို ဈေးတန်းသတ်မှတ်နိုင်ဖို့ ပိုကောင်းတဲ့ လျှော့ဈေးရဖို့လိုမယ့်အကြောင်း ပြောရင်း ဈေးလျှော့ခိုင်းနိုင်ပါတယ်။

photo: pexels

(၁၄) Switch Vendors (လက်တွဲလုပ်နေတာ အဆင်မပြေရင် ချိတ်ဆက်ထားမယ့် လုပ်ငန်းရှင် ပြောင်းကြည့်ပါ)
ဈေးကွက်တွေထဲမှာ ဖြစ်နေတဲ့ ပေါက်ဈေးတွေဟာ သူ့နေရာနဲ့ သူအဆင်ပြေနေသေးလို့ ဖြစ်ပါတယ်။ ဝယ်သူရော၊ ရောင်းသူပါ အဆင်ပြေနေတဲ့ ပေါက်ဈေးကပဲ ဈေးကွက်ထဲမှာ ရှိလေ့ရှိပါတယ်။ တကယ်လို့ တစ်ဖက်ဖက်က အဆင်မပြေတော့ဘူးဆိုရင် ဈေးတက်လာတာဖြစ်ဖြစ်၊ ရုတ်တရက် ထိုးကျသွားတာပဲဖြစ်ဖြစ် သေချာပေါက်ဖြစ်မှာပါ။ ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေရဲ့ ပိုင်ရှင်တွေက ဈေးလျှော့ပေးဖို့ အဆင်မပြေဘူးဆိုရင်တော့ အခြားလုပ်ငန်းရှင်တွေနဲ့ စမ်းသပ်ချိတ်ဆက်သင့်ပါတယ်။ ရာခိုင်နှုန်း တစုံတရာတော့ အပြောင်းအလဲရှိမှာပါ။ မပြောင်းလဲတဲ့ ဈေးတန်းတွေထဲမှာတော့ အမြဲ ငြိမ်မနေပါနဲ့။
ချိတ်ဆက်လုပ်ဆောင်မယ့် လုပ်ငန်းရှင်အပြောင်းအလဲမှာ ဝန်ဆောင်မှု အပိုလေးတွေတောင် ရနိုင်ပါတယ်။ ဥပမာ အုတ်သဲကျောက် လုပ်ငန်းရှင် အသစ်နဲ့ တွဲလုပ်ကြည့်မယ်။ သူက သဲ အကျင်း ၁၀၀ တစ်ခါယူမယ်ဆိုရင် အိမ်အရောက်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်အရောက် ပို့ခ အခမဲ့ လုပ်ပေးနိုင်ပါတယ်ဆိုတာမျိုးပေါ့။

photo: pexels

(၁၅) Seek Lower Credit Card Transaction Rates (ဘဏ်ငွေချေ စနစ်)
ကျွန်တော်တို့ဆီမှာတော့ ဘဏ်က ချေးငွေကဒ် သုံးတဲ့ စနစ် သိပ်မတွင်ကျယ်သေးပါဘူး။ ဒါပေမယ့် ဆင်တူတာကတော့ ပိုက်ဆံကို ဘဏ်ထဲ အရင်ထည့်ထားရတဲ့ Debit ကဒ်ပေါ့ခင်ဗျာ။ အလွယ်ပြောရရင်တော့ ATM card တွေပေါ့။ ဘဏ်ကဒ်တွေသုံးမယ်ဆိုရင် ကဒ်သုံးခ ဖြတ်တာ သက်သာတာကိုရွေးပါလို့ ပြောချင်တာပါ။ ကဒ်သုံးခ သက်သာတဲ့ ဘဏ်၊ ATM ကဒ် စတာတွေပေါ့ခင်ဗျာ။ အင်တာနက်ကလည်း မိုဘိုင်းပေး ပေးချေစနစ်တွေလည်းသုံးနေကြပြီဆိုတော့ ငွေလွှဲခ သက်သာတဲ့ ဘဏ်ကိုသာ ရွေးချယ်ပါ။ တစ်နေ့ကို ငွေဝင်၊ ငွေလွှဲ အကြိမ် ၁၀၀ နဲ့ အထက် လုပ်လာရပြီဆိုရင် လွှဲခ သက်သာတာက တကယ်သိသာလာပါပြီ။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။ Orio Economics

%d bloggers like this: