ခုဆိုရင်တော့ အချက် (၁၀) ထိရောက်လာပါပြီ။ အရင်အပိုင်းက အချက်လေးတွေကလည်း ၁ ရက်လုပ်လိုက်၊ နောက် ၁ ရက်ကျ မလုပ်လိုက် မဖြစ်ရပါဘူး။ လစဉ်အလိုက်လုပ်ဆောင်သွားပြီး ဒါကိုတော့ တသတ်မတ်တည်းဆောင်ရွက်မှု Consistency ရှိရမှာဖြစ်ပါတယ်။ ဘယ်လိုလုပ်ကြမလည်း။ အပတ်စဉ်လား၊ လစဉ် ဂရုတစိုက် စမ်းသပ်ကြည့်မလား။
Photo: pexels
(၁၀) Work Your Contact List (ကိုယ့်မှာ အဆက်အသွယ် ဘယ်လောက်ရှိလည်း လုပ်ထားပါ။ ခု ခေတ်သုံးနေတဲ့ Connection ဆိုတာပေါ့)
ဒါကိုတော့ ကိုယ့်ရဲ့ မိတ် စာရင်း ပြုစုတယ်လို့ပဲ ခေါ်ခေါ်ရပါတယ်။ စာအုပ်ထဲမှာဖြစ်ဖြစ်၊ ဖုန်းထဲမှာဖြစ်ဖြစ်၊ ကွန်ပျူတာမှာပဲဖြစ်ဖြစ် ကိုယ့်လုပ်ငန်းလေးနဲ့ ပက်သက်တဲ့၊ သိတဲ့ ဖေါက်သည်တွေရဲ့ ဖုန်းနံပါတ်တွေ၊ အရောင်းဆိုင်အသိတွေ၊ လက်ကြီး ဝယ်ရောင်းသမားတွေ ဘယ်လောက်ရှိလဲ ပြုစုထားသင့်ပါတယ်။ တခါတလေမှာ ကိုယ့်ကိုယ့်ကိုယ် လူတွေ သိနေပြီး၊ တော်တော်များများကိုလည်း ကိုက အဆက်အသွယ်ရှိတယ်လို့ ထင်မိတတ်ကြပါတယ်။ အဲ့ဒါဆိုရင်တော့ ဟုတ်ပါပြီး။ ကိုယ့်မိတ်ဆွေစာရင်း၊ မိတ်တွေ၊ ဖေါက်သည်တွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေကို ချရေးကြည့်ပါဦး။ အဲ့ဒီ့အရေအတွက်ကို ကိုယ်ကိုယ်တိုင်က စိတ်တိုင်းမကျဘူးဆိုရင် ထပ်တိုးပွားဖို့၊ အသိတွေ များလာဖို့ ထပ်မံလုပ်ဆောင်ရမှာပေါ့။
(၁၁) Team Up With Other Vendors For Joint Sales (ဒါက အရင်အပိုင်းမှာ ပြောသွားတာနဲ့ ဆင်ပါတယ်)
ကျွန်တော်တို့ မြန်မာပြည်မှာမို့ နီးစပ်တဲ့ ဥပမာနဲ့ ပြောပြသွားပါမယ်။ သင်က မွန်/မြန်မာ ထမင်းဆိုင်ဖွင့်ထားတယ်ဆိုပါတော့။ သင်က လုပ်ငန်းချဲ့ချင်တယ်ဆိုပြီး တခါတရံ အခြား ပစ္စည်းတွေ ဆိုင်ပေါ် တင်စရာမလိုပါဘူး။ ဒါပေမယ့် အခြား မတူညီတဲ့ အရောင်းဆိုင်တစ်ခုနဲ့ စိတ်တူကိုယ်တူ သဘောတူစာချုပ်လေး လုပ်ထားလို့ပါတယ်။ ဥပမာ သင်တို့မြို့က စာအုပ်အရောင်းဆိုင်က စာအုပ်အချို့ကို သင့်ရဲ့ ထမင်းဆိုင် ကောင်တာ အသေးလေး တစ်ခုဖွင့်ပေးတာမျိုးပါ။ နေရာလည်း အများကြီးမယူဘူး။ စာအုပ်ဆိုင်အတွက်လည်း အကျိုးရှိစေမယ့် အရောင်းနေရာသေးတစ်ခု။ တခြား တစ်ဘက်မှာတော့ ကိုယ်နဲ့ တွဲလုပ်တဲ့ စာအုပ်ဆိုင်ဘက်မှာ သင့်ရဲ့ ဆိုင်ကြော်ငြာ ပိုစတာကောင်းကောင်းတွေ၊ ဗီနိုင်းတွေ (ဗိုင်နေး Vinyl – အသံထွက်အမှန်) ထောင်ထား၊ ချိတ်ထား၊ ကြော်ငြာထားတာတွေ၊ စာအုပ်ဆိုင်ကို လာဝယ်သူတွေ သင့်ဆိုင်မှာ စားပွဲဦးတာတွေ၊ Booking လုပ်တာတွေ ၂ ဖက် ညှိလုပ်လို့ရပါတယ်။ ကဲ ဒီလိုမျိုး အစီအစဉ်က မကောင်းဘူးလား။
Photo:pexels
(၁၂) Develop Multiple Revenue Streams (ရင်းနှီးငွေ ပြန်ဝင်စေမယ့်နည်း မျိုးစုံဖန်တီးကြည့်ပါ)
ဒီမှာပြောချင်တာကတော့ သင့်ရဲ့ မူလ လုပ်ငန်းကို အခြား ဝန်ဆောင်မှုလေးတွေ ချိတ်ဆက်စေတာမျိုးပါ။ ဒါကို လုပ်ငန်းကြီးတွေမှာ Corporate Level, Conglomerate စတဲ့ လုပ်ငန်းမျိုးစုံဘက်ကို သွားတယ်လို့ပြောပါတယ်။ ဒီတစ်ခုကိုတော့ မမေ့စေချင်ပါဘူး။ လုပ်ငန်းမျိုးစုံလုပ်တဲ့ လုပ်ငန်းကြီးတွေဟာ တကယ့်သေးသေးလေးတွေက စလာခဲ့တာပါပဲ။
ဥပမာလေး ဘက်ကြည့်ရအောင်။ သင်က လျှပ်စစ်ပစ္စည်းတွေရောင်းတယ် ဆိုပါစို့။ မူလ လုပ်ငန်း၊ မူလဝင်ငွေဟာ လျှပ်စစ်ပစ္စည်းတွေ ရောင်းမှ ရမှာပါ။ နောက် လုပ်ငန်း ၁ ခု တွဲဘက်ကြည့်ရအောင်။ အဲ့ဒါက အိမ်အရောက် ပစ္စည်းပို့ပေးတာဆိုပါတော့။ ဒါကို Home Delivery လို့ခေါ်ပါတယ်။ သင်က မီးသီး အလုံး ၁၀၀ ရောင်းရမယ်။ တန်ဖိုးက ၂ သိန်း ဆိုပါစို့။ အဲ့ဒါကို သင်က အိမ်အရောက်ပို့ခ ၂၀၀၀ ကျပ် တောင်းမယ်ဆိုရင် ဒါဟာ သယ်ယူပို့ဆောင်ရေးက ဝင်ငွေ တစ်ခု တိုးလာတာလို့ခေါ်ပါတယ်။
ကဲ နောက်ထပ်များ မီးသီးတွေကို အိမ်တိုင်ရာရောက်တပ်ဆင်ပေးပါမယ်ဆိုပြီး ထပ်ချဲ့လိုက်မယ်ဆိုရင် အိမ်မှာ မီးလိုက်ဆင်ပေးတဲ့ ဝန်ဆောင်ခပါ ထပ်ရမှာပါ။ ဟော အခုတော့ သင့်လုပ်ငန်းက ၁ ခုတည်းမဟုတ်တော့ပါဘူး။ အနည်းဆုံး ၃ ခုရှိလာပါပြီ။ ဝင်ငွေရမယ့်လမ်းလည်း ၃ ခု ဖြစ်ပါပြီ။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Orio Economics
source: knowbusiness