Starbucks သည် ကိုရိုးနားဗိုင်းရပ်ကပ်ရောဂါကာလအတွင်း လူများ၏ နေထိုင်မှုပုံစံပြောင်းလဲလာခြင်းကြောင့် မြောက်အမေရိကားရှိ ကော်ဖီဆိုင်အချို့ကိုပိတ်ပြီး ကုမ္ပဏီ၏နည်းဗျူဟာအသစ်ဖြစ်သည့် pick-up only စနစ်သို့ပြောင်းလဲမည်ဖြစ်သည်။
အမေရိကားနှင့်ကနေဒါရှိ အချို့ဆိုင်ခွဲပေါင်း ၄၀၀ ကိုလာမည့် ၁၈ လအတွင်းမှာပိတ်ပြီး၊ တချိန်တည်းမှာပင် ပါဆယ်ဝယ်ယူနိုင်မည့် pick-up only နေရာအများအပြားကို တိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည်။
ကုမ္ပဏီ၏ SEC (Security and Exchange Commission) ထုတ်ပြန်ချက်တွင် မြောက်အမေရိကား၌ Pick-up ဦးစားပေးနေရာပေါင်း ၃၀၀ ကိုတိုးချဲ့ရန်ရှိသည်ဟု ပါရှိသည်။
ထိုကဲ့သို့လုပ်ငန်းပုံစံပြောင်းလဲခြင်းတွင် ဆိုင်ခွဲ ၄၀၀ ပိတ်သိမ်းစဉ်တပြိုင်နက် ပိုမိုဆန်းသစ်သောဒီဇိုင်းနှင့်အတူ မတူညီသော ဆိုင်အနေအထားပုံစံသစ်များကို မတူညီသည့်နေရာဒေသများတွင် ဖွင့်လှစ်သွားမည်ဟု ကြေညာထားသည်။
Strategy အသစ်သည် customers experiences အသစ်ပေးရန်၊ ပုံစံသစ်လက်လီအရောင်းဆိုင်များ တိုးချဲ့ရန်နှင့် ကုမ္ပဏီအတွက် အနာဂတ်အမြတ်ဝင်ငွေ ရရှိရေးအတွက် သေချာရေးဆွဲထားသော ကုမ္ပဏီ၏ နည်းဗျူဟာအသစ်ဖြစ်သည် ဟုဆိုသည်။
မြို့ကြီးများမှ customers များသည် Covid-19 ကြောင့် ပါဆယ်မှာယူသည့်အလေ့အထသို့ ပြောင်းလဲခဲ့သည့်အတွက် ကုမ္ပဏီမှ ကော်ဖီရောင်းချသည့်ပုံစံအား ပြန်လည်လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အမေရိကန်ဆိုင်ခွဲပေါင်း ၁၅၀၀၀ တွင် ဆိုင်မထိုင်ပဲပါဆယ်ဝယ်ယူသည့် “on-the-go” စနစ်သည် စုစုပေါင်း transactions ၏ ၈၀% ရှိခဲ့သည် ဟုဆိုသည်။
“မြို့ကြီးတွေမှာရှိတဲ့ ဝယ်ယူစားသုံးတဲ့ပုံစံဟာ နောင်အနာဂတ်မှာ ဘယ်လိုဖြစ်မလဲဆိုတာကို ကျွန်တော်တို့လေ့လာနေပါတယ်” ဟု Starbucks ၏ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။
“တကယ်က Covid-19 ဟာ စာအုပ်ထဲမှာ အရင်ထဲကရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့အစီအစဉ်ကို တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်ပေးလိုက်တာပါပဲ” ဟု ဆိုသည်။
Starbucks ၏ “pick-up only” ဆိုင်သစ်များသည် လူစုလူဝေးရှိခြင်းကို ကန့်သတ်ထားသောကြောင့် “on-the-go” customers များကို ပိုမိုကောင်းမွန်သောဝန်ဆောင်မှု ပေးနိုင်မည်ဟု ဆိုသည်။
“Starbucks ရဲ့ Vision က အမေရိကန်မြို့ပြကြီးတွေမှာ သမားရိုးကျကော်ဖီဆိုင်ရော pick-up ဆိုင်တွေပါ အတူပေါင်းစည်းထားတဲ့နေရာတွေ ပေါ်ထွက်လာဖို့ဖြစ်ပါတယ်” ဟု ကုမ္ပဏီက ဆိုသည်။
Staubucks ၏ပြီးခဲ့သည့် တတိယသုံးလပတ်ဝင်ငွေသည် ဒေါ်လာ ၃.၂ ဘီလျံ လျော့နည်းခဲ့သည်။ မတ်လတွင် ဆိုင်များပိတ်ခဲ့ပြီးနောက် ဆိုင်ခွဲ ၉၅% ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့မနက်က ရင်းနှီးမြှုပ်နှံသူများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ကုမ္ပဏီ၏ဆိုင်ရောင်းအားသည် ၂၀၁၉ ခုနှစ် မေလရောင်းအားနှင့်ယှဉ်ကြည့်လျှင် ယခုနှစ် မေလတွင် ၄၃% ကျဆင်းခဲ့ပြီး ဧပြီလ တွင် ရောင်းအားအဆိုးဆုံးဖြစ်ခဲ့သည်။
သို့သော် Starbucks ၏ ရောင်းအားသည် အတော်အတင့်တိုးတက်လျက်ရှိသည်ဟု ဆိုရမည်။ ၂၀၁၉ မေလနောက်ဆုံးပတ်၏ ဆိုင်ရောင်းအားနှင့် ယှဉ်ကြည့်လျှင် ယခုနှစ် မေလနောက်ဆုံးပတ်သည် ၃၂% ကျဆင်းခဲ့သည်။ “ဒါဟာ ဧပြီလလယ်ကစပြီး အပတ်စဉ် အနှုတ် ၆၅% ထိကျဆင်းခဲ့ရာမှ ၆လပတ် ဆက်တိုက် ပြန်လည် တိုးတက်လာတာ ဖြစ်ပါတယ်” ဟု ကုမ္ပဏီက ဆိုသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC News
Photo: Observer